
ကုန်စည် ပြပွဲ တခုကို ဖွင့်လှစ်ပေးနေတဲ့ တရုတ် ၀န်ကြီးချုပ် ၀မ်ဂျားပေါင်
တရုတ်နိုင်ငံ တောင်ပိုင်း 'နန်နင်'မြို့မှာ ကျင်းပတဲ့ (၉)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို တခြား အာဆီယံအဖွဲ့ဝင် နိုင်ငံများနဲ့ အတူ မြန်မာနိုင်ငံ ကလဲ ပါဝင် တက်ရောက် နေပါတယ်။
မြန်မာနိုင်ငံက ပြခန်းပေါင်း (၈ဝ)ကျော် ခင်းကျင်း ပြသ ရောင်းချ နေရာမှာ၊ တဝက်ကျော် ကတော့ ကျောက်စိမ်း ကျောက်မျက်ရတနာ အရောင်း ပြခန်းတွေဖြစ်တယ်လို့ ကုန်စည် ပြပွဲကြီးအတွင်း ကိုယ်တိုင် ပါဝင် ရောက်ရှိနေတဲ့ မြန်မာနိုင်ငံမှ ကုန်သည်တဦး က ဘီဘီစီကို ပြောပြပါတယ်။
ကျောက်စိမ်း အပြင် ပရိဘောဂ ၊ စားသုံးကုန်၊ ရေထွက်ကစၥည်းအပြင် အခြား လုပ်ငန်းရှင်သုံး ပစ္စည်း အများအပြား လာရောက် ပြသတယ်လို့ သိရပါတယ်။
ဒီ တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို မနေ့ စက်တင်ဘာ (၂၁)ရက် စတင်ဖွင့်လှစ်ခဲ့ပြီး ဒီလ(၂၅)ရက်နေ့ အထိ ခင်းကျင်းပြသ ရောင်းချကြမှာ ဖြစ်ကြောင်းသိရပါတယ်။












