လွတ်လပ်အတွေး ဆွေးနွေးဖလှယ် - လယ်ယာမြေ သိမ်းဆည်းမှု

ဓာတ်ပုံ ရင်းမြစ်, bbc
လွတ်လပ်အတွေး ဆွေးနွေး ဖလှယ် - နားဆင်နိုင်ပါပြီ။
စစ်တပ်ကနေ လယ်မြေ သိမ်းလို့ တောင်သူ တစ်ယောက် မကြာမီက ကိုယ့်ကိုယ်ကို မီးရှို့ သတ်သေ သွားခဲ့ တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါ တယ်။
တောင်သူတွေ မြေယာ ဆုံးရှုံးမှု ဟာ ဆန္ဒ ထုတ်ဖော် ထောင်ကျတဲ့ အဆင့် ကနေ အခုတော့ ကိုယ့်ကိုယ်ကို မီးရှို့ သတ်သေပြီး ဆန္ဒပြတဲ့ အဆင့်ကို ရောက်ရှိ လာတာဟာ အခြေ အနေ ဘယ်လောက် ဆိုးနေပြီလဲ။
အစိုးရနဲ့ လွှတ်တော်က ဒီကိစ္စကို ဖြေရှင်းပေး နေတယ် ဆိုတာ ကရော မထိ ရောက်တဲ့ သဘောလား၊ ဒါတွေ ကိုလည်း ဆွေးနွေးခဲ့ ကြပါတယ်။
ပင်တိုင် ဆွေးနွေး သူတွေ အဖြစ်၊ NLD တောင်သူ လယ်သမား ရေးရာ ကော်မတီ သနပ်ပင် မဲဆန္ဒ နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦး၊ မြန်မာ နိုင်ငံ တောင်သူ လယ်သမားများ အသင်း ဥက္ကဌ ဒေါက်တာ စိုးထွန်း တို့ ပါဝင် ခဲ့ကြ ပါတယ်။
ပါဝင် ဆွေးနွေး ခဲ့သူ တွေရော၊ မပါ လိုက်ရတဲ့ သူတွေပါ မကျန် ဘီဘီစီ ပရိသတ် အားလုံးကို ကျေးဇူး အထူး တင်ရှိ ပါတယ်။