ပါတီတွင်းရော အစိုးရ အတွင်းပါ ပြုပြင်ပြောင်းလဲတော့မယ် အန်အယ်လ်ဒီ

ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲရလဒ်ကြောင့် ပါတီတွင်းနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရ အဖွဲ့တို့ကို ပြုပြင် ပြောင်းလဲရေး လုပ်မယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီရဲ့ ဒုဥက္ကဌ ( ၂ ) လည်းဖြစ်၊ လက်ရှိ မန္တလေးတိုင်းဝန်ကြီးချုပ်လဲ ဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
NLD ပါတီရဲ့ ဗဟိုအလုပ်အမူဆောင် အစည်းအဝေးကို နိုဝင်ဘာ ၁၁ တနင်္ဂနွေနေ့ က နေပြည်တော်မှာ ကျင်းပခဲ့တာ ဖြစ်ပြီး၊ ဆွေးနွေးတဲ့ ကိစ္စတွေထဲမှာ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက် တဲ့ ကိစ္စလည်း ပါဝင် ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ကြားဖြတ်ရွေးကောက်ပွဲမှာ အချို့ နိုင်သင့်တဲ့ နေရာတွေ မနိုင်ခဲ့တာဟာ လူထူကို မဲလာပေးအောင် မစည်းရုံး နိုင်တဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ ပါတီခေါင်းဆောင်တွေက သုံးသပ်ထားပါတယ်။
အဲဒီအတွက် ပါတီ ကိုအရင်ဆုံး ပြုပြင်ပြောင်းလဲရေး လုပ်သွားတော့မှာဖြစ်ပါတယ်။
ပါတီတွင်း ပြုပြင် ပြောင်းလဲ ရေး လည်း လုပ်မယ့် ပုံစံနဲ့ ပတ်သက်ပြီး လို့ ဒေါက်တာ ဇော်မြင့်မောင်က လူငယ်၊ ရပ်ကျေးစည်း နဲ့ အမျိုးသမီး အဖွဲ့တွေ ပြန်ဖွဲ့ဖို့ လိုအပ်နေတယ်လို့ ပြောပါတယ်။ လောလောဆယ် ပါတီတွင်း ပြုပြင်ပြောင်းလဲမှုတွေ နောက်ပိုင်း ကျရင် ကိုယ်စားလှယ်တွေ အတွက် တဆင့်ချင်း စဉ်းစား သွားမယ်လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NLD Central Women Committee
ဒါ့အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ အဖွဲ့ဝင်တွေ အနေနဲ့ လူထုနဲ့ တွေ့ဆုံတာ အားနည်းသလို လူထုရဲ့ အသံ ကို နားထောင်မူနည်းတယ်လို့လဲယူဆခဲ့ပါတယ်။ အဲဒီအတွက် တိုင်းဒေသကြီးနဲ့ပြည်နယ် အအစိုးရ အဖွဲ့တွေကို ပြုပြင် ပြောင်းလဲမူတွေလည်း ရှိလာ နိုင်တယ်လို့ ဒေါက်တာဇော်မြင့်မောင် ကပြောပါတယ်။
အခုလို ပါတီတွင်း ပြုပြင်ပြောင်းလဲရေး လုပ်သလို ၂၀၂၀ မှာ တိုင်းရင်းသားပါတီ အချို့နဲ့ တပ်ပေါင်းစု ပုံစံ လုပ်ဖို့ရှိလားလို့ မေးတဲ့ အခါမှာတော့ ဒေါက်တာဇော်မြင့်မောင်က စဉ်းစားတင်ပြပြီး ညှိနှိုင်း လုပ်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲ ၁၃ နေရာမှာ NLD ပါတီ အနေနဲ့ ၇ နေရာသာ နိုင်ပြီး ၆ နေရာ ရှုံးနိမ်ခဲ့ပါတယ်။ ရှုံးတဲ့ နေရာတွေမှာ ကချင် ရှမ်း ရခိုင်နဲ့ ချင်းပြည်နယ်က မဲဆန္ဒနယ်တွေ ပါဝင်ပါတယ်။
အခုလို နိုင်သင့်တဲ့ နေရာတွေမှာ ရှုံးနိမ့်ခဲ့ရတာနဲ့ ပတ်သက်လို့ ပြန်လည် သုံးသပ်ဖို့ ကော်မတီတခု ဖွဲ့စည်းလိုက်ပြီး အဲဒီကော်မတီမှာ ဒေါက်တာ တင်မျိုးဝင်း ဒေါက်တာမေဝင်းမြင့် ဦးအောင်ကြည်ညွန်နဲ့ ဒေါ်ကြူကြူသန်းတို့ ပါဝင် ကြ ပါတယ်။








