လွတ်လပ်အတွေးဆွေးနွေးဖလှယ်
နားဆင်နိုင်ပါပြီ။ အမျိုးသမီးတွေ အပေါ် လိင်ပိုင်း အမြတ်ထုတ်မှု အကြောင်း ဆွေးနွေးခဲ့.....
ဦးဆောင် ဆွေးနွေးသူများ ဒေါ်ထားထား နှင့် ဒေါ်စန္ဒာမင်း
ရုံးတွေနဲ့ လုပ်ငန်းခွင်တွေ အတွင်း အမျိုးသမီး တွေကို လိင်ပိုင်း ဆိုင်ရာ အနိုင်ကျင့် အမြတ်ထုတ် တာတွေနဲ့ ပတ်သက်ပြီး နိုင်ငံ တကာမှာ ရှိတဲ့ အထင် ကရ ပုဂ္ဂိုလ်တွေ ကျူးလွန် နေကြတယ် ဆိုတဲ့ အကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ ပါတယ်။
မြန်မာနိုင်ငံမှာလည်း လုပ်ငန်း ခွင်တွေမှာ အမျိုး သမီးတွေ အပေါ် လိင်ပိုင်း ဆိုင်ရာ အနိုင်ကျင့် အမြတ်ထုတ် တာတွေ လူမသိ သူမသိ ရှိနေတယ် ဆိုတဲ့ ပြောဆို မှုတွေလည်း ရှိနေ ပါတယ်။
ဒီတော့ ဒါတွေဟာ ဘယ်လောက် အထိ ဆိုးဆိုး ဝါးဝါး ဖြစ်နေပါလဲ။ ဘယ်နည်း ဘယ်ပုံ တားဆီး ဖေါ်ထုတ် အရေးယူ နိုင်မယ်လို့ ထင်ပါ သလဲ။
ဒါတွေကို သောတရှင်တို့ ကိုယ်တိုင် ပါဝင်ဆွေးနွေးခဲ့ကြတာပါ။
ပါဝင် ဆွေးနွေး သူတွေ အားလုံးကို အထူး ကျေးဇူး တင်ရှိပါတယ်။ ဒေါ်ရီရီအောင် တင်ဆက်ပေးထားပါတယ်။