VAPE နဲ့ အီးစီးကရက် ရောင်းဝယ် သုံးစွဲမှု တားမြစ်ထား

VAPE နဲ့ အီးစီးကရက် ရောင်းဝယ် သုံးစွဲမှု တားမြစ်ထား

မြန်မာနိုင်ငံမှာ ဆေးလိပ်အစားထိုး ဆိုပြီး လူတွေကြား သောက်သုံးလေ့ ရှိတဲ့ VAPE နဲ့ အီးစီးကရက်အပါအဝင် ဆက်ပစ်ပစ္စည်းတွေကို တင်သွင်းတာ၊ သိုလှောင်ဖြန့်ဖြူးရောင်းချတာ၊ လက်ဝယ်ထားရှိတာနဲ့ သုံးစွဲတာတွေကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့က စပြီး တားမြစ်လိုက်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဥပဒေအရ တားမြစ်လိုက်ပေမဲ့ လူတွေကြားမှာ တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြတဲ့ VAPE လို ပစ္စည်းတွေ မရောက်အောင် ဆောင်ရွက်နိုင်ပါ့မလား။ ကိုသန့်ဇင်လင်း က ပြောပြပေးမှာပါ။