
ဒေါ်အောင်ဆန်းစုကြည် ရဲ့ အခန်းကဏ္ဍ
ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမေရိကန် ခရီးစဉ် အတွင်းမှာ အမေရိကန် မြန်မာ ဆက်ဆံရေး နဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အခန်းကဏ္ဍ အပေါ် သုံးသပ်တဲ့ စကားဝိုင်း ကို မေရီလင်း ပြည်နယ်မှာ ကျင်းပတဲ့ အခါမှာ NCGUB ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ အဖွဲ့ဝင်ဟောင်း၊ ဝန်ကြီးဟောင်း ဦးဘိုလှတင့်၊ မေရီလင်း ပြည်နယ်မှ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူ တဦး ဖြစ်တဲ့ ဦးရွှေကျော် တို့ ပါဝင်ဆွေးနွေး ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဟာ ကွန်ဂရက် လွှတ်တော်ရဲ့ ရွှေတံဆိပ်ဆု လက်ခံဖို့ ရောက်နေတဲ့ အတွက် သူ့ရဲ့ အခန်းကဏ္ဍ ဟာ ပိုမို အရေးပါတဲ့ အပိုင်းထဲ ရောက်လာ ရာမှာ အကျယ်ချုပ် နဲ့ နေရစဉ်က နိုင်ငံရေး တာဝန်ခံမှု မရှိပေမယ့်၊ အခုလို ကော့မှူးမြို့နယ် လွှတ်တော် ကိုယ်စားလှယ်၊ NLD ဥက္ကဌ၊ အမျိုးသား ခေါင်းဆောင် လည်းဖြစ်နေလို့ အမေရိကန် နဲ့ ဆက်ဆံရေး အပိုင်းမှာ မြန်မာနိုင်ငံ အတွက် အကျိုးများစေမယ် လို့ မြင်ပုံ ဦးဘိုလှတင့် က ပြောပါတယ်။
အမေရိကန်ဘက်ကလည်း မြန်မာနိုင်ငံ အပေါ်မှာ ပိတ်ဆို့ အရေးယူမှု ကို လုံးဝပယ်ဖျက်ပေးခြင်း မရှိသေးတဲ့ အတွက် မြန်မာနိုင်ငံ အပေါ် အမေရိကန်က အကူအညီ ပေးရေးမှာ ဒေါ်အောင်ဆန်းစုကြည် က ထိရောက်အောင် လုပ်ပေးနိုင်မယ် လို့ မျှော်လင့်ကြပုံ ကို ဦးရွှေကျော် က ဘီဘီစီ ကို ပြောပြပါတယ်။
ဒါဆိုရင် အမေရိကန်က သူ့နိုင်ငံ အကျိုးစီးပွား အတွက် ဒေါ်အောင်ဆန်းစုကြည် ကို ကြားခံ အဖြစ် ထားတာလား၊ မြန်မာဘက် က လည်း အမေရိကန် နဲ့ ဆက်ဆံရေးကျဲခဲ့ ရာကနေ ပိုကောင်းလာစေဖို့ ဒေါ်အောင်ဆန်းစုကြည် ကို အသုံးချတဲ့ အပိုင်း လို့ ဝေဖန်ကြတဲ့ အပေါ် ဆွေးနွေးရာမှာတော့ ဦးရွှေကျော် က မြန်မာနိုင်ငံဟာ မူလ ကတည်းက ကြားနေနိုင်ငံ ဖြစ်တဲ့ အတွက် နိုင်ငံခြားရေး ပေါ်လစီ အရ အမေရိကန် နဲ့ ဆက်ဆံရေး ပြေလည်ချင်သလို၊ တရုတ်နိုင်ငံ နဲ့လည်း စီးပွားရေး လုပ်ငန်းတွေ မြှုပ်နှံမှု တွေ ရှိနှင့်ပြီးသား အပိုင်းတွေ ထောက်ပြ သွားပါတယ်။
အမေရိကန်ဟာ ဒီမိုကရေစီ တန်ဖိုးထားတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် လို ခေါင်းဆောင်မျိုး မရှိခဲ့ရင် အမေရိကန် ရဲ့ အမျိုးသား အကျိုးစီးပွား ရှိတဲ့ တိုင်အောင် မြန်မာနဲ့ ဆက်ဆံရေး ကောင်းအောင် တည်ဆောက်မယ် လို့ သူမမြင်တဲ့ အကြောင်း ဦးဘိုလှတင့် က ဘီဘီစီ ကို ပြောပါတယ်။
အမေရိကန်ဆက်ဆံရေးမှာ ဒေါ်စုအခန်းကဏ္ဍ
အမေရိကန်ရောက် ဒေါ်စုရဲ့ အခန်းကဏ္ဍ
ဒီမီဒီယာကို ဖွင့်၍မရပါ
ဦးဘမော်ရဲ့ ဆွေးနွေးခန်းကို ဒီမှာ နားဆင်နိုင်ပါတယ်။












