လေတပ်ဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်

bur

ဓာတ်ပုံ ရင်းမြစ်, Senior General Min Aung Hlaing

ဓာတ်ပုံ ပုံစာ, လေယာဉ် စစ်နေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

သက်ပြည့် အငြိမ်းစား ယူသွားတဲ့ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် နေရာမှာ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကို ခန့်အပ် ကြောင်း ကာကွယ်ရေး ဦးစီးချုပ်ရုံး က ကနေ့ သတင်း ထုတ်ပြန် ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် တို့ သမ္မတရုံးကို သွား ပြီး သမ္မတ ဦးထင်ကျော်ကို ဂါရ၀ပြုတွေ့ဆုံတယ်လို့လည်း ဖော်ပြခဲ့ ပါတယ်။

ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ဟာ လမ်းစဉ်ပါတီ ခေတ်က ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဝန်ကြီး ဗိုလ်ချုပ်ကြီး သူရ ကျော်ထင်ရဲ့ သားအငယ်ဆုံး ဖြစ်ပါတယ်။

bur

ဓာတ်ပုံ ရင်းမြစ်, Wiki

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်ကြီး သူရ ကျော်ထင်

သူ့အစ်ကို ဦးသန့်ကျော်က သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်မှာ နိုင်ငံခြားရေး ဒုတိယ ဝန်ကြီး ဖြစ်ခဲ့ပါတယ်။

ဒီလို ခန့်အပ်မှုတွေမှာ အစိုးရရဲ့ ခွင့်ပြုချက် ယူစရာ လိုပုံ မရဘူးလို့ သေနင်္ဂ မဟာဗျူဟာ လေ့လာရေး အဖွဲ့က တည်ထောင်သူနဲ့ အမှုဆောင် ဒါရိုက်တာ ဦးနိုင်ဆွေဦး က ပြောပါတယ်။

ဖွဲ့စည်းပုံ ဥပဒေ အရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒုတိယ ဦးစီးချုပ်ကိုသာ ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီကို ညှိနှိုင်းပြီး ခန့်ရမယ်လို့ ပါလို့ ဒီအောက်က ရာထူးတွေကို ခန့်ရာမှာ အစိုးရကို တိုင်ပင်စရာ မလိုဘူး ထင်ကြောင်း ပြောပါတယ်။

သမ္မတကို သွားပြီး ဂါရဝ ပြုတာကတော့ အရင်က ထုတ်ပြန်တဲ့ သတင်းတွေမှာ မပါခဲ့ဖူးပါဘူး။

စစ်ဦးစီး အရာရှိချုပ်(လေ) အဖြစ် ဗိုလ်မှူးချုပ် မောင်မောင်ကျော်ကို ၂ဝ၁၅ က ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

bur

ဓာတ်ပုံ ရင်းမြစ်, တပ်မတော်-လေ

ဓာတ်ပုံ ပုံစာ, နားသွားတဲ့ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်