ထိုင်းနဲ့ မြန်မာ ခိုက်ရန်ဖြစ်မှု နောက်ဆက်တွဲ

ထိုင်းနဲ့ မြန်မာ ခိုက်ရန်ဖြစ်မှု နောက်ဆက်တွဲ

ထိုင်းနိုင်ငံမှာ မြန်မာလူငယ်တချို့နဲ့ ထိုင်းနိုင်ငံသားလူငယ်တချို့ ခိုက်ရန်ဖြစ်ခဲ့မှုကြောင့် ထိုင်းသုံးဦး ဒဏ်ရာရရှိခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ နောက်ဆက်တွဲဆိုးကျိုးတွေ ရိုက်ခတ်လာမှာကို ထိုင်းရောက်မြန်မာနိုင်ငံသားတွေ စိုးရိမ်နေကြပါတယ်။ ခိုက်ရန်ဖြစ်မှုမှာ ပါတဲ့ မြန်မာနိုင်ငံသားတွေ ထိုင်းရဲစခန်းကိုလာရောက်ခဲ့ပြီး ခံဝန်တွေနဲ့ ဖြေရှင်းပြီးဖြစ်ပေမဲ့ နောက်ဆက်တွဲ အနေနဲ့ မြန်မာတွေကို ဖမ်းဆီးတာ၊ စစ်ဆေးတာတွေ အရင်ထက်ပိုများလာနိုင်တာကြောင့် သတိထားနေထိုင်ကြဖို့ အလုပ်သမားအရေးကူညီနေတဲ့အဖွဲ့တွေက အသိပေးထားပါတယ်။ ထိုင်းရောက်မြန်မာတွေ ဘယ်လိုစိုးရိမ်နေကြလဲ၊ ကူညီပေးနေသူတွေက ဘယ်လိုတွေ သတိပေးနေလဲ။ ဒီအကြောင်း ကိုမြင့်လွင်က အခုလို သတင်းပေးပို့ထားပါတယ်။