ဟာနီယာ သေဆုံးမှုက အီရန်လုံခြုံရေး အခြေအနေကို ဘယ်လို ထင်ဟပ်နေသလဲ, ကာစရာ နာဂျိ၊ အထူးသတင်းထောက်၊ ဘီဘီစီ ပါရှန်း
ဟားမတ်စ်ခေါင်းဆောင် အစ္စမေး ဟာနီယာနဲ့ သူ့ သက်တော်စောင့်တို့ သူတို့ တည်းနေတဲ့ အီရန်နိုင်ငံ တီဟီရန်မြို့မြောက်ပိုင်းက အဆောက်အအုံမှာ ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် မနက် ၂ နာရီလောက်မှာ အီရန် နယ်နိမိတ်အပြင်ဘက်ကနေ ဒုံးကျည်နဲ့ တိုက်ခိုက်ခံခဲ့ရပြီး သေဆုံးသွားခဲ့တယ်လို့ အီရန်က ပြောပါတယ်။
ဒီတိုက်ခိုက်မှုက အီရန် လုံခြုံရေး တပ်ဖွဲ့တွေအတွက် အီရန် နိုင်ငံထဲမှာ ဒီလို အစ္စရေးရဲ့ လှုပ်ရှားမှုတွေကို သူတို့ ဘယ်လို ထိန်းချုပ်သလဲဆိုတာ မေးခွန်း ထုတ်စရာတွေ ဖြစ်လာပါတယ်။
အီရန် နျူကလီးယား သိပ္ပံပညာရှင်တွေကို အစ္စရေးက ပြီးခဲ့တဲ့ ဆယ်စုနှစ်မှာ လုပ်ကြံသတ်ဖြတ်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ထိပ်တန်းခေါင်းဆောင်နဲ့ ထင်ရှားတဲ့ အီရန် နိုင်ငံရေး ခေါင်းဆောင်တွေကိုတော့ ပစ်မှတ်မထားခဲ့ပါဘူး။
အစ္စရေးရဲ့ စိမ့်ဝင်ထိုးဖောက်မှုက အတော်နက်နဲတဲ့အတွက် အာဏာပိုင်တွေအားလုံး သူတို့အသက်အန္တရာယ်အတွက် စိုးရိမ်သင့်တယ်လို့အီရန် သတင်းနဲ့စုံစမ်းထောက်လှမ်းရေး ဝန်ကြီးဟောင်း အလီယွန်နက်စီက ပြီးခဲ့တဲ့ သုံးနှစ်တုန်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images










