လွတ်လပ်အတွေးဆွေးနွေးဖလှယ် - ရေဘေး အိုးအိမ်မဲ့ ပြန်ထူထောင်ရေး

ဓာတ်ပုံ ရင်းမြစ်, Reuters
နားဆင် နိုင်ပါပြီ။
မြန်မာပြည် တစ်လွှား ဖြစ်ပွား ခဲ့တဲ့ ရေကြီး ရေလျှံ မှုတွေ ကြောင့် သိန်းနဲ့ချီ ရှိခဲ့တဲ့ အိုးအိမ် ပျက်စီး ဆုံးရှုံး သွား သူတွေ အတွက် ဘယ် အတိုင်း အတာ အထိ ကူညီ ပေးဖို့ လိုနေ ပါသေးလဲ ဆိုတာ ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဘယ်လိုမျိုး ကူညီ ဆောင်ရွက် သင့်တယ် ဆိုတာကိုလဲ သောတရှင်တို့ ကိုယ်တိုင် ဆွေးနွေး ခဲ့ကြပါတယ်။
ပင်တိုင် ဆွေးနွေး ပေးခဲ့ သူတွေ ကတော့ ကယ်ဆယ် ရေးနဲ့ နေရာ ပြန်လည် ချထားရေး ဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်း၊ ၈၈ မျိုးဆက် ငြိမ်းပွင့်က မနုနုအောင် တို့ ဖြစ်ကြ ပါတယ်။
ပါဝင် ဆွေးနွေး ခဲ့သူ တွေရော၊ မပါ လိုက်ရတဲ့ သူတွေပါ မကျန် ဘီဘီစီ ပရိသတ် အားလုံးကို ကျေးဇူး အထူး တင်ရှိ ပါတယ်။