လွတ်လပ်အတွေးဆွေးနွေးဖလှယ် - ရေကြီးမှု

လွတ်လပ် အတွေး ဆွေးနွေးဖလှယ် - နားဆင် နိုင်ပါပြီ။
အထက် မြန်မာ ပြည်မှာ ရေကြီး ရေလျှံ တာဟာ မိုးများလို့ ဆည်တွေမှာ ရေမထိန်း နိုင်တာကြောင့် လို့ ဆိုပါတယ်။
ဒါတွေကို ဘယ်လို တင်ကြို ကာကွယ် နိုင်မလဲ၊ ဆည် တည်ဆောက်တဲ့ နေရာမှာ အစိုးရ အနေနဲ့ ဘယ်လို တာဝန်ယူ တာဝန်ခံ ဖို့ လိုအပ် သလဲ ဆိုတာတွေကို ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။
သောတရှင် တွေနဲ့ အတူ ပင်တိုင် ဆွေးနွေး သူတွေ ကတော့... သမ္မတရဲ့ အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေး ကောင်စီ ဥက္ကဌ ဦးတင်ထွဋ်ဦး နဲ့ အတူ မြန်မာ့ ပြန်ပြည့်မြဲ စွမ်းအင် အသင်း က အတွင်းရေးမှူး ဦးအောင်မြင့် တို့ ဖြစ်ကြ ပါတယ်။
ပါဝင် ဆွေးနွေး ခဲ့သူ တွေရော၊ မပါ လိုက်ရတဲ့ သူတွေပါ မကျန် ဘီဘီစီ ပရိသတ် အားလုံးကို ကျေးဇူး အထူး တင်ရှိ ပါတယ်။