လွတ်လပ်အတွေးဆွေးနွေးဖလှယ် - NLD နဲ့ စိန်ခေါ်မှု

လွတ်လပ် အတွေး ဆွေးနွေး ဖလှယ် နားဆင် နိုင်ပါပြီ။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေနဲ့၂၀၁၅ ရွေးကောက် ပွဲ ဝင်ရောက် ယှဉ်ပြိုင်တဲ့ နေရာမှာ အဓိက ရင်ဆိုင် ရမယ့် စိန်ခေါ် မှုတွေက ဘာတွေ ဖြစ်လာ နိုင် သလဲ ဆိုတဲ့ အကြောင်း ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။
ပင်တိုင် ဆွေးနွေး သူတွေ အဖြစ် နေပြည်တော် ဇမ္ဗူသီရိ မဲဆန္ဒ နယ်မြေက အန်အဲလ်ဒီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၊
တခါ အန်အဲလ်ဒီ ခေါင်းဆောင်း ပိုင်းမှာ အရင်တုန်းက တာဝန် ယူခဲ့ ဖူးသူ အခုတော့ အန်အဲလ်ဒီက ထွက်ပြီး လွှတ်တော် ပြင်ပ လှုပ်ရှားမှု အဖွဲ့ ဖြစ်တဲ့ ညီညွတ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ နာယက ဦးနိုင်းနိုင်း တို့ ပါဝင် ကြပါတယ်။
ပါဝင် ဆွေးနွေး ခဲ့သူ တွေရော၊ မပါ လိုက်ရတဲ့ သူတွေပါ မကျန် ဘီဘီစီ ပရိသတ် အားလုံးကို ကျေးဇူး အထူး တင်ရှိ ပါတယ်။