မင်းကွန်း ပုထိုးတော်ကြီးနားမှာ ၁ လ ကျော်ကြာ တိုက်ပွဲ ပြင်းထန်နေ

မင်းကွန်း ပုထိုးတော်ကြီးနားမှာ ၁ လ ကျော်ကြာ တိုက်ပွဲ ပြင်းထန်နေ

စစ်ကိုင်းတိုင်း၊ မင်းကွန်း ဒေသ မင်းကွန်း ပုထိုးတော်ကြီးနားမှာ ၁ လကျော်ကြာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတာကြောင့် ဒေသခံတွေဟာ စစ်ဘေးရှောင်နေကြရပါတယ်။ စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုတွေ လုပ်နေတဲ့ အပြင် မြေပြင် စစ်ကြောင်းထိုးပြီး နယ်မြေ ရှင်းလင်းမှုတွေ လုပ်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ အဲဒီက စစ်ရေး အခြေအနေကို မသီရိဇော်က ပြောပြပေးမှာပါ။