လွတ်လပ်အတွေးဆွေးနွေးဖလှယ် - တစ်လင်တစ်မယား ဥပဒေ

ဓာတ်ပုံ ရင်းမြစ်, epa
နားဆင် နိုင်ပါပြီ။
တစ်လင် တစ်မယား စနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေ နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ ကြတာ ဖြစ်ပါတယ်။
ဒီဥပဒေဟာ တိုင်းရင်းသား ပေါင်းစုံ လူမျိုး ပေါင်းစုံ ဘာသာပေါင်းစုံ အတူ ယှဉ်တွဲ နေထိုင်တဲ့ မြန်မာ နိုင်ငံမှာ လူမျိုး မရွေး ဘာသာ မရွေး အားလုံး အတွက် တကယ်ပဲ အကာ အကွယ် ပေးမှာလား နောက်ပြီး.. ဒါဟာ
တရားမျှ တတဲ့ ဥပဒေ တစ်ခု ဖြစ်လား ဒါတွေကိုလည်း ဆွေးနွေး ခဲ့ကြပါတယ်။
သောတရှင်တွေ နဲ့ အတူ…
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ မဘသ ဗဟို ဦးဆောင် ကော်မတီဝင် ဓမ္မစက္က ဦးမောင်မောင် နဲ့ တရားလွှတ်တော် ရှေ့နေ ကြီး ဦးသိန်းသန်းဦး တို့က ပင်တိုင် ဝင်ရောက် ဆွေးနွေး ပေးခဲ့ပါတယ်။
ပါဝင် ဆွေးနွေး ခဲ့သူ တွေရော၊ မပါ လိုက်ရတဲ့ သူတွေပါ မကျန် ဘီဘီစီ ပရိသတ် အားလုံးကို ကျေးဇူး အထူး တင်ရှိ ပါတယ်။