လွတ်လပ်အတွေးဆွေးနွေးဖလှယ် - သံလွင်ရေကာတာ ဆောက်သင့်လား

နားဆင်နိုင်ပါပြီ။
သံလွင်မြစ် တလျှောက် ရေအား လျှပ်စစ် စီမံကိန်း အတွက် ဆောက်လုပ်ဖို့ လျာထားတဲ့ ရေကာတာ တွေကို ရှေ့ဆက် ဆောင်ရွက်သင့် မသင့် ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။
ကမ္ဘာရာသီ ဥတု ပြောင်းလဲ မှုကြောင့် မိုးကြီးလို့ ရေကြီး ရေလျှံ ဖြစ်မှု ဒဏ်ကို ခံနေ ရပြီ ဖြစ်တဲ့ မြန်မာ နိုင်ငံမှာ ရေကာတာတွေ ထပ်ပြီး တည်ဆောက် တာဟာ အန္တရာယ် များသလား ဆိုတာကိုလည်း ဆွေးနွေး ခဲ့ကြ ပါတယ်။
မကြာသေးခင် ကလည်း သံလွင် မြစ်တလျှောက် ဒေသခံ ၂ သောင်း ကျော် ကနေ ဒီ ရေကာတာ စီမံကိန်း အတွက် ဆန်းစစ် လေ့လာ မှုတွေ လုပ်နေ တဲ့ ဩစတြေးလျက SMEC ကုမ္ပဏီ ထံ ရေကာတာ မဆောက်ရေး လက်မှတ် ရေးထိုး ကန့်ကွက် စာ ပေးပို့ ထားပါတယ်။
လွှတ်တော် သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဦးသိန်းလွင် ကလည်း အခု ဆွေးနွေး ပွဲမှာ ပင်တိုင် ၀င်ရောက် ဆွေးနွေး ပေးခဲ့ပါတယ်။
တခါ မြန်မာ့ ပြန်ပြည့်မြဲ စွမ်းအင် အသင်း REAM အတွင်းရေးမှူး ဦးအောင်မြင့် ကလည်း ရန်ကုန် စတူဒီယိုကနေ တိုက်ရိုက် ဆွေးနွေး ပေးခဲ့ပါတယ်။
ပါဝင် ဆွေးနွေး ခဲ့သူ တွေရော၊ မပါ လိုက်ရတဲ့ သူတွေပါ မကျန် ဘီဘီစီ ပရိသတ် အားလုံးကို ကျေးဇူး အထူး တင်ရှိ ပါတယ်။