အစ္စရေးနဲ့ ဟဇ်ဘိုလာ တိုက်ပွဲဖြစ်

အစ္စရေးနဲ့ ဟဇ်ဘိုလာ တိုက်ပွဲဖြစ်

တနင်္ဂနွေနေ့က အစ္စရေးနဲ့ ဟဇ်ဘိုလာ အကြား တဖက်နဲ့ တဖက် အပြင်းအထန် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက် အမေရိကန် ပြည်ထောင်စုက အစ္စရေးနဲ့ လက်ဘနွန်က ဟဇ်ဘိုလာ အဖွဲ့တို့ အကြား တိုက်ခိုက်မှုတွေကနေ ဒေသတွင်း စစ်ပွဲကြီးတခု ဖြစ်မလာစေဖို့ အတွက် တားဆီးဖို့ ကြိုးစားနေကြောင်း ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ရှ်ကလည်း နှစ်ဖက်စလုံး တိုက်ခိုက်နေကြတာတွေ အမြန်ဆုံး ရပ်ကြဖို့ အတွက် တောင်းဆိုလိုက်ပါတယ်။

ကိုင်ရိုမြို့တော်မှာ ကျင်းပနေတဲ့ ဂါဇာအတွက် အပစ်ရပ် ဆွေးနွေးပွဲတွေကလည်း ဘာတိုးတက်မှုမှ မရဘဲ ဖြစ်နေပါတယ်။ ဟားမတ်စ်ကလည်း အစ္စရေးရဲ့ တောင်းဆိုချက် အသစ်တွေကို ပယ်ချခဲ့သလို ကတိဖျက်တယ်လို့ပါ စွပ်စွဲပြီး အီဂျစ်ကနေ ပြန်သွားပြီ ဖြစ်ပါတယ်။

အစ္စရေးကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ အစောပိုင်းက နောက်ဆုံး တွေ့ဆုံမှုအတွင်းမှာ လုပ်ခဲ့တဲ့ တောင်းဆိုချက်တွေကနေ ဘာအပြောင်းအလဲမှ မလုပ်ထားဘူးဆို ငြင်းခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းက အခြေအနေတွေကို ကိုဘိုဘိုက ပြောပြပေးမှာပါ။