လွတ်လပ်အတွေး ဆွေးနွေးဖလှယ် - ဒေါ်စု တရုတ်ခရီးစဉ်

ဓာတ်ပုံ ရင်းမြစ်, AFP
လွတ်လပ်အတွေး ဆွေးနွေး ဖလှယ် - နားဆင်နိုင်ပါပြီ။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့ တရုတ်ပြည် ခရီးစဉ် အတွင်း တရုတ် ခေါင်းဆောင်တွေ နဲ့ တွေ့တဲ့ အခါ ဒေါ်အောင်ဆန်း စုကြည် အနေနဲ့ ဘယ်လို အကြောင်း အရာ တွေကို ဆွေးနွေး သင့်တယ်လို့ ထင်ပါ သလဲ။
ဒီခရီးစဉ် ကနေ မြန်မာပြည် အတွက် ဘယ်လို အကျိုး ရလဒ်တွေကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဆောင်ကျဉ်း ပေးနိုင်မယ်လို့ ထင်ပါသလဲ။
ဒီအကြောင်း တွေကို သောတရှင် တို့ ကိုယ်တိုင် ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။
ပင်တိုင် ဆွေးနွေး ပေးခဲ့ သူတွေ ကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန် နဲ့ မြန်မာ့ အရေး လေ့လာသူ ပါရဂူ ကျောင်းသား လည်း ဖြစ်တဲ့ ကိုအောင်သူငြိမ်း တို့ ပါဝင် ခဲ့ကြ ပါတယ်။
ပါဝင် ဆွေးနွေး ခဲ့သူ တွေရော၊ မပါ လိုက်ရတဲ့ သူတွေပါ မကျန် ဘီဘီစီ ပရိသတ် အားလုံးကို ကျေးဇူး အထူး တင်ရှိ ပါတယ်။