လွတ်လပ်အတွေးဆွေးနွေးဖလှယ် - အမတ်လောင်းတွေ ပိုင်ဆိုင်မှု

လွတ်လပ်အတွေး ဆွေးနွေးဖလှယ် - နားဆင်နိုင်ပါပြီ။
နိုင်ငံရေး ပါတီတွေ အားလုံးရဲ့ ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ် လောင်း တွေ အနေနဲ့ မိမိတို့ရဲ့ ပိုင်ဆိုင်မှုကို တင်ပြသင့် မသင့် ဆွေးနွေး ခဲ့ကြတာပါ။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကတော့ ၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ် လောင်းတွေ အနေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှု တွေကို ပါတီ ကို တင်ပြဖို့ NLD ဗဟို ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့က ညွှန်ကြား ထားပြီ ဖြစ်ပါတယ်။
ဒါ့အပြင် ပိုင်ဆိုင်မှု တင်ပြတဲ့ နေရာမှာ အများ ပြည်သူ သိအောင် ချပြ သင့် မသင့် ဆိုတာလည်း ဆွေးနွေး ခဲ့ကြတာပါ။
ပင်တိုင် ဆွေးနွေးခဲ့ သူတွေ ကတော့ NLD ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန် နဲ့ နောက်တဦး ကတော့ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ကချင် ပြည်နယ် ဥက္ကဌ ဒေါ်ဘောက်ဂျာ တို့ ဖြစ်ကြ ပါတယ်။
ပါဝင် ဆွေးနွေး ခဲ့သူ တွေရော၊ မပါ လိုက်ရတဲ့ သူတွေပါ မကျန် ဘီဘီစီ ပရိသတ် အားလုံးကို ကျေးဇူး အထူး တင်ရှိ ပါတယ်။