လွတ်လပ်အတွေးဆွေးနွေးဖလှယ်

အသံဖိုင် ပုံစာ, လွတ်လပ်အတွေးဆွေးဖလှယ်

နားဆင်နိုင်ပါပြီ။

ဦးဆောင်ဆွေးနွေးသူများ ဦးကျော်ဟိုး အန်အဲလ်ဒီ ဗဟို ဥပဒေ အကြံပေး ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့… အဖွဲ့ဝင်။ ဦးအောင်ကျော်စိုး LLB Group Myanmar အထက်တန်းရှေ့နေ…။

မြန်မာ နိုင်ငံမှာ အများ ပြည်သူတွေ အနေနဲ့ တရားရုံး ကိစ္စ ဆောင်ရွက်ဖို့ လိုအပ်တဲ့ အခါ အကူ အညီ ရယူနိုင်မယ့် ဥပဒေ ဆိုင်ရာ အထောက် အကူ ပေးရေး အဖွဲ့ကို ပြည်ထောင်စု တရားသူကြီးချုပ်က ဖွဲ့စည်းပေး လိုက်ပြီ ဖြစ်ပါတယ်။

လက်ရှိမှာ အမှု ရင်ဆိုင် ရသူတွေ အနေနဲ့ ဥပဒေကို လက်လှမ်း မမီနိုင်ပဲ ဘယ်နည်း ဘယ်ပုံ ဖြေရှင်း ရမယ်ဆိုတာ မသိနားမလည် သူတွေ ဘယ်လောက် အထိရှိနေပါလဲ။ သူတို့ရဲ့ အခက် အခဲတွေ ကရော ဘယ်လောက် အထိ ကြီးမားနေ ပါလဲ။

ဒါတွေကို အခု ဥပဒေ အထောက် အကူ ပေးရေး အဖွဲ့က ဘယ်အတိုင်းအတာ အထိ ဖြေရှင်း ဆောင်ရွက်ပေး နိုင်မှာပါလဲ။

ဘီဘီစီ ပရိသတ်တွေ ကိုယ်တိုင် ပါဝင် ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

ဝင်ရောက်ဆွေးနွေးသူ အားလုံးကို အထူးကျေးဇူး တင်ပါတယ်။