ရွေးကောက်ပွဲအပိုင်း ၂ ရလဒ်တွေထွက်လာ

ရွေးကောက်ပွဲအပိုင်း ၂ ရလဒ်တွေထွက်လာ

ဒီနေ့အထိ ပြီးစီးသွားတဲ့ ရွေးကောက်ပွဲ အပိုင်း ၂ ရဲ့ မဲစာရင်း ရလဒ်တွေနဲ့ ဘီဘီစီက ရရှိထားတဲ့ အချက်အလက်တွေအရ မြို့နယ် ၁၀၀ မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပိုင်း ၂ အတွက် မြို့နယ် ၇၀ နီးပါးမှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အနိုင်ရထားပါတယ်။ မွန်ပြည်နယ်မှာ ဒေသခံ တိုင်းရင်းသားပါတီက အားလုံးနီးပါးအနိုင်ရထားပြီး ကျန်တဲ့ တိုင်းရင်းသားပါတီ တချို့လည်း မဲအနိုင်ရနေတဲ့နေရာတွေ ရှိပါတယ်။ ရန်ကုန်မှာတော့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်က ကြံ့ခိုင်ရေးကို မဲအပြတ်အသတ်နဲ့ နိုင်သွားတဲ့မြို့နယ် ရှိခဲ့ပါတယ်။ လက်ရှိအထိ ရရှိထားတဲ့ မဲဆန္ဒယ်နယ်မြေတွေရဲ့ မဲအနိုင်အရှုံးနဲ့ အနိုင်ရနေတဲ့ ကိုယ်စားလှယ်လောင်းတွေ အကြောင်း ကိုမောင်က ပြောပြမှာပါ။