ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗြိတိန် တော်ဝင် မင်းသားဟောင်းကို စုံစမ်းစစ်ဆေးမှုနဲ့ ပြန်လွှတ်ပေး
ဗြိတိန် တော်ဝင် မင်းသားဟောင်း အန်ဒရူး မောင့်ဘက်တန် ဝင်ဆာကို မနေ့က ရဲတွေက ထိန်းသိမ်းခဲ့ပြီး၊ စုံစမ်းစစ်ဆေးနေဆဲအခြေအနေမှာ ပြန်လွှတ်ပေးခဲ့ပေမဲ့ သူ့ရဲ့ အရင် နေအိမ် ဖြစ်တဲ့ တော်ဝင် ဧည့်ဆောင် ကို ရဲတွေက ရှာဖွေမှုတွေ ဆက်လုပ်နေပါတယ်။ ဒါဟာ နှစ်ပေါင်း ၄၀၀ နီးပါး အတွင်းမှာ ဗြိတိန် တော်ဝင် မိသားစုတွေထဲက အကြီးတန်း အိမ်ထောင်စုဝင် တစ်ယောက် အဖမ်းခံရတာလည်း ဖြစ်ပါတယ်။ မစ္စတာ အန်ဒရူးဟာ ဗြိတိန်ရဲ့ ကုန်သွယ်ရေး သံတမန်အဖြစ် တာဝန် ထမ်းဆောင်စဉ်မှာ လိင်ပိုင်း ဆိုင်ရာ ပြစ်မှုတွေ ကျူးလွန်ခဲ့တဲ့ ဂျပ်ဖရီ အက်ပ်စတိန်းကို စာရွက်စာတမ်းတွေ မျှဝေခဲ့တယ်လို့ စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။ သူကတော့ တစုံတရာ အမှားအယွင်း ကျူးလွန်ထားခြင်း မရှိကြောင်း ငြင်းဆိုထားပါတယ်။ ဘီဘီစီ သတင်းထောက် နိုမီယာ အစ်ခ်ဘဲလ် ရဲ့ သတင်းကို မသီဒါနွယ်က ပြောပြပေးမှာပါ။