လွတ်လပ်အတွေးဆွေးနွေးဖလှယ် - ကြံ့ခိုင်ရေး အကွဲအပြဲ

လွတ်လပ် အတွေး ဆွေးနွေး ဖလှယ် နားဆင် နိုင်ပါပြီ။
အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ခေါင်းဆောင်တွေ ကြားမှာ သဘောထား ကွဲလွဲ မှုတွေ အကွဲ အပြဲ တွေ ဖြစ်နေ တယ်ဆိုတဲ့ သတင်းတွေ ဟာ တကယ်ပဲလား။ ဒါမှမဟုတ် နိုင်ငံရေး လှည့်ကွက် တခုလား။
ကြံ့ခိုင်ရေး ပါတီ တွင်း အခုလို ဖြစ်ပျက် နေမှုဟာ မြန်မာ့ နိုင်ငံရေး အတွက် ဘယ်လို အကျိုးသက် ရောက်မှု တွေ ဖြစ်လာ နိုင်တယ်လို့ ယူဆပါ သလဲ။ စတာတွေကို ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။
သောတရှင်တို့နဲ့ အတူ ကြံ့ခိုင်ရေး ပါတီ ဗဟိုကော် မတီဝင်၊ ဂွမြို့နယ် ပြည့်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကြည်သာ၊ ဧရာဝတီ သတင်း ဌာနက အယ်ဒီတာ ကိုကျော်စွာမိုး တို့ ပင်တိုင် ဝင်ရောက် ဆွေးနွေး ပေးခဲ့ ကြတာ ဖြစ်ပါတယ်။
ပါဝင် ဆွေးနွေး ခဲ့သူ တွေရော၊ မပါ လိုက်ရတဲ့ သူတွေပါ မကျန် ဘီဘီစီ ပရိသတ် အားလုံးကို ကျေးဇူး အထူး တင်ရှိ ပါတယ်။