တရုတ်ဝန်ကြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် သွားဖို့ရှိ

bur

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ညှဉ်းပန်းနှိပ်စက်မှုတွေ ရှိတယ်လို့ ထွက်ဆို

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို စနေနေ့ကစပြီး သွားဖို့ ရှိပါတယ်။ ဒီခရီးစဉ်မှာ မြန်မာ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကြား ဖြေရှင်းရခက်နေတဲ့ ဒုက္ခသည် အကျပ်အတည်းနဲ့ တခြား ကိစ္စတွေ ဆွေးနွေးသွားဖို့ ရှိတယ်လို့ ယူဆနေကြပါတယ်။

ဒီခရီးစဉ်ကနေ ရိုဟင်ဂျာ ဒုက္ခသည် အကျပ်အတည်းကို ဘယ်လို ဖြေရှင်းနိုင်မလဲ ဘီဘီစီ အရှေ့အာရှ သတင်း စီမံရေး အယ်ဒီတာ ယုဝမ်ကို မေးကြည့်တော့

ဒီခရီးစဉ်နဲ့အတူ တခြား နိုင်ငံခြားရေးဝန်ကြီး တွေလည်း ဘင်္ဂလားဒေ့ရှ်ကို တချိန်တည်း တရက်တည်း သွားကြမှာပါ။ တခြားသူတွေက ကောက်ဆက်ဘဇားက ဒုက္ခသည် စခန်းတွေကို သွားမှာ ဖြစ်ပေမယ့် မစ္စတာ ဝမ်ယိ ကတော့ သွားမှာ မဟုတ်ပါဘူး။ နောက် နေပြည်တော်မှာ ကျင်းပမယ့် အာရှ ဥရောပ နိုင်ငံခြားရေး ဝန်ကြီးတွေ အစည်းအဝေးမှာ အနောက်နိုင်ငံတွေက ဝန်ကြီးတွေနဲ့အတူ ရိုဟင်ဂျာ အကျပ်အတည်း အပါအဝင် တခြား ကိစ္စတွေ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, မစ္စတာ တေလာဆင် သတင်းစာရှင်းလင်းပွဲ
bur

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဒုက္ခသည် စခန်းတွေက အခြေအနေ

တရုတ် နိုင်ငံခြားရေးဌာနဘက်က သိရသလောက် သူ့အနေနဲ့ နှစ်နိုင်ငံကို ဒီအရေး ပြေလည်အောင် ဆွေးနွေးဖို့ ဆက်တိုက်တွန်း သွားမှာပါ။ ဒါပေမဲ့ ဒီအရေးမှာ တဘက်ဘက်ကို ဝေဖန် အပြစ်တင်တာ မျိုးတော့ သူလုပ်မှာ မဟုတ်ပါဘူး။

မေး ။ တရုတ် အစိုးရက သူ့နယ်စပ်နားက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြန်မာ အစိုးရကြား ငြိမ်းချမ်းရေး ရအောင် ညှိပေးနေပါတယ်။ သူ့နယ်စပ် မဟုတ်တဲ့ ရခိုင် အရေး ကိစ္စမှာကော တရုတ်က ဘာကြောင့် ပါဝင် ပတ်သက်လာတာလဲ ။ ။

bur

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, နယ်ခြား ခြံစည်းရိုးနား ကင်းလှည့်နေတဲ့ မြန်မာရဲတွေ

တခြား တိုင်းရင်းသား ဒေသတွေက တရုတ်နဲ့ နယ်ချင်းဆက်နေတော့ တိုက်ခိုက်မှုတွေကြောင့် ထိခိုက်လာနိုင်ပါတယ်။ ရခိုင် ပြည်နယ်အရေးကျတော့ သမိုင်းနဲ့ချီပြီး ရှုပ်ထွေးတဲ့ ကိစ္စပါ။ နိုင်ငံတကာက ဒီအရေးကို မြန်မြန် အဖြေရှာဖို့ ကြိုးစားနေတာတွေဟာ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ တရုတ်က ယူဆပါတယ်။ တရုတ်မှာလည်း မွတ်ဆလင် ခွဲထွက်ရေး လှုပ်ရှားနေတဲ့ ဒေသတွေ ရှိပါတယ်။ ဒါကြောင့် တရုတ်က သြဂုတ်လမှာ မောင်တော ပြဿနာတွေ စကတည်းက မြန်မာဘက်က ရပ်တည် ခဲ့တာပါ။ အခု ဒုက္ခသည်တွေ အများကြီး ထွက်လာပြီးနောက်လည်း တရုတ်က မြန်မာကို ဗြောင်ဝေဖန်တာမျိုး လုပ်ဖို့ တွန့်ဆုတ်တာ တွေ့ရပါတယ်။ ဒီတော့ တရုတ်အနေနဲ့ မြန်မာ အခြေအနေကို နားလည်တယ်၊ ဒီကိစ္စ အဖြေတခု ရဖို့ မြန်မာတွေနဲ့ အတူလုပ်နိုင်တယ်လို့ ဖွင့်မပြောရုံပါပဲ။ နောက်ပြီး တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက မြန်မာပြည်မှာ ရှိနေတာရယ်၊ ရပ်ဝန်းတခု လမ်းကြောင်းတကြောင်း စီမံကိန်းအရ မြန်မာပြည်ကို ဖြတ်သွားမယ့် အစီအစဉ်တွေရယ် ရှိပါတယ်။ အထူးသဖြင့် ရခိုင်မှာ အရေးပါတဲ့ ဆိပ်ကမ်း ရှိနေပါတယ်။ ဒါကြောင့် တရုတ်က မြန်မာကို ပြင်းပြင်းထန်ထန် မဝေဖန်ဘဲ ဆွေးနွေးအဖြေရှာဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

မေး ။ တရုတ် အနေနဲ့ ဘင်္ဂလားဒေ့ရှ် အပေါ် ဘယ်လိုများ သြဇာညောင်းနိုင်မလဲ ။ ။

တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဟာ မိတ်ဆွေကောင်းတွေ ဖြစ်ကြပါတယ်။ ဝမ်ယိအနေနဲ့ တခြားနိုင်ငံက ဝန်ကြီးတွေလို ဒုက္ခသည် စခန်းတွေ မသွားဘဲ ဒါကာကိုပဲ သွားမယ့် အဓိပ္ပာယ်က သူ့အနေနဲ့ အခြေအနေတွေ သိအောင် ထက် ဒီ နှစ်နိုင်ငံကြား ညှိနှိုင်းလို့ ရအောင်ပဲ ဆောင်ရွက် ပေးလိုပုံ ရပါတယ်။ နောက်ပြီး ဒါကာက အပြန် ပေးလိုက်မယ့် သတင်း စကားတွေကို နေပြည်တော်မှာ ဝင်ပါပြီး ညှိနှိုင်း ပေးနိုင်ပါတယ်။

ဗီဒီယို ပုံစာ, ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းအခြေအနေ
bur

ဓာတ်ပုံ ရင်းမြစ်, STRINGER

ဓာတ်ပုံ ပုံစာ, အနောက်နိုင်ငံတွေ က ဒေါ်အောင်ဆန်း စုကြည်ကို အပြင်းအထန် ဝေဖန်

တရုတ်အနေနဲ့ ညှိနှိုင်းဝင်ပေးဖို့ ကိစ္စမှာ အကောင်းဆုံး အနေအထားက မရှိပေမယ့် ဒီ နှစ်နိုင်ငံနဲ့ ခင်မင်တဲ့ အနေအထားကြောင့် ညှိနှိုင်းပေးလို့ရတဲ့ အနေအထား မှာလည်း ရှိနိုင်ပါတယ်။ အနောက်နိုင်ငံတွေ ဘက်က ဒေါ်အောင်ဆန်း စုကြည်ကို အပြင်းအထန် ဝေဖန် တာတွေကို မြန်မာ အစိုးရက လက်တွေ့ မကျဘူးဆိုပြီး ပယ်ချနိုင်ပေမယ့် တရုတ်က ဒါမျိုး လုပ်တာ မရှိတဲ့ အတွက် သူပြောတာ နားထောင်နိုင်ပါတယ်။ နောက် ဒုက္ခသည် ပြန်ပို့ဖို့ အရေးမှာ လည်း တရုတ်ပြည်ထဲမှာ မြန်မာကို အတော် ကရုဏာသက်ကြပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးရဲ့ ဘင်္ဂလားဒေ့ရှ် မြန်မာ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဘီဘီစီ အရှေ့အာရှ သတင်း စီမံရေး အယ်ဒီတာ ယုဝမ်ကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေက မတရားမှုခံခဲ့ရတယ်လို့ ပြော