ဖားကန့် လမ်းတွေ ဒေသခံတွေ ပိတ်ဆို့

ဓာတ်ပုံ ရင်းမြစ်, AFP
ကချင် ပြည်နယ် ဖားကန့် ဒေသ မှာ ကျောက်စိမ်း တူးဖော် နေတဲ့ ကုမ္ပဏီ တွေရဲ့ စည်းကမ်းမဲ့ လုပ်ရပ် တွေ ကြောင့် ဒေသခံ ပြည်သူတွေ နှစ်စဉ် ထိခိုက် ဆုံးရှုံးမှု တွေကို ကာကွယ်ဖို့ ဆိုပြီး ပြီးခဲ့တဲ့ လတွေက လမ်းတွေ ပိတ် ဆန္ဒပြ ခဲ့လို့ အာဏာပိုင် တွေ က အဖွဲ့ဖွဲ့ပြီး ဖြေရှင်းပေးမယ် လို့ ကတိပေး ခဲ့တဲ့နောက် လမ်းပိတ် တာတွေ ရပ်ခဲ့ပါတယ်။
အာဏာပိုင် တွေက အဲဒီ ကတိ တွေကို အကောင်ထည် ဖော် မပေးတဲ့ အတွက် မတ်လ ၂၁ ရက် က စပြီး ဖားကန့် ဆိုင်းတောင် လုံးခင်း စတဲ့ ကျောက်စိမ်း ထွက်တဲ့ နေရာ အားလုံး က ကားလမ်း မတွေကို ဒေသခံ တွေက ပြန်လည် ပိတ်ဆို့ လိုက်ပြန် ပါတယ်။
ဒေသခံတွေ လိုချင်တဲ့ ရလဒ်တွေ ရတဲ့ထိ အနည်းဆုံး ၃ ရက်ကြာအောင် ဒီလို လမ်းတွေ ပိတ်ထားမယ်လို့ ကချင် လူမှုဖွံ့ဖြိုးရေး အဖွဲ့က ဆရာမ ကိုင်ရိန်က ပြောပါတယ်။
သယံဇာတ ကျောက်စိမ်း တူးရာမှာ အများပြည်သူ ပါဝင်လုပ်ကိုင်ခွင့် ရှိဖို့၊ စက်ယန္တရားတွေ ဖောင်းပွ မှု ပြန်လည် ထိန်းချုပ်ဖို့ ၊ မြေစာပုံတွေ စည်းကမ်းမဲ့ စွန့်ပစ်မှုကြောင့် လူတွေ သေဆုံးတာ၊ အိမ်တွေ ပြိုတာ တွေကို တားဆီးပေးဖို့ ဒေသခံ အဖွဲ့ အစည်းတွေက တင်ပြ တောင်းဆိုထားပါတယ်။




