၂ဝ၁၁ ဒီဇင်ဘာ (၂၈)၊ ပြုံယမ်းအတွက် ခါးသီးအေးစက်တဲ့နေ့။
လင်ကွန်း ကွန်တီနင်တယ် ကားနက်ကြီး ဖြည်းဖြည်းချင်း ဖြတ်သွားတဲ့ လမ်းတလျှောက် နှင်းတွေက ထူထူထဲထဲ ကျနေပါတယ်။ ဂန္ဓမာပန်းဖြူတွေ အုပ်ထားတဲ့ ကားထဲမှာတော့ မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်ဂျုံအီးရဲ့ ခေါင်းကို သယ်လာပါတယ်။
အမည်းရောင်ဝတ်ထားတဲ့ လူအုပ်ကြီးက လမ်းဘေးမှာ တန်းစီ နေပါတယ်။ ရင်ထုပြီး အဖေ၊ အဖေလို့ ဟစ်ငိုနေတဲ့ လူတွေကို စစ်သားတွေက ဆွဲထိန်းနေရပါတယ်။
ကားဘေးမှာ အာဏာရှင်ကြီးရဲ့သားနဲ့ ဆက်ခံသူ ကင်ဂျုံအွန်းက လမ်းလျှောက် လိုက်လာပါတယ်။ (၂၇) နှစ်သာ ရှိသေးတဲ့ ခေါင်းဆောင်သစ်က စိတ်တင်းကျပ် နေပုံရပါတယ်။ အခမ်းအနားတလျှောက်လုံးလည်း သူ မျက်ရည်တွေ တွေတွေ ကျဆင်းနေပါတယ်။
သူ့နောက်က ကပ်လိုက်လာတာက သူ့ဦးလေး ဂျန်ဆွန်တိတ်ပါ။ သူ့ကို မြောက်ကိုရီးယားမှာ ဒုတိယ အာဏာအရှိဆုံးလို့ ဆိုကြပါတယ်။ တခြားဘက်မှာတော့ စစ်ဦးစီးချုပ် ရီယောင်ဟိုနဲ့ ကာကွယ်ရေးဝန်ကြီး ကင်ယောင်ဂျန်တို့ ပါပါတယ်။
ဒီလူကြီးတွေက မြောက်ကိုရီးယားမှာ အာဏာကို ဆက်ကိုင်ထားမယ်လို့ ထင်ခဲ့ကြပါတယ်။
၁၉၅ဝ ကျော်က ကင်ဂျုံအွန်းရဲ့ အဘိုး ကင်အီဆွန်း လက်ထက် မြောက်ကိုရီးယားမှာ မျိုးရိုးနဲ့ ဆက်ခံအုပ်ချုပ်တဲ့ စနစ်ကို တီထွင်ခဲ့ပါတယ်။ တခြား ကွန်မြူနစ် နိုင်ငံတွေမှာ ဒါမျိုး မရှိပါဘူး။
နှစ်ပေါင်း (၂ဝ) လောက် ကင်အီဆွန်းက သူ့သားကို သူ့နေရာ ဆက်ခံ နိုင်အောင် ပြင်ဆင်ပေးခဲ့ပါတယ်။သူဘယ်သွားသွား အိမ်ရှေ့မင်းသားက အမြဲပါရပါတယ်။ ၁၉၉၄ မှာ သူသေတော့ ကင်ဂျုံအီးက သူ့နေရာကို ချက်ချင်း ဆက်ခံခဲ့ပါတယ်။ ဒါပေမဲ့ ၂ဝ၁၁ မှာ သူ ရုတ်တရက်သေဆုံးသွားတော့ သူ့သားလုပ်သူက တတိယခေါင်းဆောင်ကြီး ဖြစ်လာဖို့ စသင်နေတုန်း ရှိပါသေးတယ်။ ဒီမိသားစုမင်းဆက်စနစ် ပျက်တော့မယ်လို့ အများက ထင်နေကြတုန်းမှာပဲ ဒီအထင်တွေ တက်တက်စင်လွဲခဲ့ပါတယ်။
လပိုင်းအတွင်း ကာကွယ်ရေး ဦးစီးချုပ်ရော၊ ကာကွယ်ရေး ဝန်ကြီးရော ရာထူးက အထုတ်ခံရပါတယ်။ အဲဒီကာချုပ် ဘယ်ရောက်သွားသလဲ ခုထိ မသိရပါဘူး။
၂ဝ၁၃ ဒီဇင်ဘာမှာ ကင်ဂျုံအွန်းက သူ့ဦးလေးကို ပါတီ အစည်းအဝေးက ဆွဲထုတ်ခိုင်းပြီး သစ္စာဖောက်မှုနဲ့ သေဒဏ်ပေး ခဲ့ပါတယ်။ လေယာဉ်ပစ် အမြောက်ထဲ ထည့်ဖောက်ပစ်တယ် လို့တောင် ဆိုကြပါတယ်။
၂ဝ၁၂ က ၂ဝ၁၆ ကြား သူ့အမိန့်နဲ့ ထိပ်တန်း စစ်နဲ့ အရပ်ဘက်အရာရှိ ၁၄ဝ ကို ကွပ်မျက်ခဲ့တယ်လို့ တောင်ကိုရီးယား လုံခြုံရေး ဗျူဟာဌာနက ထုတ်ပြန်ပါတယ်။ နောက်ထပ် လူ ၂ဝဝ လည်း ရာထူးက ဖယ်ရှားပြီး အကျဉ်းချခံရပါတယ်။
သူ့ကို အာခံမယ့်သူတွေကို ဖယ်ရှားပြီး နာခံတဲ့ လူငယ်တွေနဲ့ အစားထိုးခဲ့ပါတယ်။ ဒီလူငယ်တွေကို ခေါင်းဆောင်တာက သူ့နှမ ကင်ယော့ဂျွန်းပါ။ ပေါ်လစ်ဗျူရိုကို အသက် (၃ဝ) နဲ့ ရောက်လာသူ ဖြစ်ပါတယ်။
အခု မြောက်ကိုရီးယားမှာ ကင်ဂျုံအွန်းက ခေါင်းဆောင်ကြီးဆိုတာ လူတိုင်းက သိနေကြပါပြီ။
၂ဝ၁၈ ဧပြီနေ့လယ်တခုမှာ ကင်ဂျုံအွန်းဟာ တောင်မြောက် နှစ်နိုင်ငံ
နယ်ခြား စစ်မဲ့ဇုန် တောအုပ်ကလေးထဲက သစ်သားတံတားပေါ်မှာ
ထိုင်နေပါတယ်။
ပြုံယမ်းက အေးစက်ခါးသီးတဲ့ ရက်တွေအလွန် (၆) နှစ်အကြာမှာပါ။
ကင်က လက်ဖက်ရည်သောက်ရင်း တောင်ကိုရီးယား သမ္မတ
မွန်ဂျေအင်း ပြောတာကို နားထောင်နေပါတယ်။ ဒီအစည်းအဝေးကို
တကမ္ဘာလုံးကို တိုက်ရိုက်လွှင့်ပြနေပေမယ့် သူတို့ ဘာပြောတယ် ဆိုတာကို ကြည့်သူတွေ မကြားရပါဘူး။

တနာရီခွဲကြာအောင် ဘာပြောမှန်းမသိတဲ့ ဆွေးနွေးပွဲကို ကြည့်ရင်း
သူတို့အမူအရာကို တကမ္ဘာလုံးက မှန်းကြည့်နေရပါတယ်။
အဲဒီလပိုင်းကပဲ ကင်က ဂျပန်ကို ကျော်၊ ဒုံးကျည်တွေ စမ်းပစ်ပြီး
တောင်ကိုရီးယားနဲ့ အမေရိကန်ကို ခြိမ်းခြောက် ခဲ့ပါတယ်။
အခုတော့ သူ့ရန်သူနဲ့ ထိုင်ပြီး ပြုံးပြုံးကလေး ဆွေးနွေးနေပါပြီ။
ကင်ဟာ သူ့ဦးလေးကို သတ်ဖို့စီစဉ်တဲ့သူလို့ ဒီပုံကို ကြည့်ပြီး ဘယ်သူက ယုံနိုင်မှာလဲ။
ကင်ဘာလိုချင်သလဲ၊ အတုအယောင် ချစ်ကြည်ရေး ခံစစ်လား။
ကင်ဂျုံအွန်းက သူ့အဘိုး၊ သူ့အဖေတွေနဲ့ မတူတဲ့ လမ်းကို ဖောက်ဖို့
ဆုံးဖြတ်လိုက်ပြီလား။ မေးစရာတွေ အများကြီးပါ။

၁၉၉၂ ခုနှစ် ပြုံယမ်းမှာ (၈) နှစ်သား ကလေး တယောက်အတွက် လုပ်တဲ့ မွေးနေ့ပွဲမှာ ထူးခြားတဲ့ လက်ဆောင်တခု ပါပါတယ်။ စစ်ဗိုလ်ချုပ်ဝတ်စုံက ကစားစရာမဟုတ်ဘဲ မြောက်ကိုရီးယား ပြည်သူ့တပ်မတော်က ဗိုလ်ချုပ်ကြီးတယောက်ရဲ့ ဝတ်စုံမျိုး အသေးစား ချုပ်ထားတာပါ။
သူဟာ သာမန်လို ကြီးပြင်းလာလို့
မရတဲ့ ကလေးပါ”
တခြားဗိုလ်ချုပ်ကြီးတွေက ဒီ (၈) နှစ်သားကို လာပြီး အလေးပြုရပါတယ်။ ဒီကလေးက ကင်ဂျုံအွန်းပါပဲ။
ဒီ (၈)နှစ်သားကလေး ဘယ်လို ဗိုလ်ချုပ်ကြီး ဖြစ်လာတယ် ဆိုတာပြန်ပြောသူက သူ့အဒေါ်ပါ။ ဝါရှင်တန်ပို့စ် သတင်းစာနဲ့ ၂ဝ၁၆ က မေးမြန်းခန်းမှာ အဒေါ်ဖြစ်သူ ဂိုယောင်ဆွတ်က ပြောခဲ့တာပါ။ သူတို့ လင်မယား လွန်ခဲ့တဲ့ အနှစ် (၂ဝ) ကျော်က နိုင်ငံက ထွက်ပြေးလာပြီး နယူးယော့နားမှာ ခိုလှုံနေကြပါတယ်။
ကင်ဂျုံအွန်းဟာ ကင်ဂျုံအီးကို ဆက်ခံမယ့်သူဆိုတာကို အဲဒီမွေးနေ့ပွဲ ကတည်းက သိလိုက်တယ်လို့ ဂိုက ပြောပါတယ်။
သူ့ဘေးနားက လူတွေက သူ့ကို အဲဒီလိုဆက်ဆံနေတော့ သာမန်ကလေး တယောက်လို သူဘယ်လို ကြီးပြင်း လာနိုင်တော့မှာလဲ လို့လည်း သူ့အဒေါ်က ဆိုပါတယ်။
နောက်နှစ်ပိုင်းအတွင်းမှာပဲ ကင်ဂျုံအွန်းကို ဆွစ်ဇာလန်မှာ
ကျောင်းထားတော့ ဂိုယောင်ဆွတ် လိုက်သွားရပါတယ်။
ကလေးဘဝကတည်းက ကင်ဟာ စိတ်တိုတတ်တယ်၊ မောက်မာတယ်လို့ ဂိုကပြောပါတယ်။
“သူက ဒုက္ခ မပေးပေမယ့် စိတ်တိုပြီး သည်းခံမှုတော့ မရှိဘူး။
သူ့အမေက သူကစားမက်ပြီး စာမကျက်ဘူး ပြောလိုက်ရင် သူက ဘာမှ
ပြန်မပြောပေမယ့် အစာငတ်ခံတဲ့နည်းမျိုးနဲ့ ဆန္ဒပြတတ်တယ်”

ဒီလို ဖြစ်ရပ်ကလေးတွေလောက်ကပဲ ကင်ဂျုံအွန်းရဲ့ ကလေးဘဝကို သိရပါတယ်။ သူဘယ်လိုလူမျိုးလဲ၊ ဘာကြောင့် သူ့အစ်ကို ကင်ဂျုံချိုးနဲ့
အဖေတူ အမေကွဲညီအစ်ကို ကင်ဂျုံနမ်းကို ကျော်ပြီး သူ့အဖေနေရာကို
ဆက်ခံဖို့ အရွေးခံရသလဲ ဆိုတာတွေ မသိရသေးပါဘူး။
ကင်ဂျုံအွန်း အာဏာရလာမယ် ဆိုတာ ပထမဆုံး ခန့်မှန်းသူကတော့ကန်ဂျီ ဖူဂျီမိုတိုလို့ ခေါ်တဲ့ ဂျပန်စားဖိုမှူးပါ။
၁၉၉ဝ ကျော်မှာ ဖူဂျီမိုတို ကင်မိသားစု အတွင်းစည်းထဲ ရောက်လာခဲ့ပါတယ်။ ကင်ဂျုံအီးအတွက် ဂျပန်စာချက်ပေးရပြီး ကင်ဂျုံအွန်းနဲ့ ကစားဖက် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
၂ဝဝ၁ မှာ ဖူဂျီမိုတို ဂျပန်ပြန်ပြီး စာအုပ်ရေးပါတယ်။ အဲဒီစာအုပ်မှာ ကင်ဂျုံအွန်း၊ ကင်ဂျုံချိုးတို့ ညီအစ်ကိုနဲ့ စပြီး တွေ့တဲ့အကြောင်း ပါပါတယ်။
“မင်းသားနှစ်ပါးနဲ့ စတွေ့ချိန်မှာ သူတို့က စစ်ဝတ်စုံတွေနဲ့ပါ။ ဝန်ထမ်းတယောက်ချင်းစီကို သူတို့က လက်ဆွဲနှုတ်ဆက်ပါတယ်။ ဒါပေမဲ့ ကျွန်တော့လက်ကို ကိုင်ချိန်မှာတော့ ကင်ဂျုံအွန်းက အေးစက်စက် ကြည့်ပါတယ်။ ‘ခင်ဗျားလို ဂျပန်တွေကို မုန်းတယ်’ လို့ သူပြောချင်ပုံရတယ်။ ဒီအကြည့်ကို ဘယ်တော့မှ မမေ့ဘူး။ အဲဒီတုန်းက သူ ၇ နှစ်ပဲ ရှိပါတယ်။”
၂ဝဝ၃ က ဖူဂျီမိုတို ရေးတဲ့ ဒုတိယ စာအုပ်ကပါ။
“ကင်ဂျုံချိုးက ဆက်ခံသူဖြစ်လိမ့်မယ်လို့ ထင်ခဲ့ကြတယ်။ ကျွန်တော်က မယုံခဲ့ဘူး။ ‘ဂျုံချိုးက မတော်ဘူး၊ မိန်းကလေးလိုပဲ’လို့ ကင်ဂျုံအီး ပြောလေ့ ရှိတယ်။ သူသဘောကျတာက အငယ်ဆုံးသား၊ ဂျုံအွန်းက သူ့အဖေနဲ့ တအားတူတယ်။ ဒါပေမဲ့ သူ့အကြောင်း လူကြားထဲမှာ ဘာမှထုတ်မပြခဲ့ဘူး။”
အဲဒီအချိန်က အပြင်ကလူတွေ မပြောနဲ့၊ မြောက်ကိုရီးယားက လူတွေတောင် ကင်ဂျုံအွန်းအကြောင်း မသိကြပါဘူး။ သူ့ကလေးဘဝ အကြောင်း က တကယ့်လျှို့ဝှက်ချက်ပါ။
မြောက်ကိုရီးယားရဲ့ ထိပ်တန်း သက်တော်စောင့်တပ်ကို ဝင်တော့ ချွိုင်မင်းဂျွန် (၁၄) နှစ်ပဲ ရှိပါတယ်။ အခု သူ တောင်ကိုရီးယား ထွက်ပြေးပြီး နာမည်တမျိုးနဲ့ နေပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင်မိသားစုကို စောင့်ရှောက်ရတဲ့ တပ်ကို မကြာခင်က ခဏတွေ့လိုက်ရပါတယ်။ ဧပြီလတုန်းက တောင်ကိုရီးယား သမ္မတနဲ့ ထိပ်သီးဆွေးနွေးပွဲ တက်လာတဲ့ ကင်ဂျုံအွန်းကို အရပ်ရှည်ရှည်နဲ့ ဝတ်စုံဝတ်ထားတဲ့ သက်တော်စောင့်တွေက မာစီးဒီးကားဘေးက ဝိုင်းလိုက်ကြပါတယ်။ ဒီလူတွေက ထိပ်တန်းသက်တော်စောင့်တပ်က ထိပ်သီးတွေပါ။
ချွိုင်မင်းဂျွန်ကတော့ ဒီအတွင်းစည်းထဲ ဝင်ခွင့်မရပါဘူး။ သူက အရပ်သိပ်မရှည်တဲ့အပြင် သူ့မိသားစု နောက်ခံကြောင့်လည်း ပါပါတယ်။
“ကျွန်တော်က ထိပ်ဆုံးအဆင့်မှာ မွေးလာတာ မဟုတ်ဘူး” လို့ ချွိုင်က ပြောတယ်။ “ဒါကြောင့် ခေါင်းဆောင်ကြီးအတွက် သက်တော်စောင့် အဖွဲ့မှာ ဝင်လို့မရဘူး။ ဒါကြောင့် တိုက်ခိုက်ရေး အဖွဲ့ကို ရောက်သွားတာ။ ”
ဆိုရှယ်လစ် နိုင်ငံဖြစ်တဲ့ မြောက်ကိုရီးယားမှာ လူတွေကို မွေးကတည်းက ခွဲထားတဲ့ လူတန်းစားစနစ် တရပ်ရှိပါတယ်။ ဆောင်ဘန်းစနစ်အကြောင်းကို NKNews ဝက်ဆိုက်က ခုလို ရှင်းပြပါတယ်။
“ ဂျပန်ခေတ်နဲ့ ကိုရီးယားစစ် အတွင်းက သူတို့မိဘအဆက်အနွယ်တွေ ဘာလုပ်ခဲ့သလဲ ဆိုတာကို မူတည်ပြီး လူတွေကို အုပ်စုတွေ ခွဲပါတယ်။ အဲဒီကနေပြီး လူတယောက်ကို မြို့တော်မှာ နေခွင့်ပေးမလား၊ ဘာအလုပ်လုပ်ရမလဲ၊ ဘယ်လိုပညာရေး ရမလဲ ဆိုတာတွေကို ဆောင်ဘန်းက ဆုံးဖြတ်ပါတယ်။ ”
ဆောင်ဘန်း အဆင့်အတန်းက ပြောင်းလို့မရပါဘူး။ အဘိုးက ဂျပန်ကို တိုက်ခဲ့ရင် ကိုယ့်ကို လူယုံလို့ သတ်မှတ်ခံရပါမယ်။ သူကဂျပန်နဲ့ ပေါင်းခဲ့ရင်တော့ ကိုယ့်ကို ရန်သူစာရင်း အမြဲသွင်းခံရမှာပါ။
ချွိုင်မိသားစုက လယ်သမား တွေပါ။ ဂျပန်အောက်မှာ အမှုမထမ်းခဲ့သလို ဂျပန်ကိုလည်း မဆန့်ကျင်ခဲ့ပါဘူး။ ဒါကြောင့် ချွိုင်ကို တိုက်ခိုက်ရေးတပ်ကို ပို့ပါတယ်။ သူ့သစ္စာခံမှုကတော့ သူ့နဂိုအဆင့်အတန်းနဲ့ မဆိုင်ဘဲ
ရှိပါတယ်။
“မြောက်ကိုရီးယားမှာ လူတွေကို ငယ်ကတည်းက ဦးနှောက်
ဆေးပစ်တယ် ” လို့ သူကဆိုတယ်။ “ကင်မိသားစုကို နတ်တွေလို့ သင်ထားတယ်၊ ကျွန်တော်လည်း ဒီအတိုင်းပဲ ယုံလိုက်တယ်။”
“ကင်အီဆွန်းရဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာ ဒီနှစ် ကျောက်မီးသွေး ပိုထွက်
ရမယ်ဆိုရင် ‘ကျွန်တော် မိုင်းတွင်းကို သွားမယ်’ လို့ ပြောမိတယ်။
အဲဒီတုန်းက ကင်မိသားစုကို ဘယ်လောက် သစ္စာရှိခဲ့သလဲ၊ အခဲ့သလဲ ဆိုတာပါ။”
ဒီထိပ်တန်းသက်တော်စောင့်တပ်က ကင်တွေကို ပြည်ပရန်က မဟုတ်ဘဲ သူတို့ နိုင်ငံသားတွေဆီက ကာကွယ်ပေးဖို့ ဆိုတာ ချွိုင်မကြာခင်မှာ
သိလာပါတယ်။
“ကင်မိသားစုအတွက် အားလုံးက ရန်သူ ဖြစ်လာနိုင်တယ်” လို့ သူ
ကျွန်တော့်ကို ပြောတယ်။ “ ကင်မိသားစုအတွက် အားလုံးက ရန်သူ ဖြစ်လာနိုင်ပါတယ်။ မြောက်ကိုရီးယား စစ်တပ်၊ စစ်ဦးစီးချုပ်ရုံး၊ ကာကွယ်ရေး ဝန်ကြီးရုံး ၊ တနိုင်ငံလုံးက လူတွေ အားလုံးတောင် ရန်သူ ဖြစ်သွားနိုင်ပါတယ်။”
ချွိုင့်ကို ဘယ်သူမှ မယုံဖို့၊ မိဘအရင်းတောင် မယုံဖို့ သင်ပေးထားတာပါ။
ကင်မိသားစုရဲ့ အကြောက်တရားက ကြီးတော့ သူတို့ကို စောင့်ရှောက်ဖို့ တပ်ကလည်း ပိုကြီးလာပါတယ်။
“အရှေ့အုပ်စုနဲ့ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားတော့
ကင်မိသားစုတွေ သွေးပျက်သွားတယ်” လို့ သူကဆိုတယ်။ “အဲဒီမှာ သူတို့ရဲ့ သက်တော်စောင့်တပ်ကို မတရားချဲ့ပစ်လိုက်တာ၊ အခုဆို စစ်သား တသိန်းနှစ်သောင်းလောက် ရှိနေပြီ။”
အလယ်ခေတ်က ဘုရင်တွေလိုပဲ ကင်မိသားစုတွေကလည်း အာဏာကို ခွဲပေးရမှာ တွန့်တိုပါတယ်။ ဒါကြောင့် ပတ်လည်က လူအားလုံးကို ရန်သူထင်နေတာပါ။
ဒါကြောင့် ဘုရင်တွေလိုပဲ အာဏာကို ကာကွယ်ဖို့ သတ်တာတွေ လုပ်ပါတယ်။
ချွိုင်မိသားစုက လယ်သမား တွေပါ။ ဂျပန်အောက်မှာ အမှုမထမ်းခဲ့သလို ဂျပန်ကိုလည်း မဆန့်ကျင်ခဲ့ပါဘူး။ ဒါကြောင့် ချွိုင်ကို တိုက်ခိုက်ရေးတပ်ကို ပို့ပါတယ်။ သူ့သစ္စာခံမှုကတော့ သူ့နဂိုအဆင့်အတန်းနဲ့ မဆိုင်ဘဲ
ရှိပါတယ်။
“မြောက်ကိုရီးယားမှာ လူတွေကို ငယ်ကတည်းက ဦးနှောက်
ဆေးပစ်တယ် ” လို့ သူကဆိုတယ်။ “ကင်မိသားစုကို နတ်တွေလို့ သင်ထားတယ်၊ ကျွန်တော်လည်း ဒီအတိုင်းပဲ ယုံလိုက်တယ်။”

“ကင်အီဆွန်းရဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာ ဒီနှစ် ကျောက်မီးသွေး ပိုထွက်
ရမယ်ဆိုရင် ‘ကျွန်တော် မိုင်းတွင်းကို သွားမယ်’ လို့ ပြောမိတယ်။
အဲဒီတုန်းက ကင်မိသားစုကို ဘယ်လောက် သစ္စာရှိခဲ့သလဲ၊ အခဲ့သလဲ ဆိုတာပါ။”
ဒီထိပ်တန်းသက်တော်စောင့်တပ်က ကင်တွေကို ပြည်ပရန်က မဟုတ်ဘဲ သူတို့ နိုင်ငံသားတွေဆီက ကာကွယ်ပေးဖို့ ဆိုတာ ချွိုင်မကြာခင်မှာ
သိလာပါတယ်။
“ကင်မိသားစုအတွက် အားလုံးက ရန်သူ ဖြစ်လာနိုင်တယ်” လို့ သူ
ကျွန်တော့်ကို ပြောတယ်။ “ ကင်မိသားစုအတွက် အားလုံးက ရန်သူ ဖြစ်လာနိုင်ပါတယ်။ မြောက်ကိုရီးယား စစ်တပ်၊ စစ်ဦးစီးချုပ်ရုံး၊ ကာကွယ်ရေး ဝန်ကြီးရုံး ၊ တနိုင်ငံလုံးက လူတွေ အားလုံးတောင် ရန်သူ ဖြစ်သွားနိုင်ပါတယ်။”
ချွိုင့်ကို ဘယ်သူမှ မယုံဖို့၊ မိဘအရင်းတောင် မယုံဖို့ သင်ပေးထားတာပါ။
ကင်မိသားစုရဲ့ အကြောက်တရားက ကြီးတော့ သူတို့ကို စောင့်ရှောက်ဖို့ တပ်ကလည်း ပိုကြီးလာပါတယ်။

“အရှေ့အုပ်စုနဲ့ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားတော့
ကင်မိသားစုတွေ သွေးပျက်သွားတယ်” လို့ သူကဆိုတယ်။ “အဲဒီမှာ
သူတို့ရဲ့ သက်တော်စောင့်တပ်ကို မတရားချဲ့ပစ်လိုက်တာ၊ အခုဆို စစ်သား တသိန်းနှစ်သောင်းလောက် ရှိနေပြီ။”
အလယ်ခေတ်က ဘုရင်တွေလိုပဲ ကင်မိသားစုတွေကလည်း အာဏာကို ခွဲပေးရမှာ တွန့်တိုပါတယ်။ ဒါကြောင့် ပတ်လည်က လူအားလုံးကို ရန်သူထင်နေတာပါ။
ဒါကြောင့် ဘုရင်တွေလိုပဲ အာဏာကို ကာကွယ်ဖို့ သတ်တာတွေ လုပ်ပါတယ်။
၂ဝ၁၇ ဖေဖော်ဝါရီ (၁၂) ရက်မှာ မလေးရှား မြို့တော် ကွာလာလမ်ပူက စားတော်ဆက် တခုမှာ သူငယ်ချင်းတစု စုပြီး အင်ဒိုနီးရှား မိန်းကလေး တယောက်ရဲ့ မွေးနေ့ကို ကျင်းပပါတယ်။ ဆီတီအိုင်စီယာက ၂၅ နှစ်ပဲ ရှိပါတယ်။ သူ့သူငယ်ချင်း တယောက်ရဲ့ ဖုန်းက ဗီဒီယိုမှာ သူ ပြုံးပြုံးရွှင်ရွှင်နဲ့ ဖယောင်းတိုင်ကို မှုတ်တာ၊ သီချင်းဆိုတာတွေ တွေ့ရပါတယ်။
အိုင်စီယာ အဆိုအရ သူ့မှာ စိတ်လှုပ်ရှားစရာ သတင်းတခု ရှိတယ်ဆိုပြီး သူ့သူငယ်ချင်းတွေကို အဲဒီညက ပြောခဲ့သတဲ့။ ရုပ်သံ ရှိုးပွဲတခုမှာ ပါဖို့ သူအလုပ်ရခဲ့ပြီလို့ သူက ဆိုတယ်။ စိတ်ညစ်စရာ ကောင်းတဲ့ ရေချိုးခန်းမှာ လုပ်ရတဲ့ အလုပ်က လွတ်မြောက်ပြီလို့ ပြောတော့ သူ့သူငယ်ချင်းတွေက “နင်နာမည်ကြီးတော့မှာပေါ့” ဆိုပြီး ဝိုင်းပြောကြပါတယ်။
နောက်တနေ့ ကွာလာလမ်ပူလေဆိပ်မှာ ဆီတီ အိုင်စီယာ ရောက်တော့ ခပ်ဝဝ ထိပ်ပြောင်ပြောင် လူတယောက် သူတွေ့ပါတယ်။ တီရှပ်အပြာနဲ့ အားကစားဂျာကင်ဝတ်ထားပါတယ်။ အဲဒီလူ လေကြောင်းလိုင်းကို ဝင်ဖို့လုပ်တော့ သူပြေးပြီး မျက်နှာကို အရည်တခုနဲ့ ပက်ပါတယ်။
“ဘာလုပ်တာလဲ” ဆိုပြီး အဲဒီလူက အင်္ဂလိပ်စကား မတတ်တတတ်နဲ့ အော်ပါတယ်။
“ဆောရီး” ပြောပြီး အိုင်စီယာလည်း ပြေးပါတယ်။
အိုင်စီယာက ဒါ ရုပ်သံရှိုးပွဲ အတွက် လုပ်တာလို့ ပြောပေမယ့် မလေးရှား အစိုးရကတော့ သူ့ကို လူသတ်မှုနဲ့ တရားစွဲထားပါတယ်။

ဆီတီအိုင်စီယာကို ကင်ဂျုံနမ်းသတ်မှုနဲ့ ဖမ်းပြီး ရိုက်တဲ့ပုံ
ဒီအနားက ကော်ဖီဆိုင် တဆိုင်မှာတော့ မြောက်ကိုရီးယား အေးဂျင့် ဆိုသူတစု ထိုင်နေပါတယ်။ သူတို့အကြံ အောင်ပြီဆိုတဲ့ သဘောနဲ့ ဒီလူတွေ ဒူဘိုင်းကို သွားတဲ့ လေယာဉ်ပေါ် တက်သွားတာကို လေဆိပ်ဗီဒီယို မှတ်တမ်းမှာ တွေ့ရပါတယ်။
ခပ်ဝဝလူက အဲဒီမှာ စပြီး နေမကောင်း ဖြစ်ပါတယ်။ သူ့မျက်နှာ ယားလာပြီး အသက်မရှူနိုင် ဖြစ်လာပါတယ်။ မိနစ်ပိုင်းအတွင်း ကုလားထိုင်ပေါ် ပုံကျသွားပြီး သတိမေ့သွားပါတယ်။ လေဆိပ်ဝန်ထမ်းတွေက သူနာပြုကား ခေါ်ပေးလို့ ကွာလာလမ်ပူ မရောက်ခင်မှာပဲ သူ့အဆုတ်ထဲ ရေတွေဝင်ပြီး ဆုံးသွားပါတယ်။
ဒီလူရဲ့ နိုင်ငံကူးလက်မှတ်မှာတော့ မြောက်ကိုရီးယားသံတမန် ကင်ချူး ဆိုပြီး ဖော်ပြပါတယ်။ တကယ်တော့ သေသူဟာ ကင်ဂျုံအွန်းရဲ့ အဖေတူအမေကွဲ အစ်ကို ကင်ဂျုံနမ်း ဖြစ်ပါတယ်။
ကင်ဂျုံနမ်းကို VX အာရုံကြောအဆိပ်ကို သုံးပြီး သတ်ခဲ့တာပါ။ သဲတပွင့်လောက် ရှိတဲ့ ဒီအဆိပ်ကို ရှူမိရုံနဲ့ သေနိုင်ပါတယ်။
မြောက်ကိုရီးယားဘက်က ငြင်းပေမယ့် ဒီလို ပြောင်ပြောင်တင်းတင်း သတ်ဖြတ်မှုအတွက် ရသမျှ သက်သေအထောက်အထားတွေ ကတော့ သူ့ညီအပေါ်ကိုပဲ ပုံကျလာပါတယ်။ သတ်ရတဲ့အကြောင်းက ဘာလဲ။
သူတို့အဖေ ကင်ဂျုံအီးရဲ့ အချစ်ရေးက ရှုပ်ထွေးပါတယ်။ သူ့မှာ တရားဝင် ဇနီး နှစ်ယောက် ရှိပြီး မယားငယ် အနည်းဆုံး သုံးယောက် ရှိပါတယ်။ အဲဒီမိန်းမတွေနဲ့လည်း ကလေး ငါးယောက်မွေးပါတယ်။ ကင်ဂျုံနမ်းက ပထမ မယားငယ် ဆွန်ဟေရင်းက မွေးတာပါ။ ကင်ဂျုံအွန်းက ဒုတိယ မယားငယ် ကိုယွန်ဟွီးက မွေးတဲ့သားငယ်ပါ။ ကင်ဂျုံအွန်းအမေက ဂျပန်မှာမွေးတဲ့ ရုပ်ရှင်မင်းသမီးဟောင်း ဖြစ်ပါတယ်။ အာဏာရှင်အဟောင်းက သူ့မယားငယ်တွေနဲ့ ကလေးတွေ အကြောင်းကို ဇာတ်မြှုပ်ထားတာပါ။ သူတို့အချင်းချင်းလည်း မတွေ့ရအောင် သီးသန့် တအိမ်စီ ထားပါတယ်။ အဖေတူညီအစ်ကိုတွေပေမယ့် ကင်ဂျုံအွန်းနဲ့ ကင်ဂျုံနမ်း တခါမှ မဆုံဖူးပါဘူး။
သားအကြီးဆုံးအဖြစ် ကင်ဂျုံနမ်း သူ့အဖေ နေရာ ဆက်ခံမယ်လို့ ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ၂ဝဝ၁ မှာ သူ ဂျပန်ကို နိုင်ငံကူးလက်မှတ်အတုနဲ့ ဝင်ဖို့လုပ်တော့ အဖမ်းခံရပါတယ်။ သူ တိုကျိုက ဒစ္စနီကစားကွင်းကို သွားဖို့ လုပ်တာပါ။
မြောက်ကိုရီးယား အိမ်ရှေ့မင်းသားကို လေယာဉ်ပေါ်တင်ပြီး ပြန်နှင်ထုတ်တာကို ရုပ်သံရိုက်ထားခဲ့ပါတယ်။ သူ့အဖေအတွက် ဒါဟာ လုံးဝခွင့်မလွှတ်နိုင်တဲ့ အရှက်ခွဲမှုပါပဲ။ ဒါကြောင့် ကင်ဂျုံနမ်းကို ဆက်ခံသူ စာရင်းက ဖျက်ပြီး တရုတ်ပြည်ကို နှင်ထုတ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဇာတ်လမ်းက ဒီထက် မကပါဘူး။
ကင်ဂျုံနမ်းကို VX အာရုံကြောအဆိပ်ကို သုံးပြီး သတ်ခဲ့တာပါ။ သဲတပွင့်လောက် ရှိတဲ့ ဒီအဆိပ်ကို ရှူမိရုံနဲ့ သေနိုင်ပါတယ်။
မြောက်ကိုရီးယားဘက်က ငြင်းပေမယ့် ဒီလို ပြောင်ပြောင်တင်းတင်း သတ်ဖြတ်မှုအတွက် ရသမျှ သက်သေအထောက်အထားတွေ ကတော့ သူ့ညီအပေါ်ကိုပဲ ပုံကျလာပါတယ်။ သတ်ရတဲ့အကြောင်းက ဘာလဲ။
သူတို့အဖေ ကင်ဂျုံအီးရဲ့ အချစ်ရေးက ရှုပ်ထွေးပါတယ်။ သူ့မှာ တရားဝင် ဇနီး နှစ်ယောက် ရှိပြီး မယားငယ် အနည်းဆုံး သုံးယောက် ရှိပါတယ်။ အဲဒီမိန်းမတွေနဲ့လည်း ကလေး ငါးယောက်မွေးပါတယ်။ ကင်ဂျုံနမ်းက ပထမ မယားငယ် ဆွန်ဟေရင်းက မွေးတာပါ။ ကင်ဂျုံအွန်းက ဒုတိယ မယားငယ် ကိုယွန်ဟွီးက မွေးတဲ့သားငယ်ပါ။ ကင်ဂျုံအွန်းအမေက ဂျပန်မှာမွေးတဲ့ ရုပ်ရှင်မင်းသမီးဟောင်း ဖြစ်ပါတယ်။ အာဏာရှင်အဟောင်းက သူ့မယားငယ်တွေနဲ့ ကလေးတွေ အကြောင်းကို ဇာတ်မြှုပ်ထားတာပါ။ သူတို့အချင်းချင်းလည်း မတွေ့ရအောင် သီးသန့် တအိမ်စီ ထားပါတယ်။ အဖေတူညီအစ်ကိုတွေပေမယ့် ကင်ဂျုံအွန်းနဲ့ ကင်ဂျုံနမ်း တခါမှ မဆုံဖူးပါဘူး။

သားအကြီးဆုံးအဖြစ် ကင်ဂျုံနမ်း သူ့အဖေ နေရာ ဆက်ခံမယ်လို့ ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ၂ဝဝ၁ မှာ သူ ဂျပန်ကို နိုင်ငံကူးလက်မှတ်အတုနဲ့ ဝင်ဖို့လုပ်တော့ အဖမ်းခံရပါတယ်။ သူ တိုကျိုက ဒစ္စနီကမ္ဘာကို သွားဖို့ လုပ်တာပါ။
မြောက်ကိုရီးယား အိမ်ရှေ့မင်းသားကို လေယာဉ်ပေါ်တင်ပြီး ပြန်နှင်ထုတ် တာကို ရုပ်သံရိုက်ထားခဲ့ပါတယ်။ သူ့အဖေအတွက် ဒါဟာ လုံးဝ ခွင့်မလွှတ်နိုင်တဲ့ အရှက်ခွဲမှုပါပဲ။ ဒါကြောင့် ကင်ဂျုံနမ်းကို ဆက်ခံသူ စာရင်းက ဖျက်ပြီး တရုတ်ပြည်ကို နှင်ထုတ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဇာတ်လမ်းက ဒီထက် မကပါဘူး။
ကင်ဂျုံအွန်းကို သူ့အဖေ ရွေးတာက အကောက်ကျစ်ဆုံး အဆိုးဆုံးသားမို့ပါ။ ”
ဆက်ခံသူ စာရင်းမှာ နောက်က ရှိသင့်တာက သားလတ် ကင်ဂျုံချိုးပါ။ ဒါပေမဲ့ သူ့ကို ဘယ်တုန်းကမှ အရေးတကြီးထည့်စဉ်းစားပုံ မပေါ်ပါဘူး။ ဒါနဲ့ သားအငယ်ဆုံး ကင်ဂျုံအွန်းကို ရွေးလိုက်ပါတယ်။
မာတင့် အလိုအရ “သူ့ကို သူ့အဖေ ရွေးတာ သူမွေးတဲ့အထဲမှာ အဆိုးဆုံး၊ အကောက်ကျစ်ဆုံးမို့ပါ။ ”
တဘက်က ကြည့်ရင်တော့ ဒီမင်းဆက်အမွေလုပွဲမှာ ရှင်ကျန်နိုင်တဲ့ အခွင့်အရေး ရခဲ့ပြီး မိသားစု လုပ်ငန်းကို ဆက်အသက်ဆက်နိုင်အောင် ထိန်းထားနိုင်တာပါပဲ။
သူ့ရဲ့ ရက်စက်မှုကိုလည်း ပြခဲ့တာပါ။ ကင်ဂျုံအီးသေလို့ ကင်ဂျုံအွန်း တက်လာကတည်းက သူ့အဖေတူ အမေကွဲအစ်ကိုမှာ တုန်လှုပ်လာတယ်လို့ ဂိုမီက ဆိုပါတယ်။
“ကင်ဂျုံအီး သေပြီးနောက် ကင်ဂျုံနမ်း ရုတ်တရက် ကြောက်လန့်လာတာပါ။ ၂ဝ၁၂ ဇန်နဝါရီမှာ သူနဲ့ နောက်ဆုံးဆက်သွယ်ခဲ့တာပဲ။ အဲဒီတုန်းက သူကပြောတာက ‘ကျွန်တော့ညီနဲ့ ကင်မိသားစုက ကျွန်တော့ကို တခုခု နဲ့ အန္တရာယ်ပေးမှာပါ’ လို့ ဆိုတယ်။”
ကင်ဂျုံအွန်း သူ့အစ်ကိုကို သတ်တယ်လို့ပဲ မာတင်က ယူဆပါတယ်။ သူ့အကြောင်းပြချက်က ဒီလိုပါ။
“သူ့ဦးလေး ဂျန်ဆွန်တိတ်ကို သတ်တာနဲ့လည်း ကိုက်ညီတယ် ။ ဂျန်ကို အာဏာသိမ်းဖို့ ကြံစည်တယ် ဆိုပြီး စွပ်စွဲတယ်။ အနောက်တိုင်း မီဒီယာတွေက ဒါကို ဂရုမစိုက်ဘူး။ အဲဒီနောက် ကင်ဂျုံအွန်း သူ့အစ်ကိုနောက် လိုက်ပါတယ်။ သူတို့ဦးလေး တရုတ်ပြည်ကိုသွားပြီး ‘ကင်ဂျုံအွန်းကို ရှင်းပြီး ကင်ဂျုံနမ်းကို တင်ကြစို့’ လို့ ပြောတဲ့ အကြောင်းတွေ သိရပါတယ်။ ကင်က စဉ်းစားမယ်။ ‘ငါ့ဦးလေးနဲ့ အစ်ကို ပေါင်းပြီး ငါ့ကို မကောင်းကြံနေပြီ၊ တရုတ်နဲ့ ပေါင်းကြံနေပြီ’ လို့။ ”
ဒါက စဉ်းစားချက်ပဲ ရှိပါတယ်။ သူ့ကောက်ချက်က ပိုပြီး ငြင်းရခက်ပါတယ်။
“သူ့အာဏာကို အန်တုမယ့်သူ မရှိတော့ဘူး။ အတွင်းရန်တွေ သွားပြီလေ။ ”
ကင်ဂျုံအွန်း အာဏာက အထွတ်အထိပ် ရောက်နေပါပြီ။ ဒါပေမဲ့ ဒီဆင်းရဲတဲ့ နိုင်ငံလေးအတွက် သူဘာတွေ လိုချင်သလဲ။
၁၉၉၈ နွေရာသီမှာ ကင်ဂျုံအွန်း ဆွစ်ဇာလန်မှာ ကျောင်းပိတ်လို့ နိုင်ငံပြန်လာပါတယ်။ ဝမ်ဆန်းမြို့နားက သူတို့မိသားစု အနားယူတဲ့ ပင်လယ်စခန်းကို သွားခဲ့ပါတယ်။
အခု မြို့တော်ကို ပြန်လာတဲ့ ရထားပေါ်မှာပါ။ သူနဲ့ ထိုင်ပြီး စပါးခင်းတွေ ရွာတွေကို ကြည့်လာသူကတော့ ဂျပန် စားဖိုမှူး ကန်ဂျီ ဖူဂျီမိုတိုပါ။
အဲဒီတုန်းက ကင်ဂျုံအွန်း သူ့ကို ပြောတာကို ၂ဝဝ၃ က ထုတ်တဲ့ စာအုပ်မှာ ဖူဂျီမိုတိုက ခုလို ရေးပါတယ်။ “ ဖူဂျီမိုတို၊ ကျွန်တော်တို့ နိုင်ငံက စက်မှုမှာ တခြားအာရှနိုင်ငံတွေနောက်က ရောက်နေပြီ။ ဒီမှာ မီးပျက်တုန်း ရှိသေးတယ်။ ”
အဲဒီတုန်းက တရုတ်ပြည်နဲ့ မြောက်ကိုရီးယား အခြေအနေကို ကင်က ယှဉ်ပြောတာလို့လည်း ဆိုပါတယ်။
“တရုတ်ပြည်မှာ အများကြီး အောင်မြင်နေပြီ ကြားတယ်။ ဒီမှာ လူဦးရေ ၂၃ သန်း ရှိတယ်။ တရုတ်မှာ သန်းတထောင်ကျော်တောင် ရှိတယ်။ သူတို့ စွမ်းအင်ကို ဘယ်လိုပေးသလဲ။ လူသန်းတထောင်အတွက် အစားအသောက်လည်း စိုက်ရတာ ခက်မှာပဲ။ သူတို့ချခဲ့တဲ့ နမူနာကို လိုက်သင့်တယ်။ ”
ဖူဂျီမိုတို ပြောတာ မှန်ရင်တော့ ကင်ဂျုံအွန်းကလေးဟာ အယူအဆအမှားတွေကို ထုတ်ပြောခဲ့တာပါ။
၁၉၅၅ က စပြီး မြောက်ကိုရီးယားမှာ ဂျူချေးကို ဦးဆောင်အဘိဓမ္မာ အဖြစ် သတ်မှတ်ပါတယ်။ ဒီစကားလုံးကို ကိုယ့်ကိုယ်ကိုယ် ရပ်တည်နိုင်မှု လို့လည်း ပြန်ဆိုပါတယ်။ ဒါဟာ မာ့က်စ် လီနင်ဝါဒမှာ ကင်အီဆွန်းရဲ့ ထည့်ဝင်မှုကြီး ဖြစ်ပါတယ်။ ပြုံယမ်းက မြစ်ကမ်းနဖူးမှာ ဂျူချေး အမှတ်တရ မျှော်စင်ကြီး ရှိပါတယ်။ ဒီအဘိဓမ္မာကို ရယ်စရာ အပြောင်အပြက်တောင် မပြောရပါဘူး။
တကယ်တော့ ဂျူချေးက မမှန်ပါဘူး။ မြောက်ကိုရီးယားဟာ ကိုယ့်ဖာသာ ရပ်တည်နိုင်တဲ့ နိုင်ငံ ဘယ်တုန်းကမှ မဟုတ်ပါဘူး။ ပထမ အနှစ် (၄ဝ) မှာ ဆိုဗီယက် အထောက်အပံ့နဲ့ နေရပါတယ်။ ဆိုဗီယက် ပြိုကွဲတော့ မြောက်ကိုရီးယား အစိုးရ စီးပွားရေး ပြိုလဲပြီး လူတွေ ငတ်ကုန်ပါတယ်။
ဒီလို အငတ်ဘေး ကြုံမှ မြောက်ကိုရီးယားတွေ အရောင်းအဝယ် စလုပ်ပါတယ်။ ဒုက္ခတွေ ကြားက ၁၉၉ဝ ကျော်မှာ စီးပွားရေးအသစ် စပေါ်လာပါတယ်။ အစိုးရ ထိန်းချုပ်မှု အသိအမှတ်ပြုမှု မရှိတဲ့ စီးပွားရေးနဲ့ လူတွေ မသေအောင် ထိန်းထားတာပါ။
ဒီမှောင်ခို စီးပွားရေး ဘယ်လောက်ကြီးနေတယ် ဆိုတာ ၂ဝ၁၂ တုန်းက ဆိုးလ်မှာ မြောက်ဘက်က ထွက်ပြေးလာတဲ့ လူငယ် တယောက်ကို မေးကြည့်တော့ ပိုရှင်းသွားပါတယ်။
စစ်မဲ့ဇုန်ကို ကျော်ပြီး မြောက်ကိုရီးယားထဲမှာ ရှိတဲ့ ကေဆုန်း စက်မှုဇုန်ကို တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟေးက ပိတ်ဖို့ အမိန့်ပေးလိုက်ချိန်မှာပါ။
“ဒီသတင်းကြားတော့ အဖေကို ဖုန်းဆက်ပြီး တရုတ်ပြည်မှာ ချိုကိုပိုင်း မုန့်တွေ သွားဝယ်ခိုင်းတယ် ” လို့ ဒီလူငယ်က ပြောပါတယ်။
ကျွန်တော် ခေါင်းရှုပ်သွားပါတယ်။
“နေပါအုံး။ ခင်ဗျား အဖေက ဘယ်မှာလဲ။ ”
“မြောက်ကိုရီးယားမှာလေ”
“သူ့ကို ဘယ်လိုဖုန်းခေါ်သလဲ”
သူ့အဖေမှာ တရုတ်ဖုန်းကတ် ရှိတာ သိလာရပါတယ်။ ဒါဟာ တရားမဝင်သလို အန္တရာယ် များပါတယ်။ ဒါပေမဲ့ လူတွေက သုံးနေကြတာပါ။ တပတ်တခါ တရုတ်နယ်စပ်ကို သွားပြီး တရုတ်ဖုန်းလိုင်းနဲ့ ချိတ်ပြီး သူ့သားနဲ့ စကားပြောပါတယ်။
“ဒါနဲ့ ချိုကိုပိုင်း မုန့်က ဘာလုပ်တာလဲ ”
ကေဆုန်း စက်မှုဇုန်မှာ လုပ်နေတဲ့ တောင်ကိုရီးယား ကုမ္ပဏီတွေက မြောက်ကိုရီးယား အလုပ်သမားတွေကို တောင်ကိုရီးယား ပစ္စည်းတွေနဲ့ ပေးချေ ပါတယ်။ ဒီထဲမှာ လူကြိုက်အများဆုံးက ချိုကိုပိုင်း ခေါ်တဲ့ ချော့ကလက်မုန့်တွေပါ။
အဲဒါက လူကြိုက်များလွန်းလို့ မှောင်ခို ဈေးကွက်မှာ ငွေကြေးလို ဖြစ်လာပါတယ်။ ကေဆုန်းဇုန်ပိတ်လိုက်တော့ ဒီဈေးကွက်မှာ မုန့်တန်ဖိုးက ထိုးတက် သွားပါတယ်။ ဒါကြောင့် သားလုပ်သူက အဖေကို တရုတ်ပြည်သွားပြီး သယ်နိုင်သလောက် ဝယ်လာခဲ့ဖို့ မှာတာပါ။
ဆိုးလ်မြို့စွန်က ဘုရားကျောင်း တခုမှာ နောက်ထပ် ထွက်ပြေးလာသူ တယောက်နဲ့ တွေ့ပါတယ်။ လူက ပုပြီး ပုခုံးမှာ ကြွက်သား အမြှောင်းမြှောင်း နဲ့ပါ။ သွားတွေလည်း ကျိုးလို့။ သူပြောတဲ့ အသံက ဝဲလွန်းလို့ စကားပြန်တောင် နားလည်အောင် မနည်းလိုက်ရပါတယ်။
“ကျွန်တော်က မှောင်ခိုသမားပါ” လို့ ဆိုတယ်။
သူတို့ဂိုဏ်းက မြောက်ကိုရီးယား နယ်ခြားစောင့်တွေကို လာဘ်ထိုးပြီး ညမှာ တရုတ်ပြည်ထဲ ခိုးဝင်တဲ့အကြောင်း ပြောပြပါတယ်။ ဒီဘက်က သံတိုသံစနဲ့ အဖိုးတန် သတ္တုတွေ သယ်ပြီး သွားတာပါ။
“ဟိုဘက်က ဘာတွေ ပြန်သယ်လာသလဲ”
“အကုန်ပဲ၊ အစားအသောက်၊ အဝတ်အထည်၊ ဒီဗီဒီ၊ မူးယစ်ဆေးနဲ့ ညစ်ညမ်း အခွေတွေ သယ်ရတာက အန္တရာယ်များတယ်။ ”
“မြောက်ကိုရီးယားထဲက ခိုးထုတ်ရတဲ့အထဲမှာ ဘာက အန္တရာယ်များသလဲ”
“ကင်ရုပ်တုတွေက သံစကို သယ်သွားရင် ပစ်သတ်ခံရနိုင်တယ် ”
တရုတ်က သွင်းလာတဲ့ ကုန်စည်တွေကို မြို့တိုင်းက ဈေးကြီးတွေမှာ ရောင်းပါတယ်။ ဒီတရားမဝင် စီးပွားရေးက အလုပ်ဖြစ်ပါတယ်။ အသစ် ပေါ်လာတဲ့ လုပ်ငန်းရှင်တွေက ပြုံယမ်းမှာ အိမ်တွေခြံတွေ ဝယ်နေတယ် လို့လည်း ဆိုပါတယ်။ ဒီလို မြောက်ကိုရီးယား စီးပွားရေး တိုးတက်နေပေမယ့် အယူအဆကတော့ မပြောင်းပါဘူး။ ထိပ်ဆုံးကလည်း ဘာမှပြောင်းဖို့ ချမပေးပါဘူး။
ဒီနှစ် ဧပြီ (၂ဝ) ရက်က ကိုရီးယား အလုပ်သမားပါတီ ပဏာမ အစည်းအဝေးမှာ ကင်ဂျုံအွန်းက မိန့်ခွန်းပြောတော့ ခေါင်းစီးက ဒီလိုပါ။
“ဆိုရှယ်လစ် တည်ဆောက်မှု တဆင့်တက်ဖို့က တော်လှန်ရေး အဆင့်မြင့်မြင့် အသစ်ဖြစ်ဖို့ လိုပါတယ်။”
ဒီမိန့်ခွန်းမှာပဲ ကင်က အဏုမြူ လက်နက်နဲ့ တာဝေးပစ် ဒုံးကျည်တွေ စမ်းသပ်တာတွေကို ရပ်ဆိုင်းလိုက်ပြီး စီးပွားရေး တည်ဆောက်ဖို့ပဲ အာရုံစိုက်မယ်လို့လည်း ဆိုပါတယ်။ ဒါဟာ ကင် ရထားပေါ်မှာ စဉ်းစားခဲ့တဲ့ တရုတ်ကို နမူနာယူမယ့် စိတ်ကူးကို ဖော်ဆောင်မယ့် နိမိတ်လို့ တချို့က ယူဆပါတယ်။
ဒီထဲက တယောက်ကတော့ ဆိုးလ်က ယွန်ဆိုင်း တက္ကသိုလ်က ဂျွန်ဒဲလော်ရီပါ။
“ဒီဗျူဟာသစ်က စီးပွားရေး ပထမ၊ တရာ ရာခိုင်နှုန်း စီးပွားရေး ဆိုတဲ့ မူပါ။ ကင်က ပြောတယ်။ ‘စီးပွားရေး တကယ်တိုးတက်အောင် လုပ်မယ်။ ချွေတာတာတွေ လုပ်စရာမလိုတော့ဘူး’
“ပြီးခဲ့တဲ့ ငါးနှစ် ခြောက်နှစ်အတွင်းမှာ တိုးတက်မှုက နှေးပါတယ်။ နောက်ပြီး ကင်က အဏုမြူ ကိစ္စပဲ လုံးပန်းနေတာပါ။ အခုတော့ အရွေ့တခုကို တွေ့ရပြီ။ ”
ဘရက်ဒလေ မာတင်လို လူတွေကတော့ ဒါကို သိပ်မယုံပါဘူး။
“ ဒီနိုင်ငံကို ပြောင်းလဲနိုင်တယ်လို့ ကင် တကယ် ယူဆတာလား။ ဒါ ကျွန်တော်တို့ သိတဲ့ ကင်နဲ့တော့ မတူဘူး။ သူ တကယ်ပြောင်းချင်ရင် ဒါတွေ လုပ်ဖို့ နှစ်တွေ ရခဲ့တာပဲ။ တကယ်က သူ့အဖေနဲ့ အဘိုးလိုပဲ အထိမ်းအမှတ် အဆောက်အအုံကြီးတွေပဲ ဆောက်ခဲ့တာပါ။
“ဒီမှာ တခြားစီးပွားရေး တခုရှိနေတာကို သွယ်ဝိုက် ဝန်ခံတာက လွဲပြီး ဘာမှ ပြောင်းမယ့် အရိပ်အယောင် မတွေ့ရပါဘူး။ ဒီစီးပွားရေး မရှိရင်လည်း အကုန်သေကုန်ကြမှာပါ။ ”
ကင်ဂျုံအွန်း အနေနဲ့ နိုင်ငံတိုးတက်ချင်ရင် ပိတ်ဆို့မှုတွေကို ဖယ်ရှားဖို့ လိုပါတယ်။ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးလိုပါတယ်။ အမေရိကန်နဲ့ မဟာမိတ်တွေကို စည်းရုံးဖို့က သူ့ရဲ့ အဏုမြူလက်နက်တွေကို စွန့်ပစ်မှ ဖြစ်မှာပါ။ သူ တကယ်ကော လုပ်ချင်ရဲ့လား။
ဆိုးလ်မြို့စွန်က ဘုရားကျောင်း တခုမှာ နောက်ထပ် ထွက်ပြေးလာသူ တယောက်နဲ့ တွေ့ပါတယ်။ လူက ပုပြီး ပုခုံးမှာ ကြွက်သား အမြှောင်းမြှောင်း နဲ့ပါ။ သွားတွေလည်း ကျိုးလို့။ သူပြောတဲ့ အသံက ဝဲလွန်းလို့ စကားပြန်တောင် နားလည်အောင် မနည်းလိုက်ရပါတယ်။
“ကျွန်တော်က မှောင်ခိုသမားပါ” လို့ ဆိုတယ်။
သူတို့ဂိုဏ်းက မြောက်ကိုရီးယား နယ်ခြားစောင့်တွေကို လာဘ်ထိုးပြီး ညမှာ တရုတ်ပြည်ထဲ ခိုးဝင်တဲ့အကြောင်း ပြောပြပါတယ်။ ဒီဘက်က သံတိုသံစ နဲ့ အဖိုးတန် သတ္တုတွေ သယ်ပြီး သွားတာပါ။
“ဟိုဘက်က ဘာတွေ ပြန်သယ်လာသလဲ”

“အကုန်ပဲ၊ အစားအသောက်၊ အဝတ်အထည်၊ ဒီဗီဒီ၊ မူးယစ်ဆေးနဲ့ ညစ်ညမ်း အခွေတွေ သယ်ရတာက အန္တရာယ်များတယ်။ ”
“မြောက်ကိုရီးယားထဲက ခိုးထုတ်ရတဲ့အထဲမှာ ဘာက အန္တရာယ်များသလဲ”“ကင်ရုပ်တုတွေက သံစကို သယ်သွားရင် ပစ်သတ်ခံရနိုင်တယ် ”
တရုတ်က သွင်းလာတဲ့ ကုန်စည်တွေကို မြို့တိုင်းက ဈေးကြီးတွေမှာ ရောင်းပါတယ်။ ဒီတရားမဝင် စီးပွားရေးက အလုပ်ဖြစ်ပါတယ်။ အသစ် ပေါ်လာတဲ့ လုပ်ငန်းရှင်တွေက ပြုံယမ်းမှာ အိမ်တွေခြံတွေ ဝယ်နေတယ် လို့လည်း ဆိုပါတယ်။ ဒီလို မြောက်ကိုရီးယား စီးပွားရေး တိုးတက်နေပေမယ့် အယူအဆကတော့ မပြောင်းပါဘူး။ ထိပ်ဆုံးကလည်း ဘာမှ ပြောင်းဖို့ ချမပေးပါဘူး။

ဒီနှစ် ဧပြီ (၂ဝ) ရက်က ကိုရီးယား အလုပ်သမားပါတီ ပဏာမ အစည်းအဝေးမှာ ကင်ဂျုံအွန်းက မိန့်ခွန်းပြောတော့ ခေါင်းစီးက ဒီလိုပါ။
“ဆိုရှယ်လစ် တည်ဆောက်မှု တဆင့်တက်ဖို့က တော်လှန်ရေး အဆင့်မြင့်မြင့် အသစ်ဖြစ်ဖို့ လိုပါတယ်။”
ဒီမိန့်ခွန်းမှာပဲ ကင်က အဏုမြူ လက်နက်နဲ့ တာဝေးပစ် ဒုံးကျည်တွေ စမ်းသပ်တာတွေကို ရပ်ဆိုင်းလိုက်ပြီး စီးပွားရေး တည်ဆောက်ဖို့ပဲ အာရုံစိုက်မယ်လို့လည်း ဆိုပါတယ်။ ဒါဟာ ကင် ရထားပေါ်မှာ စဉ်းစားခဲ့တဲ့ တရုတ်ကို နမူနာယူမယ့် စိတ်ကူးကို ဖော်ဆောင်မယ့် နိမိတ်လို့ တချို့က ယူဆပါတယ်။
ဒီထဲက တယောက်ကတော့ ဆိုးလ်က ယွန်ဆိုင်း တက္ကသိုလ်က ဂျွန်ဒဲလော်ရီပါ။
“ဒီဗျူဟာသစ်က စီးပွားရေး ပထမ၊ တရာ ရာခိုင်နှုန်း စီးပွားရေး ဆိုတဲ့ မူပါ။ ကင်က ပြောတယ်။ ‘စီးပွားရေး တကယ်တိုးတက်အောင် လုပ်မယ်။ ချွေတာတာတွေ လုပ်စရာမလိုတော့ဘူး’
“ပြီးခဲ့တဲ့ ငါးနှစ် ခြောက်နှစ်အတွင်းမှာ တိုးတက်မှုက နှေးပါတယ်။ နောက်ပြီး ကင်က အဏုမြူ ကိစ္စပဲ လုံးပန်းနေတာပါ။ အခုတော့ အရွေ့တခုကို တွေ့ရပြီ။
”ဘရက်ဒလေ မာတင်လို လူတွေကတော့ ဒါကို သိပ်မယုံပါဘူး။
“ ဒီနိုင်ငံကို ပြောင်းလဲနိုင်တယ်လို့ ကင် တကယ် ယူဆတာလား။ ဒါ ကျွန်တော်တို့ သိတဲ့ ကင်နဲ့တော့ မတူဘူး။ သူ တကယ်ပြောင်းချင်ရင် ဒါတွေ လုပ်ဖို့ နှစ်တွေ ရခဲ့တာပဲ။ တကယ်က သူ့အဖေနဲ့ အဘိုးလိုပဲ အထိမ်းအမှတ် အဆောက်အအုံကြီးတွေပဲ ဆောက်ခဲ့တာပါ။“

ဒီမှာ တခြားစီးပွားရေး တခုရှိနေတာကို သွယ်ဝိုက် ဝန်ခံတာက လွဲပြီး ဘာမှ ပြောင်းမယ့် အရိပ်အယောင် မတွေ့ရပါဘူး။ ဒီစီးပွားရေး မရှိရင်လည်း အကုန်သေကုန်ကြမှာပါ။ ”
ကင်ဂျုံအွန်း အနေနဲ့ နိုင်ငံတိုးတက်ချင်ရင် ပိတ်ဆို့မှုတွေကို ဖယ်ရှားဖို့ လိုပါတယ်။ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးလိုပါတယ်။ အမေရိကန်နဲ့ မဟာမိတ်တွေကို စည်းရုံးဖို့က သူ့ရဲ့ အဏုမြူလက်နက်တွေကို စွန့်ပစ်မှ ဖြစ်မှာပါ။ သူ တကယ်ကော လုပ်ချင်ရဲ့လား။
၂ဝ၁၇ ဇူလိုင်လ (၄) ရက် မနက်မှာ အမေရိကန် ထောက်လှမ်းရေး ဂြိုဟ်တုက ပြုံဂမ်းနယ်က လေယာဉ်ကွင်းတခုကို ထောက်လှမ်းမိပါတယ်။ (၁၆) ဘီးတပ် သယ်ယူရေး လောင်ချာကြီးနဲ့ ဒုံးကျည်ကြီး တစင်းကို သယ်ပြီး လေယာဉ်ကွင်းထဲ သွားနေတာကို တွေ့တာပါ။
ဒီဒုံးကျည်ကို တည့်မတ်ပြီး ပစ်ဖို့ လောင်စာ ဖြည့်တာကိုလည်း နောက်တနာရီ ကြာအောင် အမေရိကန် ထောက်လှမ်းရေး အရာရှိတွေက စောင့်ကြည့် နေကြပါတယ်။ ဒီဒုံးကျည်နားမှာ လူတယောက် စီးကရက် သောက်ရင်း လမ်းလျှောက်နေတာကိုလည်း သူတို့ ထင်ထင်ရှားရှား တွေ့ပါတယ်။
ဒီအကြောင်းရေးသူကတော့ ဒစ်ပလိုမတ် မဂ္ဂဇင်းက အယ်ဒီတာ အန်ကစ် ပန်ဒါပါ။ သူ့ကို ထောက်လှမ်းရေးဘက်က ပေးတဲ့ သတင်းလို့လည်း ဆိုပါတယ်။ လောင်စာတွေ အပြည့်နဲ့ ဒုံးကျည်နား ကပ်ပြီး ဆေးလိပ် သောက်နေသူက ကင်ဂျုံအွန်းပဲ ဖြစ်နိုင်ပါတယ်။
မနက်လင်းတာနဲ့ ဒုံးကျည်ရဲ့ အင်ဂျင်ကို ရှို့လိုက်တော့ ကောင်းကင်ကို
ထိုးတက်သွားပြီး အာကာသထဲမှာ မိုင် ၁၈ဝဝ လောက်သွားပြီးနောက် ဂျပန်ပင်လယ်မှာ ကျသွားပါတယ်။ ထုတ်ပြန်တဲ့ ပုံတွေထဲမှာ စစ်အရာရှိကြီး တွေနဲ့ ပုခုံးဖက်ပြီး ပြုံးနေတဲ့ ကင်ဂျုံအွန်းကို တွေ့ရပါတယ်။ သူ့လက်ထဲမှာလည်း စီးကရက်နဲ့ပါ။
ဒီဒုံးကျည်ဟာ အမေရိကန်ကို ပစ်နိုင်တဲ့ တိုက်ချင်းပစ် ဒုံးကျည်သစ်လို့ မြောက်ကိုရီးယားဘက်က ဆိုပါတယ်။ ဇူလိုင် ၄ ရက် အမေရိကန် လွတ်လပ်ရေးနေ့ လက်ဆောင် အဖြစ် သမ္မတ ထရမ့်ကို ပေးတာလို့လည်း ဆိုပါတယ်။
မြောက်ကိုရီးယားကို နိုင်ငံတကာ ဖိအားပိုပေးလာတဲ့ကြားက စီးပွားရေးအထိအခိုက်ခံပြီး အဏုမြူ လက်နက်ထုတ်ဖို့ တွန်းလုပ်လာပါတယ်။
၂ဝ၁၁ မှာ ကင်ဂျုံအွန်း တက်လာပြီးနောက် အဏုမြူနဲ့ ဒုံးကျည် စီမံကိန်းကို အရှိန်အဟုန်နဲ့ တိုးတက် လုပ်ကိုင် လာပါတယ်။ သူ့အဖေ အုပ်ချုပ်တဲ့ (၁၆) နှစ်အတွင်းမှာတော့ အဏုမြူ စမ်းသပ်မှု နှစ်ခုနဲ့ ဒုံးကျည်စမ်းသပ်မှု (၁၆) ခုပဲ လုပ်ခဲ့ပါတယ်။ ကင်ဂျုံအွန်းရဲ့ ပထမ ခြောက်နှစ်မှာတော့ အဏုမြူ စမ်းသပ်မှု လေးကြိမ်နဲ့ ဒုံးကျည်စမ်းသပ်မှု (၈၂) ကြိမ် လုပ်ခဲ့ပါတယ်။
မနှစ် နိုဝင်ဘာလ (၂၉) ရက်မှာတော့ ဟွာဆောင်း ၁၅ ဒုံးကျည်သစ်ကြီးကို ပစ်လွှတ်ပြခဲ့ပါတယ်။ ဒီဒုံးကျည်သစ်က ဧရာမ ထိပ်ဖူးတပ်ဆင်နိုင်တယ်လို့လည်း မြောက်ကိုရီးယား အစိုးရ သတင်းဌာနက ပြောကြားပါတယ်။ အမေရိကန် တနိုင်ငံလုံးထိ ပစ်ခတ်နိုင်တယ်လို့လည်း ဆိုပါတယ်။
မြောက်ကိုရီးယားရဲ့ KCNA သတင်းဌာနကနေပြီး ကင်ဂျုံအွန်းက “ အစိုးရ ရဲ့ အဏုမြူ အင်အားနဲ့ ဒုံးလက်နက်တွေ တည်ဆောက်ဖို့ တာဝန်ကို အပြီးသတ် ဖော်ဆောင်နိုင်ကြောင်း ဂုဏ်ယူစွာနဲ့ ကြေညာလိုက်တယ်” လို့ ဆိုပါတယ်။
ကင်ဟာ အမေရိကန်ထိ ပစ်နိုင်ပြီဆိုတာ ပြင်ပက ကျွမ်းကျင်သူတွေကလည်း သဘောတူကြပါတယ်။
ဒီကြေညာချက်နဲ့ တောင်ကိုရီးယားက ဆောင်းရာသီ အိုလံပစ်ပွဲကို
မြောက်ကိုရီးယား အဖွဲ့ လွှတ်မယ်ဆိုတဲ့ ကင်ဂျုံအွန်းရဲ့ နှစ်သစ်ကူး စကားက တလကျော်ပဲ ကွာပါတယ်။
ဒါဟာ စေ့စပ်ရေးကို သွားဖို့ ကင်ဂျုံအွန်းရဲ့ အပြောင်းအလဲကြီးလို့ အပြင်က လူအများအပြားက ယူဆကြပါတယ်။
ဒါပေမဲ့ ထရမ့်-ကင် ဆွေးနွေးပွဲ နီးလာတာနဲ့ အရေးကြီးတဲ့ မေးခွန်း တွေက အဖြေမရှိဘဲ ကျန်နေပါတယ်။ ဘာကြောင့် ကင်က အမေရိကန်ကို ထိတဲ့ တာဝေးပစ် လက်နက်တွေ ထုတ်ချင်တာလဲ။ သူ့ရဲ့ အဏုမြူ လက်နက်တွေက ဘာအတွက်လဲ။

ကင်က တောင်ကိုရီးယားနဲ့ ငြိမ်းချမ်းစွာ ယှဉ်တွဲနေရေးကို လိုချင်တယ်၊ သူ့အဏုမြူ စီမံကိန်းကို ရပ်ဖို့ ညှိနှိုင်းချင်တယ် ဆိုတဲ့ စကားတွေကို ယုံသလား ဆိုတာပေါ် မူတည်ပြီး ဒီမေးခွန်းတွေရဲ့ အဖြေတွေက ကွဲသွားမှာပါ။
တောင်ကိုရီးယား သမ္မတနဲ့ ထိပ်သီးတွေ့ဆုံပွဲမှာ ကိုရီးယား ကျွန်းဆွယ် အတွင်း လုံးဝ အဏုမြူ ဖျက်သိမ်းရေးကို သွားဖို့ ကင်က တောင်းဆိုခဲ့ပါတယ်။ နောက်ပြီး နောက်ထပ် စမ်းသပ်မှုတွေကို ရပ်ဆိုင်းပြီး အဏုမြူစမ်းသပ်တဲ့နေရာတွေကို ဖျက်ပစ်မယ်လို့လည်း ကတိပေးခဲ့ ပါတယ်။ အဏုမြူ လက်နက် ကျွမ်းကျင်သူ ဂျူယွန်ကင်ကတော့ ဒီလိုပြောတာနဲ့ ကင်ဂျုံအွန်းဘက်က တဘက်သတ် လက်နက်ဖျက်သိမ်းမယ်လို့ ပြောတာ မဟုတ်ဘူးလို့ ဆိုပါတယ်။
“တကယ်က မြောက်ကိုရီးယားကို အဏုမြူ လက်နက်ပိုင်ရှင်အဖြစ် ကင်ဂျုံအွန်းက ကြေညာထားတာပါ။ ဒါကလည်း အဏုမြူ နိုင်ငံကြီးတွေ ပြောတတ်တဲ့ စကားမျိုးပါ။ တကယ်က အဏုမြူ စမ်းသပ်မှု ခြောက်ခါလောက် လုပ်ပြီးရင် ဘာမှ ထပ်စမ်းစရာ မလိုတော့ပါဘူး။ ဒါကြောင့် ကင်ဂျုံအွန်းက ထိပ်သီးဆွေးနွေးပွဲတွေ တက်ပြီး အမေရိကန်နဲ့ ပုခုံးချင်း ယှဉ်နိုင်တဲ့ အင်အားကြီး နိုင်ငံ ပုံစံမျိုး ဖမ်းပြနေတာပါ။ ”
ဆက်ဒမ်ဟူစိန်နဲ့ ကဒါဖီတို့ ကျဆုံးသွားတာကို ကြည့်ပြီး ကင်မိသားစုက အဏုမြူ လက်နက်ကို ခံစစ်သဘော ထုတ်တာ၊ အမေရိကန်ရဲ့ အစိုးရ အပြောင်းအလဲလုပ်မယ့် အကြံကို တားဖို့ ထားတာလို့ ယူဆသူတွေ များပါတယ်။
ကင်ဂျုံအွန်းတို့ သားအဖ သူတို့ကိုယ်ကို ကာကွယ်ဖို့ ဒီလို တိုက်ချင်းပစ် ဒုံးကျည်တွေ ထုတ်စရာ မလိုပါဘူးလို့ ဝေဖန်သူတွေလည်း ရှိပါတယ်။ ဘူဆန် တက္ကသိုလ်က ပါမောက္ခ ဘရိုင်ယန် မိုင်ယာစ်လည်း ဒီထဲမှာ ပါပါတယ်။ အာရှ အသင်းတော် ဟောပြောပွဲ တခုမှာ သူက ခုလို ပြောတယ်။ “ ဒီအစိုးရကို အဏုမြူ လက်နက် မထုတ်အောင် မတားနိုင်တာကို ကြည့်ရင် သူတို့ ဘယ်တုန်းကမှ လုံခြုံရေးကို မပူခဲ့ရဘူး ဆိုတာ သိနိုင်တယ်။ ဒါတွေ မရှိလို့ မြောက်ကိုရီးယားဟာ လစ်ဗျားလိုပဲ ဒုက္ခရောက်မယ် ဆိုရင် ၁၉၉၈ လောက်ကတည်းက ဗုံးကြဲခံရလောက်ပြီ။”
ဒါတွေ ဘာကြောင့် မဖြစ်ခဲ့သလဲ ဆိုတော့ တောင်ကိုရီးယားရဲ့ ကာကွယ်တိုက်ခိုက်နိုင်စွမ်းက တအားညံ့လို့ပါ။ ဆိုးလ်မြို့တော်က စစ်မဲ့ဇုန်ကနေ မိုင် (၃ဝ) ပဲ ဝေးပါတယ်။ မြောက်ကိုရီးယားနဲ့ အမြောက်တကမ်းမှာ ရှိတာပါ။
ကာကွယ်ရေးအတွက် ကင်တွေမှာ အဏုမြူ လက်နက်တွေ မလိုဘူးဆိုရင် ဘာအတွက် လိုသလဲ။ ဂျူယွန်ကင်အလိုအရ နှစ်နိုင်ငံပေါင်းစည်းဖို့ မြောက်ဘက်က ဆုံးဖြတ်တဲ့အခါ အမေရိကန် တောင်ကိုရီးယားဘက်က မကူနိုင်အောင် ဖြစ်ပါတယ်။
“မြောက်ကိုရီးယားရဲ့ လူသိရှင်ကြား ထုတ်ပြန်ချက်တွေ၊ အပြုအမူတွေနဲ့ သီးသန့်ပြောကြားချက်တွေကို ကြည့်ရင် ဒီအဏုမြူလက်နက်တွေဟာ ခြိမ်းခြောက်ဖို့နဲ့ အင်အားသုံး ပေါင်းစည်းရေးမှာ လိုလာရင် သုံးဖို့ ဖြစ်ပါတယ်။ ဒါ သူတို့ ပွင့်ပွင့်လင်းလင်းရော အတွင်းကျိတ်ရော ပြောနေတဲ့ စကားပါ။ ”
ကင်ရဲ့ အဏုမြူ လက်နက်တွေက ပြန်လည် ပေါင်းစည်းရေးအတွက်လို့ မိုင်ယာစ်ကလည်း သဘောတူပါတယ်။ ဒါပေမဲ့ အင်အားနဲ့ ပေါင်းဖို့ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
“ငြိမ်းချမ်းရေး စာချုပ်တွေ လက်မှတ်ထိုးဖို့ မြောက်ကိုရီးယားမှာ အမေရိကန်ထိ ပစ်နိုင်တဲ့ အဏုမြူ လက်နက်တွေလိုပါတယ်။ ဒါသူတို့ အမြဲလိုလားတဲ့ ဈေးဆစ်နည်း ဖြစ်ပါတယ်။
“ အမေရိကန်နဲ့ စာချုပ်ချုပ်ဖို့က အမေရိကန်တပ်တွေ ဒီကျွန်းဆွယ်က ထွက်သွားဖို့ လိုပါတယ်။ နောက်တဆင့်အနေနဲ့ မြောက်ဘက်က မကြာခဏ ပြောနေသလို တောင်-မြောက် ကွန်ဖက်ဒရိတ် နိုင်ငံပုံစံမျိုး ဖွဲ့ချင်တာပါ။ ဒီအကြောင်းက ၁၉၆ဝ ကျော်ကတည်းက ပြောနေတာပါ။ ဒါတွေမသိဘဲ ပြောနေရင်တော့ နုံအရာ ကျပါတယ်။ ”
ဆင်းရဲပြီး ခေတ်နောက်ကျတဲ့ မြောက်ကိုရီးယားက ခေတ်မီ ချမ်းသာပြီး စစ်ရေးအရ ပိုအဆင့်မြင့်တဲ့ တောင်ကိုရီးယားကို ပေါင်းစည်းမယ် ဆိုတဲ့ အတွေးက မဖြစ်နိုင်ဘူး ထင်ရပါတယ်။ ဒါပေမဲ့ ဒါဟာ မြောက်ဘက်ရဲ့ ရည်မှန်းချက် အဖြစ် ရှိနေဆဲလို့ ဘရက်ဒလေ မာတင်က ထောက်ပြပါတယ်။
“ပြန်လည်ပေါင်းစည်းရေးက သူတို့ရဲ့ နံပါတ်တစ် ရည်မှန်းချက်လို့ ကျွန်တော် အမြဲယူဆပါတယ်။ ဒါကို သူတို့ မလုပ်နိုင်မှန်း သိလို့ လက်မြှောက်လိုက်တာ ကြာပြီလို့ ပြောသူတွေလည်း ရှိပါတယ်။ ဒါဟာ တနိုင်ငံလုံးက လူတွေ အာရုံစိုက်တာ ခံရရင် တည်ဆောက်လို့ ရတဲ့ ယုံကြည်မှုကို လျှော့တွက်တာပါ။ လူတယောက်တည်းက အုပ်ချုပ်တဲ့ နိုင်ငံမှာ ဝါဒဖြန့်ချိရေးကို ကိုင်ထားရင် ဒီလူတွေကို ဘာမဆို လုပ်လို့ရတယ် ဆိုပြီး အယုံသွင်းလို့ ရပါတယ်။ ”
တကယ်က ဘေဂျင်းကို သွားတဲ့ လမ်းတဝက်မှာ ရောက်သင့်ပါပြီ။ ဒါပေမဲ့ ပြုံယမ်း ဟိုတယ်တခုက မှောင်မည်းမည်းအခန်းထဲမှာ ကျွန်တော် ထိုင်နေပါတယ်။ နံရံပေါ်က ကင်အီဆွန်းနဲ့ ကင်ဂျုံအီးတို့ ပုံတွေက အောက်ကို စိုက်ကြည့်နေသလို သူတို့အသွင်အပြင်ကလည်း ဒုက္ခပေးမယ့်ပုံစံ ပေါက်နေပါတယ်။
ကျွန်တော် တုန်လှုပ် ကြောက်ရွံ့ နေပါတယ်။ စားပွဲတဘက်က ဆေးလိပ်သမားပုံပေါက်တဲ့ ပိန်ပါးပါးလူကလည်း ခပ်တည်တည် ခြိမ်းခြောက်တဲ့ ပုံစံနဲ့ ကြည့်နေပါတယ်။
“ဒါတွေ ခဏလေးနဲ့ ပြီးသွားပြီး အိမ်ပြန်နိုင်ပါတယ်” ညာဘက်လက်ထဲမှာ မီးမညှိထားတဲ့ စီးကရက်ကို လှည့်ရင်း ဒီလူက ဆက်ပြောတယ်။ “ခင်ဗျား အပြစ် တွေကို ဝန်ခံပြီး တောင်းပန်ရင် ဒါတွေ ပြီးသွားမှာပါ။ ဆက်ငြင်းနေမယ်ဆိုရင်တော့ ပိုဆိုးလာလိမ့်မယ်။”
လွန်ခဲ့တဲ့ တနာရီလောက်က ဘေဂျင်းသွားတဲ့ လေယာဉ်ပေါ်တက်ဖို့ ကျွန်တော် ပြုံယမ်းလေဆိပ် ရောက်နေပါတယ်။ အခုတော့ နာရီတွေ ရက်တွေနဲ့ ချီ ကြာနိုင်တဲ့ စစ်ကြောရေးနဲ့ တွေ့နေပါတယ်။
ကျွန်တော်ကို စစ်တဲ့ အရာရှိ အဆိုအရ ကျွန်တော့ အပြစ်က ဗိုလ်ချုပ်ကြီး ကင်ဂျုံအွန်းကို စော်ကားမှု ဖြစ်ပါတယ်။ ကျွန်တော် ဇောချွေးတွေ ပြန်ပြီး အေးစက်လာပါတယ်။
ဒါ အရေးကြီးတဲ့ ပြစ်မှုပါ။ ဘယ်လို ကျူးလွန်ခဲ့တယ် ဆိုတာကို မစဉ်းစားတတ်တော့ပါဘူး။ ဒါလည်း အရေးမကြီးပါဘူး။ ကျွန်တော့အပြစ်ကို တနေရာက ဆုံးဖြတ်ပြီးသားမို့ ကျွန်တော့ ဝန်ခံချက် ဒီလူက ရရမှာပါ။

ပြုံယမ်းမှာ အဖမ်းခံရတဲ့ ရူးပတ်ဝင်းဖီးဟေးစ်
ညရောက်လာတော့ စစ်တဲ့အဖွဲ့ ပြောင်းပြီး ပိုကြောက်စရာ ကောင်းလာပါတယ်။ စစ်တဲ့ လူသစ်က အေးစက်စက် ဒုက္ခပေးမယ့် မျက်လုံးတွေနဲ့ စိုက်ကြည့်ပါတယ်။
“ကက်နက်ဘေးကို စစ်ခဲ့တာ ငါပဲ ၊ ဒါဆို ဘာဆိုလိုတယ် သိမှာပေါ့ ” လို့ အဲဒီလူက ဆိုပါတယ်။
ကိုရီးယား အမေရိကန် လူမျိုး ဓမ္မဆရာ ကက်နက်ဘေးကို မြောက်ကိုရီးယားက အလုပ်ကြမ်းနဲ့ ထောင် (၁၅) နှစ် ချခဲ့တာပါ။ နှစ်နှစ်ကျော်မှာ သူ့ကို လွှတ်ပေးဖို့ သဘောတူညီချက် ရလို့ လွတ်လာခဲ့ပါတယ်။
စစ်ကြောရေးက ကြောက်စရာ ကောင်းသလို စိတ္တဇဆန်ပါတယ်။ မြောက်ကိုရီးယားကို နိုဘယ်ဆုရှင် သုံးယောက်လာတဲ့ ခရီးကို သတင်းယူဖို့ ကျွန်တော် ရောက်နေတာပါ။ အဲဒီနောက် ကျွန်တော်ရေးတာ မကြိုက်လို့ အဖမ်းခံရပြီး ထောင်ချမယ် ဆိုပြီး ခြိမ်းခြောက် ခံနေရပါတယ်။
ကျွန်တော့အတွက် ဒီဖြစ်ရပ်က မှန်းချက်မကိုက် ဖြစ်ရတာပါ။ မြောက်ကိုရီးယား အခြေအနေအမှန်ကို အပြင်က လူတွေ သိအောင် မဝေဖန်ဘဲ တင်ဆက်ဖို့ ဆိုတဲ့ ကျွန်တော့တာဝန်ကို မကျေသလို ဖြစ်သွားပါတယ်။ ကျွန်တော်က သည်းခံနိုင်တဲ့ ဘောင်ကျော်ပြီး သူတို့ အစိုးရ ရန်သူ ဖြစ်သွားတာပါ။
နောက် ဆိုးလ်ပြန်ရောက်မှ မြောက်ကိုရီးယား ထိပ်တန်း အရာရှိဟောင်း တယောက်က ရှင်းပြပါတယ်။
“ခင်ဗျားအပြစ်က ကင်ဂျုံအွန်းကို ဝေဖန်တာတင် မကဘူး၊ သူ့မြို့တော်ကနေ ဝေဖန်ခဲ့တာလေ။”
ကျွန်တော့ကို ဖမ်းပြီး ပြန်လွှတ်ပေးနိုင်တာ ကင်ဂျုံအွန်း တယောက်ပဲ ရှိတယ်လို့လည်း သူက ဆိုပါတယ်။
“ခင်ဗျားပြန်ထွက်လာနိုင်တာ သိပ်ကံကောင်းတယ်”
တောင်ကိုရီးယားမှာ ရှိတဲ့ ဆေဂျွန်း မြောက်ကိုရီးယား လေ့လာရေး ဌာနက ညွှန်ကြားရေးမှူး ပါမောက္ခ ဘက်ဟက်ဆွန်းကလည်း ကျွန်တော်နှင်ထုတ်ခံရ တာလောက်နဲ့ ပြီးသွားတာကို ကံကောင်းတယ်လို့ ယူဆပါတယ်။
“ကင်ရဲ့ စိတ်အခံက ဘုရင်တပါးလိုပါပဲ။ သူ့စိတ်က ဘယ်လို ဝေဖန်ဆန့်ကျင်မှုကိုမှ လက်ခံတာ မဟုတ်ပါဘူး။ ဘယ်လူမျိုး၊ ဘယ်နိုင်ငံမဆို သူ့ကိုလာယှဉ်ရင် ဆန့်ကျင်ရင် လက်မနှေးဘဲ တုံ့ပြန်သွားမယ့် သူမျိုးပါ။”
မြောက်ကိုရီးယားမှာ နိုင်ငံခြားသားတွေကို ပြစ်မှုသေးကလေးနဲ့ ဖမ်းတဲ့ ရာဇဝင် အရှည်ကြီး ရှိပါတယ်။ ကင်ဂျုံအွန်းကလည်း ဒါမျိုးဆို လက်မနှေးတဲ့ အထဲကပါ။ ၂ဝ၁၁ ကတည်းက နိုင်ငံခြားသား (၁၂) ယောက်နဲ့ တောင်ကိုရီးယား လေးယောက်ကို မြောက်ကိုရီးယားက ဖမ်းခဲ့ဖူးပါတယ်။ ကျွန်တော့ကို ၂ဝ၁၆ မှာ မဖမ်းခင် သုံးလအလိုကပဲ အမေရိကန် လူငယ် အော်တို ဝမ်းဘီးယားကို အလုပ်ကြမ်းနဲ့ ထောင် (၁၅) နှစ်ချပါတယ်။ သူ့အပြစ်က ဟိုတယ်နံရံက ဝါဒဖြန့်ပိုစတာကို ခိုးလို့ပါ။ သူ့အပြစ်နဲ့ ပြစ်ဒဏ်က လုံးဝမမျှပါဘူး။

အမေရိကန် နိုင်ငံသား အော်တိုဝမ်းဘီးယား မြောက်ကိုရီးယားမှာ အဖမ်းခံရစဉ်က
ဝမ်းဘီးယား အမေရိကန်ကို ဦးနှောက်ထိခိုက်ပြီး ပြန်လာ သလို ရောက်ပြီး ရက်ပိုင်းအတွင်းမှာ သေဆုံးခဲ့ပါတယ်။ သူ့အဖြစ်က ထူးဆန်းတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ အမေရိကန် အကျဉ်းသားတွေကို အဖိုးတန်လို့ ညှဉ်းပန်းတာတွေ လုပ်လေ့ မရှိပါဘူး။
မြောက်ကိုရီးယား အဖို့ အမေရိကန် အကျဉ်းသားတွေက သံတမန်ရေး ကစားပွဲမှာ နယ်ရုပ်ကလေးတွေပါ။ အကြာကြီး စေ့စပ်ဖို့ အမေရိကန်ကို သူတို့ ဖိအားပေးပါတယ်။ နောက်ဆုံး ထိပ်တန်း သံတမန်တယောက်ကို လွှတ်ပြီး ပြန်လွှတ်ပေးဖို့ လာညှိခိုင်းပါတယ်။ ဒီထဲမှာ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာတောင် ပါပါတယ်။ ၂ဝဝ၉ တုန်းက ဘီလ်ကလင်တန်လည်း ပြုံယမ်းကို လာပြီး အမေရိကန် သတင်းထောက် နှစ်ယောက်ကို လာထုတ်ရဖူးပါတယ်။
ဒေးဗစ်စထရောက်က ဘီလ်ကလင်တန်နဲ့ လိုက်လာတဲ့ သံတမန်ဟောင်း တယောက်ပါ။
"မြောက်ကိုရီးယားတွေက ကလင်တန်လာမှ ဒီနှစ်ယောက်ကို ပြန်လွှတ်မယ်လို့ တောင်းဆိုပါတယ်။ ကလင်တန်နဲ့ ကင်ဂျုံအီးပုံ အတူရိုက်ချင်တာက ထင်ရှားပါတယ်။ ဒါမှ သူတို့နိုင်ငံထဲက လူတွေကို ပြပြီး အမေရိကန်တွေကို သူတို့ ထင်သလို လုပ်လို့ရတယ် ဆိုတာ ပြနိုင်မှာပါ။ ကမ္ဘာကို ရောပေါ့။ "
ဒါပေမဲ့ ကင်ဂျုံအီး လိုချင်တာက အမေရိကန် သမ္မတဟောင်း မဟုတ်ပါဘူး။ တကယ့် လက်ရှိသမ္မတနဲ့ မျက်နှာချင်းဆိုင် စေ့စပ်ချင်တာပါ။
မေလ (၉) ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို ပြုံယမ်းကို ရောက်လာပါတယ်။ တလအတွင်း ဒုတိယအကြိမ်ပါ။ ကင်ဂျုံအွန်းနဲ့ တွေ့တော့ သူ့ကို မြောက်ကိုရီးယား ဖမ်းထားတဲ့ အမေရိကန် သုံးယောက် လွှဲပေးလိုက်ပါတယ်။
ဒီထဲအကြာဆုံး အဖမ်းခံရသူက ကိုရီးယား အမေရိကန် စီးပွားရေးသမား ကင်ဒေါင်ချူးပါ။ မြောက်ကိုရီးယားမှာ သုံးနှစ်လောက် အဖမ်းခံရပါတယ်။ ကင်ဂျုံအွန်းနဲ့ ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင် ဒီလူသုံးယောက် လွှတ်ပေးဖို့ ထရမ့်က တောင်းဆို ခဲ့တာ ဖြစ်ပါတယ်။
ပြန်လွတ်လာသူတွေကို အင်ဒရူး လေတပ်စခန်းမှာ သွားကြိုတဲ့အခါမှာ သမ္မတ ထရမ့်က ဒီလို ကြေညာပါတယ်။ “ဒီလို မယုံနိုင်စရာ လူ သုံးယောက် စလုံးကို လွှတ်ပေးလိုက်တဲ့ ကင်ဂျုံအွန်းကို ကျေးဇူး တင်တယ်”
ဒီလိုစကားတွေ ပြောတာကို ထောက်ရင် ထရမ့်အနေနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ ပထမဆုံး ထိပ်သီးဆွေးနွေးပွဲ လုပ်ခွင့်ရတာကို ဘယ်လောက် လိုလားသလဲ သိနိုင်ပါတယ်။ ကင်ဂျုံအွန်းရဲ့ ရည်မှန်းချက် တွေလည်း ပြည့်ခဲ့ပါတယ်။
မြောက်ကိုရီးယား အဖို့ အမေရိကန် အကျဉ်းသားတွေက သံတမန်ရေး ကစားပွဲမှာ နယ်ရုပ်ကလေးတွေပါ။ အကြာကြီး စေ့စပ်ဖို့ အမေရိကန်ကို သူတို့ ဖိအားပေးပါတယ်။ နောက်ဆုံး ထိပ်တန်း သံတမန်တယောက်ကို လွှတ်ပြီး ပြန်လွှတ်ပေးဖို့ လာညှိခိုင်းပါတယ်။ ဒီထဲမှာ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာတောင် ပါပါတယ်။ ၂ဝဝ၉ တုန်းက ဘီလ်ကလင်တန်လည်း ပြုံယမ်းကို လာပြီး အမေရိကန် သတင်းထောက် နှစ်ယောက်ကို လာထုတ်ရဖူးပါတယ်။
ဒေးဗစ်စထရောက်က ဘီလ်ကလင်တန်နဲ့ လိုက်လာတဲ့ သံတမန်ဟောင်း တယောက်ပါ။
"မြောက်ကိုရီးယားတွေက ကလင်တန်လာမှ ဒီနှစ်ယောက်ကို ပြန်လွှတ်မယ်လို့ တောင်းဆိုပါတယ်။ ကလင်တန်နဲ့ ကင်ဂျုံအီးပုံ အတူရိုက်ချင်တာက ထင်ရှားပါတယ်။ ဒါမှ သူတို့နိုင်ငံထဲက လူတွေကို ပြပြီး အမေရိကန်တွေကို သူတို့ ထင်သလို လုပ်လို့ရတယ် ဆိုတာ ပြနိုင်မှာပါ။ ကမ္ဘာကို ရောပေါ့။ "
ဒါပေမဲ့ ကင်ဂျုံအီး လိုချင်တာက အမေရိကန် သမ္မတဟောင်း မဟုတ်ပါဘူး။ တကယ့် လက်ရှိသမ္မတနဲ့ မျက်နှာချင်းဆိုင် စေ့စပ်ချင်တာပါ။
မေလ (၉) ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို ပြုံယမ်းကို ရောက်လာပါတယ်။ တလအတွင်း ဒုတိယအကြိမ်ပါ။ ကင်ဂျုံအွန်းနဲ့ တွေ့တော့ သူ့ကို မြောက်ကိုရီးယား ဖမ်းထားတဲ့ အမေရိကန် သုံးယောက် လွှဲပေးလိုက်ပါတယ်။

ဒီထဲအကြာဆုံး အဖမ်းခံရသူက ကိုရီးယား အမေရိကန် စီးပွားရေးသမား ကင်ဒေါင်ချူးပါ။ မြောက်ကိုရီးယားမှာ သုံးနှစ်လောက် အဖမ်းခံရပါတယ်။ ကင်ဂျုံအွန်းနဲ့ ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင် ဒီလူသုံးယောက် လွှတ်ပေးဖို့ ထရမ့်က တောင်းဆို ခဲ့တာ ဖြစ်ပါတယ်။
ပြန်လွတ်လာသူတွေကို အင်ဒရူး လေတပ်စခန်းမှာ သွားကြိုတဲ့အခါမှာ သမ္မတ ထရမ့်က ဒီလို ကြေညာပါတယ်။ “ဒီလို မယုံနိုင်စရာ လူ သုံးယောက် စလုံးကို လွှတ်ပေးလိုက်တဲ့ ကင်ဂျုံအွန်းကို ကျေးဇူး တင်တယ်”
ဒီလိုစကားတွေ ပြောတာကို ထောက်ရင် ထရမ့်အနေနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ ပထမဆုံး ထိပ်သီးဆွေးနွေးပွဲ လုပ်ခွင့်ရတာကို ဘယ်လောက် လိုလားသလဲ သိနိုင်ပါတယ်။ ကင်ဂျုံအွန်းရဲ့ ရည်မှန်းချက် တွေလည်း ပြည့်ခဲ့ပါတယ်။
ခရက်ဒစ်
စာရေးသူ၊ ရူးပတ် ဝင်းဖီးဟေးစ်
ဓာတ်ပုံ၊ အီးပီအေ၊ ဂတ်တီ၊ ရိုက်တာ












