ကချင်ပြည်နယ်က တစ်ရှူးငှက်ပျော

ငှက်ပျောမွှေးအမျိုးအစား အမျိုးမျိုးကို ကချင်ပြည်နယ်မှာ ဘိန်းစားထိုးသီးနှံအဖြစ် စတင်မိတ်ဆက် စိုက်ပျိုး

ဓာတ်ပုံ ရင်းမြစ်, Hkun li

ဓာတ်ပုံ ပုံစာ, ငှက်ပျောမွှေးအမျိုးအစား အမျိုးမျိုးကို ကချင်ပြည်နယ်မှာ ဘိန်းစားထိုးသီးနှံအဖြစ် စတင်မိတ်ဆက် စိုက်ပျိုး

၂၀၁၆ ခုနှစ်ကစပြီး ဘိန်းအစားထိုးသီးနှံအဖြစ် တစ်ရှူးစမွေးမြူမှုလုပ်ပြီး စိုက်ပျိုးတဲ့ ငှက်ပျောမွှေးအမျိုးအစား အမျိုးမျိုးကို ကချင်ပြည်နယ်မှာ ဘိန်းစားထိုးသီးနှံအဖြစ် စတင်မိတ်ဆက် စိုက်ပျိုးခဲ့ပါတယ်။

၂၀၁၁ခုနှစ် ဇွန်လမှာတော့ အစိုးရစစ်တပ်နဲ့ KIA တို့ကြား တကျော့ပြန် စစ်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းက စစ်ဘေးရှောင် ဒုက္ခသည်တွေဟာ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရပါတယ်။

တစ်ရှူးငှက်ပျောစိုက်ခင်း

ဓာတ်ပုံ ရင်းမြစ်, Hkun li

ဓာတ်ပုံ ပုံစာ, တစ်ရှူးငှက်ပျောစိုက်ခင်း

ကာလကြာရှည်စစ်ပွဲတွေကြောင့် စစ်ရှောင်ဒုက္ခသည်တွေဟာ အိမ်ပြန်ဖို့ အလှမ်းဝေးနေဆဲ ဖြစ်သလို တရုတ်နိုင်ငံက ကုမ္ပဏီတွေက ငှက်ပျောစိုက်ခင်းများမှာ ရင်းနှီးမြှုပ်နှံလာတဲ့အခါ ကျန်ရစ်ခဲ့တဲ့ မိမိတို့အိုးအိမ် လယ်မြေတွေကို ဆုံးရှုံးမှာ စိုးရိမ်ပူပန်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အခုနောက်ပိုင်းမှာတော့ ငှက်ပျောစိုက်ခင်းတွေ ဆက်တိုက် ချဲ့ထွင်

ဓာတ်ပုံ ရင်းမြစ်, Hkun li

ဓာတ်ပုံ ပုံစာ, အခုနောက်ပိုင်းမှာတော့ ငှက်ပျောစိုက်ခင်းတွေ ဆက်တိုက် ချဲ့ထွင်

အခုနောက်ပိုင်းမှာတော့ တရုတ်တစ်ရှူးငှက်ပျောစိုက်ခင်းတွေ ဆက်တိုက်ချဲ့ထွင်မှုဟာ အစိုးရထိန်းချုပ်မှု နယ်မြေမှာသာမက ပြည်သူ့စစ်တွေ ထိန်းချုပ်ရာ နယ်မြေနဲ့ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ KIA ထိန်းချုပ်ရာနယ်မြေတွေအထိ ပြန်နှံ့လာခဲ့ပါတယ်။

ကချင်ပြည်နယ်မှာ အစိုးရအဖွဲ့ရဲ့ ၂၀၁၇ ခုနှစ် မေလက ကောက်ယူထားတဲ့စာရင်းအရ တရုတ်တစ်ရှူးငှက်ပျော စိုက်ခင်းဧက ၄ သောင်းကျော် ရှိတယ်လို့ သိရပါတယ်။

တစ်ရှူးငှက်ပျောတင်တဲ့ကား

ဓာတ်ပုံ ရင်းမြစ်, Hkun li

ဓာတ်ပုံ ပုံစာ, တစ်ရှူးငှက်ပျောတင်တဲ့ကား

ဒီတစ်ရှူးငှက်ပျောကို ဧရာဝတီမြစ် အရှေ့ဘက်ခြမ်း ဝိုင်းမော်မြို့မှ ချီဖွေမြို့အထိ လည်းကောင်း၊ ဝိုင်းမော်မြို့ တောင်ဘက်ခြမ်းမှ တာလောကြီးဒေသအထိ လည်းကောင်း၊ မန်စီ၊ မိုးမောက်၊ ရွှေကူမြို့နယ်များ အထိလည်းကောင်း ကျေးရွာမြေတွေ အပိုင်ဝယ်ယူပြီး ချဲ့ထွင် နေကြပါတယ်။

ဒီငှက်ပျောစိုက်ခင်းတွေကြောင့် ကျေးရွာတွေက စားကျက်မြေတွေ ပျောက်ဆုံးခဲ့သလို၊ တနိုင်တပိုင် ထင်းခွေနိုင်တဲ့ သစ်တောတွေပါ ပျောက်ဆုံးသွားတဲ့အပြင် ကျေးရွာအတွင်း မြေလုတဲ့ ပြသနာတွေကို ဒေသခံများက ကြုံတွေ့နေရပါတယ်။

တစ်ရှူးငှက်ပျောစိုက်ခင်း

ဓာတ်ပုံ ရင်းမြစ်, Hkun li

ဓာတ်ပုံ ပုံစာ, တစ်ရှူးငှက်ပျောစိုက်ခင်း