လွတ်လပ်အတွေးဆွေးနွေးဖလှယ် - သူရဦးရွှေမန်း ဖယ်ရှားခံရမှု

ဓာတ်ပုံ ရင်းမြစ်, AFP
လွတ်လပ် အတွေး ဆွေးနွေး ဖလှယ် - နားဆင်နိုင်ပါပြီ။
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ကနေ ဥက္ကဌ သူရဦးရွှေမန်းကို ရာထူး ကနေ ဖယ်ရှား လိုက်တဲ့ ကိစ္စဟာ ပါတီတွင်း အာဏာသိမ်း မှုလား။ ဒီဖြစ်စဉ် မှာ နောက် ကနေ စစ်တပ် ပါနေလား။
နောက်ပြီး မကြာခင် ကျင်းပ တော့မယ့် ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီ အပြောင်း အလဲ အတွက် သက်ရောက် မှုတွေ ဖြစ်လာ နိုင်သလား ဆိုတာ ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။
ပင်တိုင်ဆွေးနွေး ပေးမယ့် သူတွေကတော့… ပြည်ခိုင်ဖြိုး ပါတီက အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ၊ ဧရာဝတီ သတင်းဌာန က အယ်ဒီတာ ချုပ် ကိုအောင်ဇော် တို့ ဖြစ်ပါတယ်။
သောတရှင်တွေနဲ့ အတူ နောက်ထပ် အားဖြည့် ဆွေးနွေး ပေးခဲ့ သူတွေ ကတော့ ၆၂ ကျောင်းသား ခေါင်းဆောင် ဟောင်း ဦးလှရွှေနဲ့ ရခိုင် အမျိုးသား ပါတီ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် လည်းဖြစ် မြေပုံ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် လည်း ဖြစ်တဲ့ ဦးဖေသန်း တို့ ဖြစ်ကြ ပါတယ်။
ပါဝင် ဆွေးနွေး ခဲ့သူ တွေရော၊ မပါ လိုက်ရတဲ့ သူတွေပါ မကျန် ဘီဘီစီ ပရိသတ် အားလုံးကို ကျေးဇူး အထူး တင်ရှိ ပါတယ်။