
အာဆီယံ-အိန္ဒိယ ထိပ်သီး ဆွေးနွေးပွဲ ၁၀ နှစ်ပြည့် အထိမ်း အမှတ် လည်း ဖြစ်ပါတယ်
အိန္ဒိယ နိုင်ငံ နယူး ဒေလီမြို့မှာ ကျင်းပ နေတဲ့ အာဆီယံ-အိန္ဒိယ ထိပ်သီး ဆွေးနွေးပွဲ ၁၀ နှစ်ပြည့် အထိမ်း အမှတ် ဆွေးနွေး ပွဲကို မြန်မာ သမ္မတ ဦးသိန်းစိန် တက်ရောက် နေပါတယ်။
နယူး ဒေလီမြို့က တာ့ချ် ဟိုတယ်မှာ ကြာသပတေးနေ့ ညနေက စပြီး ကျင်းပ နေတဲ့ ဒီ ထိပ်သီး အစည်း အဝေးမှာ အိန္ဒိယ ဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟမ်ဆင်းက အဖွင့် အမှာ စကား ပြောကြားခဲ့ပါတယ်။
မစ္စတာ ဆင်းက အာဆီယံ အိန္ဒိယ ဆက်ဆံ ရေးဟာ ပိုမို ခိုင်မြဲ လာပြီး အဆင်ပြေ ချောမွေ့ လာတဲ့ အကြောင်းနဲ့၊ ဗျူဟာ ကျကျ ရှေ့ဆက် သွားရေး အတွက်ကို ပြောကြားသွား ပါတယ်။
သမ္မတ ဦးသိန်းစိန် ကလည်း မြန်မာ နိုင်ငံ အနေနဲ့ အိန္ဒိယ-အာဆီယံ ကုန်သွယ် ဆက်ဆံရေး တိုးတက် ဖွံ့ဖြိုးရေး အတွက် ကြိုးစား လုပ်ဆောင် နေကြောင်းနဲ့ မြန်မာ့ နိုင်ငံရေး ဖြစ်ထွန်းမှုမှာ ထောက်ခံ အားပေးတဲ့ အိန္ဒိယကို ကျေးဇူး တင်ကြောင်း ပြောကြားသွားပါတယ်။
၂ ရက်ကြာမယ့် ဒီဆွေးနွေးပွဲ အပြီး၊ သမ္မတ ဦးသိန်းစိန်ဟာ ဝန်ကြီးချုပ် မန်မိုဟမ် ဆင်းနဲ့ သီးခြား တွေ့ဆုံဖို့ ရှိသလို စီးပွားရေး မြို့တော် မွန်ဘိုင်းနဲ့ သီပေါမင်းကို အင်္ဂလိပ် အစိုးရက ဖမ်းထား ခဲ့တဲ့ ရတနာ ဂီရိ အရပ်ကိုလည်း သွားမယ်လို့ မြန်မာ သံရုံး တာဝန်ရှိသူက ပြောပါတယ်။












