မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးနဲ့ စစ်သံကို ဘင်္ဂလားဒေ့ရှ် ပြန်ခေါ်

မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးနဲ့ စစ်သံကို ဘင်္ဂလားဒေ့ရှ် ပြန်ခေါ်

ဘင်္ဂလားဒေ့ရှ်အစိုးရ က မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး နဲ့ စစ်သံမှူးတို့ကို မြို့တော် ဒါကာ ကို ပြန်ခေါ်ထားတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဘီဘီစီကို အတည်ပြု ပြောဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ် လက်ရှိ အိမ်စောင့် အစိုးရ နဲ့ အာရက္ခတပ်တော် (AA) တို့ကြား ထိတွေ့ဆက်ဆံမှုတွေ အပေါ် စစ်ကောင်စီဘက်က ကန့်ကွက် ရှုတ်ချခဲ့ပြီးတဲ့နောက်မှာ အခုလို စစ်ကောင်စီနဲ့ ဘင်္ဂလားဒေ့ရှ်ကြား သံတမန်ရေး တင်းမာတဲ့ အခြေအနေတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဒီ အကြောင်း ကိုဝေဖြိုး ပြောပြထားပါတယ်။