ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမေရိကန် သမ္မတရဲ့ ဗြိတိန် ခရီးစဉ် တိုက်ရိုက် သတင်းပေးပို့ချက်
အမေရိကန် သမ္မတရဲ့ ဗြိတိန် ခရီးစဉ် တိုက်ရိုက် သတင်းပေးပို့ချက်
အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ ဒုတိယ အကြိမ်မြောက် ဗြိတိန် ခရီးစဉ်မှာ သူ့ကို ဆန့်ကျင် ဆန္ဒပြမှုတွေလည်း ရှိနေတာကြောင့် နိုင်ငံတဝန်းမှာ လုံခြုံရေးကို အထူးတင်းကျပ် ထားပါတယ်။ မနက်ပိုင်းမှာ အမေရိကန် သမ္မတ နဲ့ သမ္မတ ကတော်တို့ ဝင်ဆာ ရဲတိုက်ကို ရောက်ရှိလာချိန်မှာတော့ ဗြိတိန် အိမ်ရှေ့စံ ဝေလ မင်းသား နဲ့ ကြင်ယာတော်တို့က ကြိုဆို နှုတ်ဆက်ခဲ့ပါတယ်။ အဲဒီနောက် ချားလ်စ် ဘုရင်နဲ့ မိဖုရား ကမီလာတို့လည်း တော်ဝင် ရထားလုံးနဲ့ အတူ လိုက်ပါပြီး အမေရိကန် သမ္မတကို မင်းခမ်းမင်းနားနဲ့ ကြိုဆိုခဲ့ပါတယ်။ ဝင်ဆာရဲတိုက်မှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် မသီဒါနွယ်က တိုက်ရိုက် သတင်းပေးပို့ထားပါတယ်။