လွတ်လပ်အတွေးဆွေးနွေးဖလှယ်
နားဆင်နိုင်ပါပြီ....အများပြည်သူ ဆိုင်တဲ့ နေရာ ဝိုင်းဖွဲ့ သောက်စားမှု ….ဘယ်လိုမြင်လဲ....ဆွေးနွေးခဲ့....
ဦးဆောင်ဆွေးနွေးသူများ ဦးဇော်ဝင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင်၊ ဦးသောင်းဝင်း ပန်းချယ်ရီ - လူငယ်တိုးတက်ရေး ဆောင်းပါးရေးသားသူ။
ရန်ကုန်နဲ့ မန္တလေး မြို့ကြီး တွေက အများပြည်သူ နဲ့ သက်ဆိုင်တဲ့ နေရာတွေ၊ လူတွေ အပန်းဖြေတဲ့ နေရာမျိုးတွေမှာ အရက်သေစာ ဝိုင်းဖွဲ့ သောက်စား တာတွေကို ရဲ တပ်ဖွဲ့ ကနေ အသိပညာ ပေးတာ၊ ဖမ်းဆီး အရေးယူ တာတွေ ပြုလုပ်နေပါပြီ။
အခုလို ဝိုင်းဖွဲ့ သောက်စား မှုတွေဟာ လမ်းသွား လမ်းလာ တွေနဲ့ လာရောက် လည်ပတ် သူတွေကို ထိခိုက်မှု ရှိနေတယ် ဆိုတဲ့ သတင်း တွေလည်း ပိုထွက်လာ နေပါတယ်။
ဒီလို သောက်စားတဲ့ လုပ်ရပ်တွေဟာ အများ ပြည်သူ တွေအပေါ် ဘယ်လောက် အထိ ထိခိုက်မှု ရှိပါသလဲ။ ဒါတွေကို ဘယ်လို တားဆီး နိုင်မယ်လို့ မြင်ပါသလဲ။
သောတရှင်တို့ ကိုယ်တိုင် ပါဝင် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
#လွတ်လပ်အတွေး
#ဘီဘီစီမြန်မာပိုင်း
ဓါတ်ပုံ - Yangon Police facebook