ကျောမွဲတွေအတွက် ကိုဗစ် -၁၉ ကမေးတဲ့ပုစ္ဆာ

ကိုဗစ်ကြောင့် လုပ်ငန်းတွေ ရပ်နား၊ ပိတ်သိမ်း ထားရတာကြောင့် အခုကာလအတွင်း အခြေခံလူတန်းစားတွေအပေါ် သက်ရောက်မှုက အကြီးမားဆုံးဖြစ်လာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, ကိုဗစ်ကြောင့် လုပ်ငန်းတွေ ရပ်နား၊ ပိတ်သိမ်း ထားရတာကြောင့် အခုကာလအတွင်း အခြေခံလူတန်းစားတွေအပေါ် သက်ရောက်မှုက အကြီးမားဆုံးဖြစ်လာပါတယ်။

မြန်မာနိုင်ငံ က အခြေခံလူတန်းစားတွေ ဟာကိုဗစ်ကြောင့် လုပ်ငန်းတွေ ရပ်နား ထားရတာနဲ့ဆက်စပ်ပြီး အလုပ်လက်မဲ့ တွေဖြစ်လာကြကာ အခုအခါ နေ့စဉ်စားဝတ်နေရေး ပြဿနာကို ရင်ဆိုင်နေကြရ ပြီဖြစ်ပါတယ်။

တစ်လကျော်သာရှိသေးတဲ့ ကိုဗစ်ကာလအတွင်း ထိခိုက်မှုအရှိဆုံးက မြန်မာနိုင်ငံအတွင်း လက်လုပ်လက်စားတွေပါ။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်အတွင်းက လိုင်းခန်းတခုမှာ ငှားရမ်းနေတဲ့ မုဆိုးမ ဒေါ်ညိုတို့မိသားစုလည်း အခုလို ပြဿနာမျိုးကို

ရင်ဆိုင်နေရပါတယ်။

ဒေါ်ညိုတို့မိသားစုက သူအပါအဝင် ၃ ဦးရှိပါတယ်။ သားတစ်ဦးသမီး တစ်ဦးနဲ့ဖြစ်ပါတယ်။ သားသမီး နှစ်ဦးလုံးက အထည်ချုပ်စက်ရုံက အလုပ်သမားတွေပါ။ သူတို့အလုပ်တွေက သင်္ကြန်မတိုင်မီကတည်းက ပိတ်ခဲ့တာဖြစ်ပြီး ဧပြီလ အကုန်၊ မေလဆန်းမှ အလုပ်ပြန်ဝင်ကြရမှာပါ။

ဒီကာလအတွင်း ဒေါ်ညိုတို့ မိသားစုက အစိုးရက ပေးတဲ့ ဆန် ၈ ပြည်အပါဝင် ရိက္ခာ ၅မျိုးကို မရခဲ့ပါဘူး။ အလုပ်မပိတ်ခင် ရထားတဲ့ သားသမီး ၂ ယောက်ရဲ့ လုပ်အားခနဲ့ သူတို့စားဝတ်နေရေးကို ဖြေရှင်းနေရပေမယ့် လက်ထဲ ပိုက်ဆံမရှိတော့လို့ စားဝတ်နေရေး အခက်တွေ့ နေရပါပြီ။

အဲဒီအတွက် ရပ်ကွက်အတွင်း အတိုးနဲ့ ရတဲ့ငွေကို ချေးပြီး စားသောက်ရေးအပြင် ၊လကုန်ရင် ပေးရမယ့် အိမ်လခအတွက်ပါဖြေရှင်းရမယ်လို့ ဒေါ်ညိုက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့တဲ့နောက်ပိုင်း အလုပ်တွေပိတ် ခဲ့ရတာတွေရှိသလို၊ နေ့စဉ်အခြေခံအလုပ်သမားတွေရဲ့ အလုပ်တွေရပ်ဆိုင်းထားရတာဆိုရင်လည်း တစ်လ နီးပါးရှိလာပါပြီ။

အခြေခံလူတန်းစားမိသားစုတွေအတွက် နေ့စဉ်လုပ်အားခ မရတော့တာကြောင့်လည်း သူတို့ရဲ့ နေ့စဉ်စား သောက်ရေးကိုဖြေရှင်းဖို့ ပြဿနာတရပ်လို့ ဖြစ်လာနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, အခြေခံလူတန်းစားမိသားစုတွေအတွက် နေ့စဉ်လုပ်အားခ မရတော့တာကြောင့်လည်း သူတို့ရဲ့ နေ့စဉ်စား သောက်ရေးကိုဖြေရှင်းဖို့ ပြဿနာတရပ်လို့ ဖြစ်လာနေပါတယ်။

နေ့စားအလုပ်သမားတွေအတွက် ဆိုရင် အခုအခါမှာသူတို့ရဲ့ အနာဂတ်ဟာ မျှော်လင့်ချက်မဲ့ လိုဖြစ်နေပါတယ်။

နေ့စဉ်လုပ်အားခ မရတော့တာကြောင့်လည်း သူတို့ရဲ့ နေ့စဉ်စား သောက်ရေးကိုဖြေရှင်းဖို့ ပြဿနာတရပ်လို့ ဖြစ်လာနေပါတယ်။

အစိုးရကလည်း ကိုဗစ်ရောဂါကို ထိန်းချုပ်နိုင်ဖို့အတွက် အတက်နိုင်ဆုံးအိမ်မှာ နေခိုင်းထားပြီး ၅ ယောက် ထပ်လူပိုစုခွင့်မပြုတာကြောင့် အလုပ်တွေပြန်ဖွင့်နိုင်ဖို့ ကလည်း အခက်အခဲလိုဖြစ်နေတာပါ။

အလုပ်ရုံ၊ စက်ရုံတွေအများစုကတော့ မေလ အတွင်းမှာမှအများစု ပြန်ဖွင့်နိုင်ဖို့ မျှော်လင့်ရပါတယ်။ အဲဒါကလည်း နိုင်ငံအတွင်းရောဂါကူးစက်မှုအခြေအနေ မြှင့်တက်မှုမရှိခဲ့မှသာဖြစ်နိုင်မယ့်အခြေအနေဖြစ်ပါတယ်။

လတ်တလော စားဝတ်နေရေး ပြဿနာဖြေရှင်းပေးဖို့အတွက် မဖြစ်နိုင်ဘူးလို့ သူကယူဆထား သလို၊ အစိုးရမှာလည်း လတ်တလော ဖြေရှင်းနိုင်ရေး အစီအစဉ်ကောင်းတွေ ရှိနေတာ မတွေ့ရဘူး လို့ သူကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, လတ်တလော စားဝတ်နေရေး ပြဿနာဖြေရှင်းပေးဖို့အတွက် မဖြစ်နိုင်ဘူးလို့ သူကယူဆထား သလို၊ အစိုးရမှာလည်း လတ်တလော ဖြေရှင်းနိုင်ရေး အစီအစဉ်ကောင်းတွေ ရှိနေတာ မတွေ့ရဘူး လို့ သူကပြောပါတယ်။

အခြေခံလူတန်းစားတွေစားသောက်ရေး အတွက် ဘယ်လိုဖြေရှင်းပေးနိုင်မလဲ

နိုင်ငံအချို့၊ ဖွံ့ဖြိုးပြီးနိုင်ငံတွေ၊ အနောက်နိုင်ငံတွေမှာတော့ အလုပ်သမားတွေအတွက် နစ်နာကြေးတွေကို အစိုးရကနေ ပြန်ပေးတာရှိပါတယ်။

အလုပ်ရပ်ဆိုင်းခံရသည်ဖြစ်စေ၊ အလုပ်ရပ်နားထားရသည်ဖြစ်စေ၊ အလုပ်သမားတွေရတဲ့ လစာတွေရဲ့ ၅၀ ကနေ ၈၀ ရခိုင်နှုန်းအထိ ပြန်ပေးကြပါတယ်။

မြန်မာအစိုးရအနေနဲ့တော့ အဲဒီလိုတွေ ပြန်ပေးဖို့ဆိုတာကလည်း ဆင်းရဲတဲ့နိုင်ငံဖြစ်တဲ့အတွက် အခက်အခဲရှိနိုင်ပါတယ်။ဒါပေမယ့် အခုလို ဖြေရှင်းမှုမျိုးကဲ့သို့ နည်းတူ မလုပ်ခဲ့ရင်သူနဲ့ ဆက်စပ်တဲ့၊ လူမှုရေး ပြဿနာ၊ မှုခင်းအစရှိတဲ့ နောက်ဆက်တွဲပြဿနာတွေက ပိုပြီးအန္တရာယ်ရှိနိုင်တယ်လို့ စီးပွားရေး ဆောင်းပါးတွေရေးသားသူလည်းဖြစ်၊ လွှတ်တော်အမတ်လည်းဖြစ်သူ ဦးသန်းစိုး (ဘောဂဗေဒ) က ပြောပါတယ်။

နိုင်ငံတော်အနေနဲ့ အခြေခံသတ်မှတ်လစာနဲ့ ညီမျှတဲ့ငွေ ဒါမှမဟုတ် စားသောက်ကုန် ပစ္စည်းတွေကို အလုပ် လက်မဲ့၊ ဝင်ငွေမရှိသူတွေကို ထပ်မံထောက်ပံ့ပေးသင့်တယ်လို့ သူကဆိုပါတယ်။

တားမြစ်မိန့်ကြောင့် မန္တလေးက အခြေခံလူတန်းစားတွေအတွက် ကျပ်တစ်ဘီလျံ ထောက်ပံ့မယ်လို့ မန္တလေးတိုင်းအစိုးရကပြောခဲ့ပါတယ်။

မန္တလေးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် ခရီးသွားလာခွင့်အပါအဝင် အဝင်အထွက်တွေကို ဧပြီ ၇ ရက်ကစပြီး တားမြစ်ကန့်သတ်ခဲ့ပါတယ်။

အဲဒီလို ကန့်သတ်တဲ့အခါမှာ အခြေခံလူတန်းစားတွေကိုမထိခိုက်စေဖို့ ကျပ် တစ်ဘီလျံ အသုံးပြုသွားမယ်လို့ မန္တလေးတိုင်း ခေတ္တ ဝန်ကြီးချုပ် ဦးဇာနည်အောင်က ဘီဘီစီကို ပြောပါတယ်။

ရန်ကုန်မှာတော့ အစိုးရက ထောက်ပံ့တာရှိသလို ပရဟိတ ကူညီရေးအသင်းတွေ က ထောက်ပံ့ကြတာလည်းရှိပါတယ်။

လှိုင်သာယာ ကဒေါ်ညိုကတော့ "ကျွန်မကတော့ ဘာမှမတောင်းဆိုချင်ပါဘူး။ အခုအချိန်မျိုးမှာ ပေးတဲ့ ဆန်နဲ့အခြားပစ္စည်းလေးတွေရရင်ကို ကျေနပ်မှာပါ။ " လို့ ဒေါ်ညိုက ပြောပါတယ်။

ဒီကာလက ကြာလာမယ်ဆိုရင်တော့ သူတို့မိသားစုအနေနဲ့ အဆင်ပြေနိုင်တော့မှာမဟုတ်ဘူးလို့ ဒေါ်ညိုက ယူဆထားပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ အခုလို စားသောက်ရေးပြဿနာရှိလာတဲ့ မိသားစုဝင်တွေကို ရှိတဲ့ နိုင်ငံဘဏ္ဍာ သုံးပြီး ထောက်ပံ့ရမယ့် အခြေအနေဖြစ်ပေမယ့်လည်း နိုင်ငံဝင်ငွေအရ လုပ်ပေးနိုင်စွမ်းက အကန့်အသတ် ရှိနိုင်မယ်လို့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာတင်ဝင်းက ဘီဘီစီကိုပြောပါတယ်။

ဒါကြောင့် လတ်တလော စားဝတ်နေရေး ပြဿနာဖြေရှင်းပေးဖို့အတွက် မဖြစ်နိုင်ဘူးလို့ သူကယူဆထား သလို၊ အစိုးရမှာလည်း လတ်တလော ဖြေရှင်းနိုင်ရေး အစီအစဉ်ကောင်းတွေ ရှိနေတာ မတွေ့ရဘူး လို့ သူကပြောပါတယ်။

အခြေခံလူတန်းစား တွေအတွက် အလုပ်လက်မဲ့ ပြဿနာ၊ စားသောက်ရေးပြဿနာအတွက် အစိုးရက ဖွဲ့စည်း ထားတဲ့ ကော်မတီတွေမှာ ဖြေရှင်းဖို့အတွက် စနစ်တကျ လုပ်ဆောင်နေတာမျိုးကိုလည်း သူတို့ အနေနဲ့ သိထားရတာမျိုးကို မရှိဘူးလို့ စီးပွားရေးပညာရှင်တွေက ပြောကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, အခြေခံလူတန်းစား တွေအတွက် အလုပ်လက်မဲ့ ပြဿနာ၊ စားသောက်ရေးပြဿနာအတွက် အစိုးရက ဖွဲ့စည်း ထားတဲ့ ကော်မတီတွေမှာ ဖြေရှင်းဖို့အတွက် စနစ်တကျ လုပ်ဆောင်နေတာမျိုးကိုလည်း သူတို့ အနေနဲ့ သိထားရတာမျိုးကို မရှိဘူးလို့ စီးပွားရေးပညာရှင်တွေက ပြောကြပါတယ်။

ကျောမွဲတွေအတွက် ပြန်လည်ကုသရေးမူဝါဒ သတ်သတ်မှတ်မှတ်ရှိနေလား

အစိုးရကတော့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအမျိုးသားအဆင့်ကော်မတီကို ဖွဲ့စည်းထားပါတယ်။ အဲဒီမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီး၊ ပြည်ထောင်စုအဆင့်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေအများအပြားပါဝင်ပါတယ်။

အဲဒီအောက်မှာမှ တုံ့ပြန်ရေး၊ ကုစားရေးအစရှိသဖြင့် ထပ်မံဖွဲ့စည်းထားပါတယ်။ အားလုံးက အစိုးရ အာဏာပိုင်တွေနဲ့သာဖြစ်ပါတယ်။

အဲဒီလိုကော်မတီတွေ အဖွဲ့တွေရှိနေပေမယ့် Crisis Respond Management Plan အရေးပေါ်တုံ့ပြန်ရေးအစီအစဉ်လို တိတိကျကျ ဖော်ပြတာပြဋ္ဌာန်းထားပြီး သက်ဆိုင် ရာလုပ်ငန်းကျွမ်းကျင်သူ၊ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပါဝင်ဖွဲ့စည်းပြီး လုပ်ဆောင် နေတာမျိုး ကိုတော့ တိတိပပ မတွေ့ရဘူးလို့ ဝေဖန်မှုတွေရှိပါတယ်။ ။

အရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေ ကျပ်တစ်ဘီလီယံထားရှိတာမျိုး၊ ဘဏ်တိုးနှုန်းတွေ လျော့ချ ပေးတာ၊ လျှပ်စစ်မီတာခတွေ ဧပြီလအတွက် ယူနစ် ၁၅၀ ကိုအခမဲ့အသုံးပြုခွင့်ပေးတာမျိုးတွေကိုတော့ လုပ်ပေးပေမယ့်လည်း ရာခိုင်နှုန်းအများစု ကုစားနိုင်တဲ့အခြေအနေမျိုးမဟုတ်ပါဘူးလို့သူတို့ကဆိုပါတယ်။

အခုလိုရိက္ခာထောက်ပံ့တဲ့အစီအစဉ်တွေ၊ ချီးမြှင့်ငွေပေးတာမျိုးတွေကလည်း ရှရှားလိုနိုင်ငံမျိုးတွေမှာ ကိုဗစ် စတင်ခဲ့တဲ့အချိန်က လုပ်ခဲ့တဲ့ ပုံစံမျိုးတွေနဲ့ ခပ်ဆင်ဆင်လိုက်လုပ်တဲ့ ပုံစံမျိုးသာဖြစ်တယ်လို့ ဒေါက်တာ တင်ဝင်းက ပြောပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံက အခြေခံလူတန်းစား တွေအတွက် အလုပ်လက်မဲ့ ပြဿနာ၊ စားသောက်ရေးပြဿနာအတွက် အစိုးရက ဖွဲ့စည်း ထားတဲ့ ကော်မတီတွေမှာ ဖြေရှင်းဖို့အတွက် စနစ်တကျ လုပ်ဆောင်နေတာမျိုးကိုလည်း သူတို့ အနေနဲ့ သိထားရတာမျိုးကို မရှိဘူးလို့ စီးပွားရေးပညာရှင်တွေက ပြောကြပါတယ်။

ဒါကြောင့် ရောဂါပိုးပျံ့ပွားမှုနှုန်းအနည်းဆုံးဖြစ်ပြီးတော့ ကိုဗစ်ကာလ အမြန်ဆုံးပြီးဆုံးမယ့် အချိန်နဲ့ လုပ်ငန်းတွေ ပြန်ဖွင့်နိုင်မှသာ အခြေခံလူတန်းစားတွေ အလုပ်ပြန်လည်လုပ်ကိုင်နိုင်ပြီး သူတို့ စားသောက် ရေးပြဿနာကို ဖြေရှင်းနိုင်မယ်လို့ အများစုက ယုံကြည်နေကြပါတယ်။

အခြေခံလူတန်းစား တွေအတွက် အလုပ်လက်မဲ့ ပြဿနာ၊ စားသောက်ရေးပြဿနာအတွက် အစိုးရက ဖွဲ့စည်း ထားတဲ့ ကော်မတီတွေမှာ ဖြေရှင်းဖို့အတွက် စနစ်တကျ လုပ်ဆောင်နေတာမျိုးကိုလည်း သူတို့ အနေနဲ့ သိထားရတာမျိုးကို မရှိဘူးလို့ စီးပွားရေးပညာရှင်တွေက ပြောကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, အခြေခံလူတန်းစား တွေအတွက် အလုပ်လက်မဲ့ ပြဿနာ၊ စားသောက်ရေးပြဿနာအတွက် အစိုးရက ဖွဲ့စည်း ထားတဲ့ ကော်မတီတွေမှာ ဖြေရှင်းဖို့အတွက် စနစ်တကျ လုပ်ဆောင်နေတာမျိုးကိုလည်း သူတို့ အနေနဲ့ သိထားရတာမျိုးကို မရှိဘူးလို့ စီးပွားရေးပညာရှင်တွေက ပြောကြပါတယ်။

အလုပ်တွေပြန်ဖွင့်ရုံနဲ့ အလုပ်လက်မဲ့နဲ့ ပြဿနာ ဖြေရှင်းနိုင်ပါ့မလား

မြန်မာနိုင်ငံရဲ့ထုတ်ကုန်စွမ်းအားအများစုက တရုတ်နိုင်ငံကိုမှီခိုနေရတာဖြစ်ပါတယ်။

စိုက်ပျိုးရေး၊ မွေးမြူရေး သစ်သီးဝလံကအစ တရုတ်နိုင်ငံကို တင်သွင်းနေရတာဖြစ်ပါတယ်။ အဲဒီရာခိုင်နှုန်းကလည်း နိုင်ငံထွက်ကုန် စုစုပေါင်း တန်ဖိုးရဲ့ ၃၀ရာခိုင်နှုန်းရှိပါတယ်။

အဲဒါအပြင် တရုတ်နိုင်ငံသားတွေအများစု ရင်းနှီးမြှပ်နှံထားကြတဲ့ အထည်ချုပ်လုပ်ငန်းတွေကလည်း ရာခိုင်နှုန်းအများအပြားပါရှိပါတယ်။

ရန်ကုန်မှာ အထည်ချုပ်လုပ်သား ၇ သိန်းနီးပါးရှိတယ် လို့ အစိုးရ တရားဝင်စာရင်းတွေအရ သိရပါတယ်။

အဲဒီလိုလုပ်ငန်းတွေကနေ အခြေခံလူတန်းစားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း အများဆုံးကိုဖန်တီးပေးနေတာဖြစ်သလို၊ အဲဒီကရတဲ့ ဝင်ငွေတွေနဲ့ စားဝတ်နေရေးကို ဖြေရှင်းနေရတာလည်းဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့လည်း ရေတိုမှာ အလုပ်လက်မဲ့ စားဝတ်နေရေးအခက်အခဲပြဿနာတွေကို ဖြေရှင်းပေးရုံမကဘဲ၊ ရေရှည်မှာ အခုလိုလုပ်ငန်းတွေ ပြောင်းရွှေ့မှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သက်ရောက် မှုအတွက်ပါ၊ တွေးဆ ပြင်ဆင်နိုင်ဖို့ လိုအပ်မယ်လို့ ရန်ကုန်စီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင်ဝင်းက အကြံပြုပါတယ်။

အခြေခံလူတန်းစားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း အများဆုံးကိုဖန်တီးပေးနေတာဖြစ်သလို၊ အဲဒီကရတဲ့ ဝင်ငွေတွေနဲ့ စားဝတ်နေရေးကို ဖြေရှင်းနေရတာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, အခြေခံလူတန်းစားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း အများဆုံးကိုဖန်တီးပေးနေတာဖြစ်သလို၊ အဲဒီကရတဲ့ ဝင်ငွေတွေနဲ့ စားဝတ်နေရေးကို ဖြေရှင်းနေရတာလည်းဖြစ်ပါတယ်။

"ကိုဗစ်ဖြစ်တော့ နှာခေါင်းစည်းတောင်မရှိလို့ အကုန်လုံးတရုတ်ကနေဘဲမှာရတယ်။ ဒါကြောင့်နောက်ပိုင်းမှာ အဓိက ထုတ်ကုန်တွေကို ကိုယ့်ပြည်တွင်းမှာဘဲ ထုတ်မယ့် အယူအဆတွေပြန်ဝင်လာကြတယ်၊ အရေး မကြီးတဲ့စက်ရုံတွေလောက်ဘဲ တခြားအာဆီယံတို့ အာရှတို့မှာ ထားမယ့်သဘောဖြစ်လာနိုင်တယ်" လို့ သူကဆိုပါတယ်။

ဒါကြောင့် နိုင်ငံခြားကို ကုန်ကြမ်းပို့နေကြတဲ့ export လုပ်ငန်းတွေအတွက် ၆ လကနေ ၁နှစ် အတွင်း ပြန် လည်ဦးမော့လာနိုင်မယ့်အခြေအနေမရှိနိုင်တဲ့အတွက်ကိုလည်း အစိုးရက ပြင်ဆင်ထားသင့်တယ်လို့ ဒေါက်တာတင်ဝင်းက အကြံပြုပါတယ်။

ကိုဗစ်ကြောင့်ဖြစ်လာမယ့် အကြပ်အတည်းကြောင့်လည်း ဥရောပကိုပို့နေတဲ့ အထည်ချုပ်လုပ်ငန်းတွေမှာ ထိခိုက်လာနိုင်မယ်လို့လည်း သူကသုံးသပ်ပါတယ်။

ဒီအတွက် အလုပ်လက်မဲ့ဖြစ်နိုင်မယ့် အခြေခံလူတန်းစားတွေအတွက် အစိုးရအနေနဲ့ ရေရှည်ရပ်တည် နိုင်မယ့် စိုက်ပျိုး၊ မွေးမြူရေးအခြေခံထုတ်ကုန်တွေ၊ အဆင့်မြင့်ထုတ်ကုန်တွေကို တိုးတက် ထုတ်လုပ် နိုင်ဖို့ အတွက်ကိုလည်း ဒီထက်ပိုပြီး ရေရှည်အတွက် ပြင်ဆင်သင့်တယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ် ကြပါတယ်။

အထည်ချုပ်တွေမှာ အလုပ်လုပ်နေရတဲ့လုပ်သား မိသားစုတွေအပါအဝင် ၊ဆောက်လုပ်ရေးလုပ်သားတွေ ၊ခေါင်းရွက်ဗျက်ထိုးစျေးသည်တွေ၊အနှေးယဉ်မောင်းသူတွေအပါအဝင် အခြေခံလူတန်းစားတွေ ကတော့ ကိုဗစ်ကပ်ရောဂါ မြန်မြန်ပြီးဖို့မျှော်နေကြသလို ကိုဗစ်ကပ်ရောဂါအလွန် ကာလကိုလည်း စိုးရိမ် တကြီးနဲ့စောင့်မျှော်နေကြပါတယ်။