ကိုရီးယားကျွန်းဆွယ်က အသံလှိုင်းစစ်ပွဲကြား ညပ်နေသူများ

ဗီဒီယို ပုံစာ, အသံလှိုင်းနဲ့ စစ်ကစားနေတဲ့ ကြားမှာ နေရတဲ့ တောင်နဲ့မြောက်ကိုရီးယား နှစ်နိုင်ငံက ပြည်သူများ
ကိုရီးယားကျွန်းဆွယ်က အသံလှိုင်းစစ်ပွဲကြား ညပ်နေသူများ

ကိုရီးယား ကျွန်းဆွယ်မှာ တင်းမာမှုတွေ ပြန်မြင့်တက်လာတာနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတွေလည်း ပြန်လည် စတင်လာခဲ့ပါတယ်။ DMZ လို့ အတိုခေါ်ကြတဲ့ စစ်မဲ့ဇုန်ရဲ့ ဟိုဘက်ဒီဘက် အပြန်အလှန် လေလှိုင်းတွေနဲ့ အပြိုင်အဆိုင် ထုတ်လွှင့် တိုက်ခိုက်ကြပါတယ်။ တောင်မြောက် နှစ်ဖက်အကြား အသံလှိုင်းစစ်ပွဲအတွင်း ကြားညပ်နေတဲ့ တောင်ဘက်မှာ နေထိုင်ကြသူတွေမှာ အိပ်ရေးပျက်၊ ဆေးပဲ အားကိုးနေရတာကြောင့် တစစနဲ့ စိတ်ကျန်းမာရေးပါ ချို့ယွင်းလာနေတယ်လို့ ဆိုပါတယ်။ ကိုကျော်ဇေယျက ပြောပြမှာပါ။