
နေပြည်တော်မှာ နျူကလီးယား စီမံကိန်း ပြုလုပ်ဖို့ စီစဉ်လို့ စွပ်စွဲခဲ့ကြဖူးပါတယ်။
မြောက်ကိုရီးယား နိုင်ငံကနေ မြန်မာ နိုင်ငံဆီကို ဒုံးကျည်တွေ ထုတ်လုပ်ရာမှာ သော်၎င်း၊ ယူရေနီယံ သန့်စင် ရာမှာ သော်၎င်း သုံးစွဲလို့ ရနိုင်တဲ့ ပစ္စည်းတွေကို တရုတ်ကနေ တဆင့် တင်ပို့ခဲ့တယ်လို့ ဂျပန်က အဆာဟိ ရှင်ဘွန်း သတင်းစာကြီးမှာ ဖော်ပြလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်နေ့က တိုကျို ဆိပ်ကမ်းမှာ အမေရိကန် ရဲ့ တောင်းဆိုချက်ကြောင့် ဂျပန် အာဏာပိုင် တွေက ကုန်တင် သင်္ဘောကို ဝင်ရောက် စီးနင်း ခဲ့ရာမှာ အခုလို တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ အဆာဟိ ရှင်ဘွန်းက ဆိုပါတယ်။
အဲဒီ ဖမ်းမိခဲ့တဲ့ ပစ္စည်း တွေထဲမှာ သတ္တု ပိုက် ၅၀၊ အဆင့်မြင့် အလူမီနီယံ သတ္တုချောင်း ၁၅ ချောင်း တို့လည်း ပါဝင်ပြီး အဲဒီထဲက တချို့ဟာ နျူကလီးယား လက်နက်တွေ ထုတ်လုပ်ရာမှာ သုံးစွဲ နိုင်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ လတုန်းကလည်း တရုတ်ပြည်ကနေ ရန်ကုန် ဆိပ်ကမ်း ကို ရောက်လာတဲ့ သင်္ဘောတစင်း ထဲမှာ ပါလာတဲ့ ကုန်ပစ္စည်း တွေထဲမှာ မြန်မာ စစ်ဘက်နဲ့ နီးစပ်တဲ့ အဖွဲ့အစည်း တခုကနေ မှာယူလို့ မြောက်ကိုရီးယား နိုင်ငံ က နမ်ပို ဆိပ်ကမ်းကနေ တင်ပို့လိုက်တဲ့ ကုန်တွေ ပါလာတယ်လို့ လည်း ဖော်ပြထားပါတယ်။
သမ္မတ အိုဘားမား မြန်မာ နိုင်ငံကို လာရောက် ခဲ့တဲ့ နောက်ပိုင်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့ကတော့ မြန်မာ နိုင်ငံက နျူကလီးယား အစီအစဉ် တွေနဲ့ ပတ်သက်လို့ ပိုင်ဆိုင် ထားသမျှ စုံစမ်း စစ်ဆေး မှုတွေ အလုပ်ခံ နိုင်တဲ့ နိုင်ငံတကာ သဘောတူ ညီချက် ကိုလက်မှတ်ထိုး ပေးဖို့ အသင့်ရှိ နေတယ်လို့ ကြေညာ ခဲ့ပါတယ်။












