လွတ်လပ်အတွေးဆွေးနွေးဖလှယ် - လိင်တူချစ်သူ

ညီမျှခြင်း မြန်မာ အဖွဲ့က ကိုအောင်မျိုးမင်းနဲ့ အတူ လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေတို့ ပင်တိုင် ဆွေးနွေးခဲ့ကြ

ဓာတ်ပုံ ရင်းမြစ်, aung myo min

ဓာတ်ပုံ ပုံစာ, ညီမျှခြင်း မြန်မာ အဖွဲ့က ကိုအောင်မျိုးမင်းနဲ့ အတူ လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေတို့ ပင်တိုင် ဆွေးနွေးခဲ့ကြ

လွတ်လပ် အတွေး ဆွေးနွေး ဖလှယ် နားဆင် နိုင်ပါပြီ။

လိင်တူ ချစ်တာ အပြစ်လို့ ထင်ပါ သလား။ မြန်မာ နိုင်ငံမှာ လိင်တူချင်း ဆက်ဆံ တာကို ရာဇဝတ်မှု အဖြစ် သတ်မှတ် ထားတဲ့ အပေါ် ဘယ်လို မြင်ပါ သလဲ။ သူတို့ တွေကို တရားဝင် လက်ထပ်ခွင့် ပေးသင့် ပြီလား။ လိင်တူ ချစ်သူ တွေဟာ တခြား နိုင်ငံ တချို့မှာ လိုပဲ တရားဝင် အခွင့် အရေး ရသင့် တယ်လို့ မြင်ပါ သလား။

စတာ တွေကို သောတရှင် တို့ ကိုယ်တိုင် ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

ပင်တိုင် ဆွေးနွေး သူတွေ အဖြစ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ၊ ညီမျှခြင်း မြန်မာ အဖွဲ့က ကိုအောင်မျိုးမင်းတို့ ပါဝင် ခဲ့ကြ ပါတယ်။

ပါဝင် ဆွေးနွေး ခဲ့သူ တွေရော၊ မပါ လိုက်ရတဲ့ သူတွေပါ မကျန် ဘီဘီစီ ပရိသတ် အားလုံးကို ကျေးဇူး အထူး တင်ရှိ ပါတယ်။