လွတ်လပ်အတွေး ဆွေးနွေးဖလှယ် - မဲစာရင်းအမှား

ဓာတ်ပုံ ရင်းမြစ်, AP
လွတ်လပ် အတွေး ဆွေးနွေး ဖလှယ် - နားဆင်နိုင် ပါတယ်။
ရွေးကောက်ပွဲ အတွက် ထုတ်ပြန် ကြေငြာ ထားတဲ့ အခြေခံ မဲဆန္ဒရှင် စာရင်းမှာ အမှား အယွင်းတွေ ပါဝင် နေတာတဲ့ ပတ်သက်ပြီး၊ ဘာကြောင့် အခုလို ဖြစ်နေ ရတာလဲ။
မဲစာရင်းတွေ အချိန်မီ ပြင်နိုင်အောင် ဘာတွေ လုပ်ဆောင်ဖို့ လိုမလဲ ဆိုတာ တွေကို ဆွေးနွေးခဲ့ ကြတာ ဖြစ်ပါတယ်။
ပင်တိုင် ဆွေးနွေး သူတွေ အဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကြည်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို မဲစာရင်း စိစစ်ရေး အဖွဲ့ ခေါင်းဆောင် ဦးထွန်းထွန်းဟိန် တို့ ပါဝင် ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။
ပါဝင် ဆွေးနွေး ခဲ့သူ တွေရော၊ မပါ လိုက်ရတဲ့ သူတွေပါ မကျန် ဘီဘီစီ ပရိသတ် အားလုံးကို ကျေးဇူး အထူး တင်ရှိ ပါတယ်။