ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမေရိကန် နဲ့ ညှိနှိုင်း ဆွေနွေးဖို့ အီရန် ဘက်က အသင့်ရှိနေပြီလို့ဆို
အီရန်နဲ့ အမေရိကန်တို့ အကြားက တင်းမာမှုတွေ လျှော့ချရေး နဲ့ အီရန်ရဲ့ နျူကလီးယား အစီအစဥ်ကို ကန့်သတ်မယ့် အစီအစဥ်တွေကို ၂ နိုင်ငံကြား သဘောတူညီမှု ရဖို့ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။
ကြားခံ ဆွေးနွေးပွဲတွေ အတွက် ၂ နိုင်ငံစလုံးက ကိုယ်စားလှယ်တွေဟာ ဂျနီဗာမြို့ကို သွားရောက်နေကြပြီ ဖြစ်ပါတယ်။ သဘောတူညီမှု ရဖို့ အတွက် အမေရိကန်နဲ့ ဆွေးနွေးရာမှာ အလျှော့အတင်း လုပ်ဖို့ စဥ်းစားထားပြီးပြီလို့ အီရန်ဘက်က ပြောကြားပါတယ်။ အမေရိကန်ဘက်ကသာ ရိုးသားမှု ရှိမယ် ဆိုရင်တော့ သဘောတူညီမှု ရရှိနိုင်ကြောင်း အီရန် နိုင်ငံခြားရေး ၀န်ကြီးက ဘီဘီစီ ကို ပြောကြားပါတယ်။ ဒါပေမဲ့ ဆွေးနွေးပွဲဟာ ရှုပ်ထွေးမှု ရှိနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မာကို ရူဘီယိုက သတိပေးနေပါတယ်။ ဘီဘီစီ နိုင်ငံတကာ သတင်းထောက်ချုပ် လိဇ် ဒူးဆက်ဟာ အီရန်ရဲ့ မြို့တော် တီဟီရန်ကနေ သတင်းပေးပို့ထားပါတယ်။ သူ့ရဲ့ သတင်းပေးပို့မှုကို ဘီဘီစီ ရဲ့ ပါရှန်း ဘာသာစကားဌာနက တဆင့် အီရန်နိုင်ငံတွင်းမှာ ထုတ်လွှင့်တင်ဆက်ခွင့် မပြုထားပါဘူး။ ဒီအကြောင်း မသီဒါနွယ်က ပြောပြပေးမှာပါ။