လွတ်လပ်အတွေးဆွေးနွေးဖလှယ်
နားဆင်နိုင်ပါပြီ။ ရွေးကောက်ပွဲ ၂ နှစ်ပြည့် အုပ်ချုပ်မှု ပြောင်းလဲပြီလား.... ဆွေးနွေးခဲ့....
ဦးဆောင်ဆွေးနွေးသူများ ဒေါ်ကြည်ပြာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ဒေါက်တာ ဒေါ်ညိုညိုသင်း ရန်ကုန်စောင့်ကြည့်အဖွဲ့
အန်အဲလ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရခဲ့တာ ၂ နှစ် တင်းတင်း ပြည်ခဲ့ပြီ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ ကြေညာ စာတမ်းမှာ အန်အဲဒီဟာ ပြည်သူလူထု အတွက် တရား မျှတစွာ အကာ အကွယ် ပေးမယ့် အုပ်ချုပ်ရေး စံနစ် ပေါ်ထွန်းလာရေး အတွက် ဆောင်ရွက်မယ် လို့လည်း ဖေါ်ပြထားပါတယ်။
ဒီတော့ ရွေးကောက်ပွဲ ပြီး ၂ နှစ် အတွင်းမှာ အများ ပြည်သူ အနေနဲ့ ဘယ်လောက် အထိ တရား မျှတပြီး အကာ အကွယ် ပေးနိုင်တဲ့ အုပ်ချုပ်မှု အပြောင်း အလဲကို ရရှိခဲ့ပါပြီလဲ။
ဘီဘီစီ ပရိသတ်တွေ ကိုယ်ပိုင် အတွေ့ အကြုံတွေနဲ့ ကိုယ်တိုင် ကိုယ်ကျ ပါဝင် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။