
မသန်စွမ်းတွေ အစွမ်းပြခွင့်ရမယ့် အခွင့်အရေးကြီးတခု စတော့မည်
သြဂုတ် ၂၉ က စလို့ လန်ဒန်မှာ မသန်စွမ်း အိုလံပစ် ပြိုင်ပွဲကို ကျင်းပတော့မှာ ဖြစ်ပါတယ်၊ မြန်မာ့ အားကစားသမားတွေလည်း ဝင်ပြိုင်ကြမှာပါ။ အဲဒါနဲ့ ဆက်စပ်ပြီး သြဂုတ် ၂၉ ဗုဒ္ဓဟူးညမှာ ``မသန်စွမ်းတွေရဲ့ အား`` ဆိုတဲ့ ဖိုရမ် စကားဝိုင်း တခုကို အထူး အစီအစဉ်အဖြစ် တင်ဆက်ဖို့ ရှိတာမို့ သောတရှင်တွေ ပါဝင် ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။ မသန်စွမ်းတွေရဲ့ အခက်အခဲတွေနဲ့ ဘယ်လို ကျော်လွှား လွန်မြောက်နိုင်မယ့် အကြောင်းတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ သောတရှင်တွေ အနေနဲ့ မိမိတို့ မိသားစုဝင်၊ သူငယ်ချင်း မိတ်ဆွေ၊ လုပ်ငန်းခွင်ထဲက မသန်စွမ်းတွေနဲ့ အခြေအနေတွေကို ဝိုင်းဝန်း ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။
ဘီဘီစီကို အီးမေးလ်ရေးလို့ ကြိုတင် ဆက်သွယ်နိုင်ပါတယ်။ Burmese@bbc.co.uk ကို တယ်လီဖုန်းနံပါတ်နဲ့ နေထိုင်နေတဲ့ နိုင်ငံကို အီးမေးလ်ရေး ပို့ထားမယ်ဆိုရင် ဘီဘီစီက ပြန်ဆက်သွယ်ပါ့မယ်။












