ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲ စစ်လေယာဥ် ဝင်ရောက်ပျံသန်းမှု မြန်မာသံအမတ် ဆင့်ခေါ်ခံရပြန်

ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်မရရင် မြန်မာပြည် မသွားတော့ဘူးလို့ ကုလသံတမန် ဆို

ကုလ အထူးကိုယ်စားလှယ် နိုလင်း ဟေဇာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကုလ အထူးကိုယ်စားလှယ် နိုလင်း ဟေဇာ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်း ဟေဇာဟာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်မရရင် မြန်မာပြည်ကို နောက်တစ်ကြိမ် သွားရောက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

စင်ကာပူက အရှေ့တောင်အာရှလေ့လာရေးအင်စတီကျုရဲ့ ယူဆွတ်အီရှက်အင်စတီကျုမှာ စက်တင်ဘာလ ၅ ရက်က ပြုလုပ်တဲ့ သူ့ရဲ့ ဟောပြောမှုအတွင်း မစ္စ ဟေဇာက အဲဒီလို ပြောတာ ဖြစ်ပါတယ်။

 ပြီးခဲ့တဲ့ လက မစ္စ ဟေဇာဟာ မြန်မာပြည်ကို သွားရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းခဲ့ပေမယ့် တွေ့ခွင့်မရခဲ့ဘဲ စစ်ကောင်စီခေါင်းဆောင်နဲ့သာ တွေ့ခဲ့ပါတယ်။

 သူ့ခရီးစဉ်ဟာ မြန်မာအကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အထောက်အကူမပြုဘဲ စစ်ကောင်စီကိုသာ တရားဝင်မှု ဖြစ်အောင် လုပ်သလို ဖြစ်နေတယ်ဆိုပြီး ပြည်တွင်းပြည်ပမှာ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

 ဒါပေမယ့် မစ္စဟေဇာကတော့ သူ့ခရီးစဉ်က တရားဝင်မှု ပေးတာ မဟုတ်ဘူးဆိုပြီး ခရီးစဉ်အပြီးမှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်တောင်းတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ရာမှာလည်း ဒေါ်ဆောင်ဆန်းစုကြည်အပေါ် တရားစီရင်မှုတွေ ပြီးဆုံးပြီးနောက် စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်အပေါ် တုံ့ပြန်လာမှုတွေကို မူတည်ပြီး စဉ်းစားဆောင်ရွက်မယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

 သူ့ခရီးစဉ်အတွင်း မြန်မာပြည်အတွင်းက အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ပေးဖို့လည်း တောင်းဆိုခဲ့တယ်လို့ ကုလသမဂ္ဂဘက်က ထုတ်ပြန်ခဲ့ပါတယ်။

 မြန်မာ့ငြိမ်းချမ်းရေးအတွက် နိုင်ငံတကာဘက်က ကြားဝင်ဆောင်ရွက်ဖို့ ပျက်ကွက်ရင် မြန်မာအကျပ်အတည်းဟာ ပုံစံမျိုးစံနဲ့ အဆိုးရွားဆုံးအခြေအနေဆိုက်နိုင်တယ်လို့လည်း အခု ဟောပြောမှုတွင်း မစ္စ ဟေဇာက သတိပေးပါတယ်။

မြောင်မှာ စစ်တပ်က ညဘက် စစ်ကြောင်းထိုးလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ
မြောင်မှာ စစ်တပ်က ညဘက် စစ်ကြောင်းထိုးလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

ဓာတ်ပုံ ရင်းမြစ်, မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

 မကွေးတိုင်း၊ မြောင်မြို့နယ် တောင်ပိုင်း၊ အရှေ့မြောက်ပိုင်းနဲ့ အနောက်ပိုင်းကို စစ်တပ်က ညဘက် စစ်ကြောင်းထိုးနေတွေကြောင့် ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ ညကြီးမင်းကြီး ဘေးလွတ်ရာတိမ်းရှောင်နေ ကြရတယ်လို့ သိရပါတယ်။

ကျောက်ရစ်ရဲစခန်းမှာ အခြေချတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မနေ့ စက်တင်ဘာလ ၄ ရက်မှာ ညဘက် စစ်ကြောင်းထိုးတာကြောင့် ဘူးကိုင်းရွာထဲက ဒေသခံတွေဟာ ညတွင်းချင်းမှာပဲ ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ ရပါတယ်။

‘‘ အရင်တုန်းက သူတို့(စစ်တပ်) စစ်ကြောင်းထိုးရင် နေ့ခင်းဘက်ပဲ။ အခုက ခွဲပြီး ဝင်နေတယ်လို့တောင် ပြောရမလားမသိဘူး။ ညဘက် ကင်းပုန်းဝပ်တယ်။ တခါတလေ ည ၂ နာရီလောက်ကြီး ရွာတွေထဲဝင်လာ တယ။ ဒီဘက်ရွာမှာ သူတို့ လှုပ်လှုပ်အသံကြားရင် ဟိုဘက်ရွာကို ပြေးကြရတယ်။ ပြေးတယ်ဆိုတာကလည်း သူတို့ မဝင်လာခင်မှာ လက်နက်ကြီးနဲ့ပစ်လို့ ဟိုနေ့ကဆို ဇီးကျွန်းရွာမှာ ၂ ယောက်သေပြီး ၆ ယောက်ဒဏ်ရရ တယ်လေ။ အဝေးပစ်တွေနဲ့ပစ်တော့ သူတို့နဲ့ တစ်မိုင်၊ နှစ်မိုင်ဝေးတဲ့ဆီကို ပြေးကြရတာ’’လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့က ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၃ ရက်ညပိုင်းတုန်းကလည်း စစ်ကောင်စီစစ်ကြောင်းကြောင့် ဒေသခံ ၂ ထောင်နီးပါး ဟာ ညသန်းခေါင်မှာ ဘေးကင်းရာရွှေ့ပြောင်းခဲ့ကြရတဲ့အကြောင်း ဒေသကာကွယ်ရေး တပ်တွေဘက်က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ ညဘက်တွေမှာ ကျေးရွာတွေကို ဘာကြောင့်ဝင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရ ပေမဲ့ စစ်တပ်ဘက်က နယ်မြေစိုးမိုး‌ရေးလုပ်မယ်ဆိုတဲ့သတင်းတွေ ပြီးခဲ့တဲ့သီတင်းပတ်မှာ ထွက်ပေါ်လာပြီး နောက်မှာ အခုလိုဖြစ်စဥ်တွေ ရှိလာတာလို့ မြောင်ဒေသကာကွယ်ရေးဘက်နဲ့နီးစပ်သူတွေနဲ့ စစ်ရှောင်တွေ အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။

လက်ရှိမှာတော့ မြောင်မြို့နယ်ထဲကို စစ်တပ်က စစ်ကြောင်း ၃ ကြောင်းနဲ့ စစ်ကြောင်းထိုးချိန် သီတင်း တစ်ပတ်အတွင်း စစ်ရှောင်ဦးရေ ၄,၀၀၀ နီးပါးအထိရှိလာသလို တိုးလာတဲ့စစ်ရှောင်အရေအတွက်ကို လိုက် ပြီး စားရေးသောက်ရေးအတွက် အကူအညီတွေလိုအပ်နေတယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့က ပြောထားပါတယ်။

အတိုင်ပင်ခံနဲ့သမ္မတတို့စွပ်စွဲခံရတဲ့ ရဟတ်ယာဥ်ငှားရမ်းမှုအဂတိမှုမှာ လူကယ်ပြန်အတွင်းဝန်ကို စစ်ဆေး

အတိုင်ပင်ခံနဲ့သမ္မတတို့စွပ်စွဲခံရတဲ့ ရဟတ်ယာဥ်ငှားရမ်းမှုအဂတိမှုမှာ လူကယ်ပြန်အတွင်းဝန်ကို စစ်ဆေး

ဓာတ်ပုံ ရင်းမြစ်, အတိုင်ပင်ခံရုံး

ဓာတ်ပုံ ပုံစာ, ရဟတ်ယာဥ်ရောက်ရှိချိန်တုန်းက ကြည့်ရှုစစ်ဆေးမှုတွေပြုလုပ်ခဲ့တဲ့ဒေါ်အောင်ဆန်းစုကြည်( ပုံဟောင်း)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်တို့ ပူးတွဲစွပ်စွဲထားတဲ့ ရဟတ်ယာဥ် ငှားရမ်း၊ ဝယ်ယူမှုဆိုင်ရာအမှုတွေမှာ ရဟတ်ယာဥ်ကို ငှားရမ်းမှုနဲ့ထပ်တိုးငှားရမ်းမှု အမှု ၂ ခုကို ဒီနေ့ စက်တင်ဘာလ ၅ ရက်မှာကြားနာခဲ့တယ်လို့သိရပါတယ်။

နေပြည်တော်အကျဥ်းထောင်အထူးတရားရုံးမှာပြုလုပ်တဲ့ ဒီနေ့ကြားနာမှုမှာတော့ လက်ရှိလူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးအတွင်းဝန် ဦးကိုကိုနိုင်က တရားလိုပြ သက်သေအနေနဲ့ လာရောက်ထွက်ဆိုသွားတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

သဘာဝဘေးကူညီကယ်ဆယ်ရေးမှာသုံးဖို့ အီတလီထုတ်ရဟတ်ယာဥ်တစ်စီး ငှားရမ်းဝယ်ယူမှု၊ပြုပြင် ထိန်းသိမ်းမှု တွေမှာ စည်းမျဥ်းစည်းကမ်းနဲ့အညီမပြုလုပ်ခဲ့တာကြောင့် နိုင်ငံပိုင်ငွေတွေ နစ်နာဆုံးရှုံးတယ်ဆိုပြီး အဂတိလိုက်စားမှုနဲ့ သမ္မတနဲ့ အတိုင်ပင်ခံတို့ စွပ်စွဲခံထားရတာပါ။

ဦးကိုကိုနိုင်ရဲ့ ထွက်ဆိုချက်အရ ရဟတ်ယာဥ် ငှားတဲ့စာချုပ်မှာ သက်သေအနေနဲ့ လက်မှတ်ထိုးခဲ့သလို ငှားရမ်းမှုတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီသာ လုပ်ဆောင်ခဲ့တယ်လို့ ထွက်ဆိုခဲ့တဲ့အကြောင်း တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဒီနေ့ တရားရုံးကြားနာမှုကို အတိုင်ပင်ခံရော၊ သမ္မတပါ တက်‌ရောက်တယ်လို့ သိရပြီး ကျန်းမာရေးကောင်း မွန်တယ်လို့လည်း သိရပါတယ်။

ကုလသမဂ္ဂမှာ မြန်မာသံအမတ်မပြောင်းလဲရေး ဆောဒေသခံတွေ တောင်းဆို

ကုလသမဂ္ဂမှာ မြန်မာသံအမတ်မပြောင်းလဲရေး ဆောဒေသခံတွေ တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, The Youth Force ( Saw-Kyaukhtu)

မကွေးတိုင်း၊ ဆောမြို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကို ထောက်ခံကြောင်းနဲ့ ကုလ သမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးအဖြစ်ဦးကျော်မိုးထွန်းကိုဆက်လက်ထားရှိဖို့ လူထုက ဒီကနေ့ စက်တင်ဘာ၅ရက်မှာ ဆန္ဒထုတ်ဖော်တဲ့မြင်ကွင်းတွေဖြစ်ပါတယ်။

 အဲဒီလူထုဆန္ဒထုတ်ဖော်ပွဲကို လူဦးရေထောင်ချီပါဝင်ခဲ့ပြီး ဆောနဲ့ကျောက်ထုက လူငယ်အင်အားစု (The Youth Force)က ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 အဲဒီပွဲကို ဆောမြို့နယ် ပြည့်သူအုပ်ချုပ်ရေးအဖွဲ့၊ ကျေးရွာကာကွယ်ရေးအဖွဲ့တွေက လုံခြုံရေးနဲ့ အင်အားဖြည့်ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။

 စစ်ကိုင်းတိုင်းထဲက ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းကလည်း ဒီကနေ့မှာပဲ စစ်အာဏာသိမ်းဆန့်ကျင်ရေး ၅၄၃ ရက်မြောက်အဖြစ် ချီတက်ဆန္ဒထုတ်ဖော်တာတွေရှိခဲ့ပါတယ်။

မြောက်ဦးဈေးထဲ မိုင်းရှိတယ်ဆိုတာကြောင့် ဆိုင်ပစ္စည်းတွေ ပြောင်းရွှေ့နေကြ

မြောက်ဦးဈေးထဲ မိုင်းရှိတယ်ဆိုတာကြောင့် ဆိုင်ပစ္စည်းတွေ ပြောင်းရွှေ့နေကြ

ဓာတ်ပုံ ရင်းမြစ်, CJ

ရခိုင်ပြည်နယ် မြောက်ဦးမြို့မဈေးကြီးအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်ပြီး စက်တင်ဘာ ၅ ရက် ဒီကနေ့မနက်ပိုင်းမှာ မိုင်းရှင်းလင်းမှုတွေပြုလုပ်နေတဲ့အတွက် ဆိုင်ခန်းပိုင်ရှင်တွေဟာ စိုးရိမ်ကြောက်လန့်ပြီး ပစ္စည်းတွေကို ပြောင်းရွှေ့နေကြရတယ်လို့ ပြောဆိုကြပါတယ်။

 စက်တင်ဘာ ၄ ရက်၊ မနေ့ကတော့ ဈေးအနီးဝန်းကျင်နဲ့ မြို့တွင်းနေရာတွေမှာ စစ်တပ်ကနေရာယူထားတာကြောင့် တစ်မြို့လုံးဈေးဆိုင်တွေပိတ်ထားကြသလို လူတွေအသွားအလာလည်းမရှိဘဲ ခြောက်ကပ်နေခဲ့ပါတယ်။

 ဒီကနေ့မနက်ပိုင်းမှာတော့ ဈေးဆိုင်တွေကိုဖွင့်ခဲ့ကြတဲ့အချိန် ဈေးအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာခဲ့ကာ အခုလိုမိုင်းရှင်းလင်းမှုတွေပြုလုပ်နေကြပြီး စစ်သားတွေကလည်း သူတို့မိုင်းရှာနေတာဖြစ်တယ်လို့ ဈေးရောင်းချနေသူတွေကိုပြောဆိုကြောင်း ဈေးသည်တွေကပြောပါတယ်။

 စက်တင်ဘာ ၃ ရက်နေ့ညကလည်း မြို့တွင်းစစ်ကောင်စီတပ်တွေဝင်ရောက်လာခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်မှုတွေပြုလုပ်ခဲ့ကြတာကြောင့် မြို့ခံတွေစိုးရိမ်နေကြသလို အဲ့ဒီစစ်သားတွေဟာ မြို့တွင်းကထွက်သွားခြင်းမရှိသေးဘဲ ဒီကနေ့မနက်ပိုင်းမှာ ဈေးထဲမိုင်းရှာတာတွေပြုလုပ်လာနေတော့ သံသယဖြစ်မိတယ်လို့လည်း ဈေးသည်တွေက ပြောဆိုကြပါတယ်။ 

ရေးအခြေစိုက် ခြေလျင်နဲ့ခြေမြန်တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး ဖမ်းဆီးခံရ

ရေးအခြေစိုက် ခြေလျင်နဲ့ခြေမြန်တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး ဖမ်းဆီးခံရ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, အဲဒီစစ်ကောင်စီတပ်သားတွေဟာ အရပ်ဝတ် ဝတ်ဆင်ပြီး အိမ်စီးကားနဲ့ စုပေါင်းပြန်လာချိန် ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲက ခြေလျင်တပ်ရင်းနဲ့ ခြေမြန်တပ်ရင်းက တပ်ဖွဲ့ဝင် ၈ ဦးကို ကရင်အမျိုးသားအစည်းအရုံး- ကေအဲန်ယူရဲ့ ကရင့်အမျိုးသားကာကွယ်ရေးတပ်(KNLA)နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရေးမြို့နယ်အခြေစိုက် အမှတ် -၆၁ ခြေလျင်တပ်ရင်းနဲ့ အမှတ်- ၃၄၃ ခြေမြန်တပ်ရင်းတွေက တပ်ရင်းတပ်ထောက်ဒုတိယအရာခံဗိုလ်တစ်ဦးနဲ့ အခြားတပ်သားတွေဖြစ်တယ်လို့ သိရပါတယ်။

သူတို့ဟာ သံဖြူဇရပ်မြို့နယ်၊ အမှတ်- ၄ တန်းမြှင့်လေ့ကျင့်ရေးသင်တန်းကျောင်းကနေ သင်တန်းဆင်းပြန်လာချိန် စက်တင်ဘာလ ၄ ရက်နေ့တုန်းက ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်ကြားမှာ ဖမ်းဆီးခံခဲ့ရတာပါ။

အဲဒီစစ်ကောင်စီတပ်သားတွေဟာ အရပ်သားလို ဝတ်ဆင်ပြီး အိမ်စီးကားနဲ့ပြန်လာချိန်မှာ ဖမ်းဆီးခံရတာလို့ ပူးပေါင်းတပ်ဖွဲ့တွေဘက်ကနေ သိရပါတယ်။ အခုတော့ သူတို့ကို ဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းနေဆဲလို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပျောက်ဆုံးနေတာကြောင့် စစ်ကောင်စီရဲ့ အမှတ် ၃၄၃ ခြေမြန်တပ်ရင်းဟာ လက်ရှိမှာ ရေးမြို့နယ်အတွင်းကို စစ်ကြောင်းထိုး ရှာဖွေနေတယ်လို့ သိရပါတယ်။

ဘန်ကောက်ကျောက်မျက်ရတနာပြပွဲမှာ မြန်မာကုမ္ပဏီတွေ ပါဝင်ပြသဖို့ရှိ

BANGKOK GEMS & JEWELRY FAIR 2022

ဓာတ်ပုံ ရင်းမြစ်, BANGKOK GEMS & JEWELRY FAIR 2022

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး၊ နွန်သာဘူရီမှာကျင်းပမယ့် ဘန်ကောက်ကျောက်မျက်ရတနာပြပွဲ (BANGKOK GEMS & JEWELRY FAIR 2022 ) မှာ စစ်ကောင်စီလက်အောက် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းရဲ့အစီအစဥ်နဲ့ မြန်မာကျောက်မျက်ကုမ္ပဏီအချို့ ဝင်ရောက်ပြသဖို့ရှိ‌နေတယ်လို့ ကျောက်မျက်လုပ်ငန်းရှင်အသိုင်းအဝိုင်းက သိရပါတယ်။

အဲဒီပြပွဲမှာ ကျောက်မျက်ပြခန်းပေါင်း ထောင်ချီပြသဖို့ရှိပြီး ထိုင်းနိုင်ငံက အများဆုံးနဲ့ အီတလီ၊ တူရကီ၊ ဟောင်ကောင်၊ သီရိလင်္ကာနဲ့မြန်မာအပြင်နိုင်ငံအချို့က ပါဝင်ပြသတာတွေ့ရပါတယ်။

ဒါပေမဲ့ ဝင်ရောက်ပြသမယ့် ကုမ္ပဏီအချို့ ရဲ့ ပြောကြားချက်အရ စစ်ကောင်စီရဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက စီစဥ်ပေးတာဖြစ်ပြီး လိုအပ်တာတွေကို ညှိနှိုင်းဆောင်ရွက်နေတုန်းလို့ဆိုပါတယ်။

ခန်းအချက်အလက်တွေကိုဖော်ပြထားတဲ့ BANGKOK GEMS & JEWELRY FAIR 2022 ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ဝင်ရောက်ပြသမယ့် မြန်မာကျောက်မျက်ကုမ္ပဏီအားလုံးကို ဘီဘီစီကဆက်သွယ်မေးမြန်းပေမဲ့ အချို့က ဖြေကြားဖို့ငြင်းဆိုလို့ အသေးစိတ်အချက်အလက်ကိုမသိရပါဘူး။

ပြည်တွင်းကကျောက်မျက်လုပ်ငန်းရှင်တစ်ဦးကတော့ '' ကျွန်တော်တို့က ပြည်ပပွဲတွေစိတ်ဝင်စားပါတယ်။ ဒါပေမဲ့ ဒီကာလမှာကရောင်းရသမျှငွေကကိုယ့်အတွက်ပဲမဟုတ်ဘဲ သူတို့(စစ်ကောင်စီ)အတွက် ငွေရှာပေးသလိုဖြစ်နေမှာလေ။အဲဒီတော့ တော်တော်များများက အပြင်သွားပြဖို့စိတ်မဝင်စားကြဘူးခင်ဗျ'' လို့ ပြောပါတယ်။

အဲဒီပြပွဲဟာ ထိုင်းနိုင်ငံရဲ့ အကျော်ကြားဆုံးနဲ့ သက်တမ်းအရှည်ဆုံးကျောက်မျက်ရတနာပြပွဲဖြစ်တယ်လို့ ထိုင်းသတင်းတွေကဖော်ပြပါတယ်။

ပွဲစီစဥ်တဲ့ BANGKOK GEMS & JEWELRY FAIR ရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာမှာဖော်ပြထားတဲ့ ပြခန်းအချက်အလက်တွေြန်မာ ကောက်မျက်ရတနာကုမ္ပဏီတွေဖြစ်တဲ့ Khine Mingalar ၊ Special Jewellery ၊ Shwe Kant Kaw ၊ Royal Jewellery နဲ့ Mya Nan Yagon တို့ကိုတွေ့ရပါတယ်။ အာ

အာဏာသိမ်းပြီးတဲ့နောက် အမေရိကန်၊ကနေဒါနဲ့ ဗြိတိန်တို့က စစ်ကောင်စီလက်အောက် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း (Myanma Gems Enterprise) ကို စစ်ကောင်စီဝင်‌ငွေရလမ်းတွေကိုထောက်ပံ့တဲ့လုပ်ငန်းတွေဆိုပြီး စီးပွားရေးအရပိတ်ဆို့ အရေးယူကြောင်း ပြီးခဲ့တဲ့ နှစ်က ကြေညာထားတာပါ။

EEF ဖိုရမ်မှာ မြန်မာစစ်ခေါင်းဆောင်ကိုဧည့်သည်တော်အဖြစ် ရုရှားနိုင်ငံပိုင်မီဒီယာဖော်ပြ

EEF ဖိုရမ်မှာ မြန်မာစစ်ခေါင်းဆောင်ကိုဧည့်သည်တော်အဖြစ် ရုရှားနိုင်ငံပိုင်မီဒီယာဖော်ပြ

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရုရှားနိုင်ငံ၊ ဗလာဒီဗိုစတော့မြို့မှာ ကျင်းပနေပြီဖြစ်တဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF)အတွက် ပြည်ပဧည့်သည်တော်အဖြစ် ရုရှားနိုင်ငံပိုင် မီဒီယာက ဖော်ပြလာပါတယ်။

စစ်ခေါင်းဆောင်နဲ့အတူ တရုတ်ပြည်သူ့ကွန်ဂရက်စ်အမြဲတမ်းကော်မတီဥက္ကဋ္ဌ၊ အာမေးနီးယားဝန်ကြီးချုပ်နဲ့ မွန်ဂိုလီယားဝန်ကြီးချုပ်တို့ကို ဖိုရမ်ကို ဖိတ်ကြားတာဖြစ်ပြီး အဲဒီဖိုရမ်ကို သမ္မတ ပူတင်လည်း တက်‌ရောက်မယ်လို့ ဆိုပါတယ်။

သမ္မတ ပူတင်ဟာ ဖိတ်ကြားထားတဲ့ ပြည်ပဧည့်သည်တောတွေနဲ့ ဖိုရမ်မှာ နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုတွေကို စက်တင်ဘာလ ၇ ရက်မှာ ပြုလုပ်သွားမယ်လို့လည်း ရုရှားသမ္မတရုံး သတင်းထုတ်ပြန်ရေးအဖွဲ့က ကြေညာတယ်လို့လည်း ဆိုပါတယ်။

''သမ္မတပူတင်နဲ့ ဖိုရမ်ကို ဖိတ်ကြားထားတဲ့ပြည်ပခေါင်းဆောင်တွေရဲ့ သီးခြားစီတွေ့ဆုံမှုတွေဟာ စက်တင်ဘာလ ၇ ရက်မှာ တနေ့လုံးရှိနေပါမယ်။ ခေါင်းဆောင်တွေဟာ ဒေသတွင်းနဲ့ နှစ်နိုင်ငံဆိုင်ရာကိစ္စတွေကို အမြင်ချင်းဖလှယ်ဖို့ရှိပါတယ်'' လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါပေမဲ့ မြန်မာစစ်ခေါင်းဆောင်နဲ့ ရုရှားသမ္မတတို့ ဖိုရမ်အတွင်း သီးခြားတွေ့ဆုံမလားဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

မြန်မာစစ်ခေါင်းဆောင်ဟာ အဲဒီဖိုရမ်တက်ဖို့ မနေ့က နေပြည်တော်ကနေ ထွက်ခွါသွားတာဖြစ်ပြီး စက်တင်ဘာလ ၈ ရက်အထိ ဖိုရမ် တက်‌ရောက်မှာဖြစ်သလို ရုရှားအစိုးရတာဝန်ရှိသူတွေ၊ အထိမ်းအမှတ်နေရာတွေ၊ တက္ကသိုလ်တွေနဲ့ စက်ရုံတွေကို သွားရောက်ဖို့ရှိတယ်လို့ စစ်ကောင်စီလက်အောက် နိုင်ငံပိုင်သတင်းမှာဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ထပ်မံချမှတ်မှု စစ်ကောင်စီကို အီးယူ ရှုတ်ချကန့်ကွက်

၂၀၁၃ ခုနှစ်မှာ ဥရောပသမဂ္ဂပါလီမန်ရောက် ဒေါ်အောင်ဆန်းစုကြည်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၃ ခုနှစ်မှာ ဥရောပသမဂ္ဂပါလီမန်ရောက် ဒေါ်အောင်ဆန်းစုကြည်

ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုစစ်ကောင်စီတရားရုံးက ထပ်မံပြစ်ဒဏ်ချမှတ်ခဲ့မှုကို ကန့်ကွက်ရှုတ်ချတယ်လို့ အီးယူဥရောပသမဂ္ဂက စက်တင်ဘာ၄ရက်က ပြောဆိုလိုက်ပါတယ်။

''ဒေါ်အောင်ဆန်းစုကြည် အပေါ်တရားနည်းလမ်းမကျဘဲ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် နဲ့ ထပ်မံပြစ်ဒဏ်ချမှတ်မှုကိုရှုတ်ချပါတယ်။ အခု သူဟာ စွဲချက်ပေါင်း ၁၁ ခုနဲ့ ထောင်ဒဏ် အနှစ် ၂၀ နဲ့ ရင်ဆိုင်နေရပါတယ် '' လို့ EU ရဲ့ နိုင်ငံခြားရေးရာ နဲ့ လုံခြုံရေးမူဝါဒဆိုင်ရာအကြီးအကဲ Josep Borrell က သူ့ရဲ့တွစ်တာစာမျက်နှာမှာရေးသားခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦး၀င်းမြင့်နဲ့ ပြည်ထောင်စု၀န်ကြီးဟောင်း ဦးမင်းသူတို့သုံးဦးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာသုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) နဲ့စွဲဆိုထားတဲ့အမှုကို စက်တင်ဘာ ၂ ရက်မှာ အမိန့်ချမှတ်ခဲ့တာပါ။

သုံးဦးလုံးကို အလုပ်နဲ့ထောင်သုံးနှစ် စီချမှတ်ခဲ့တာဖြစ်ပြီး ချုပ်ရက်တွေကိုထုတ်နုတ်ခံစားခွင့်မပြုထားပါဘူး။

စစ်အာဏာသိမ်းပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ကိုလည်း စစ်ကောင်စီကို EU က တောင်းဆိုကြောင်းလည်း သူက ပြောဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်အသစ် ထပ်မံချမှတ်ခဲ့တဲ့အပေါ် အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီယိုဘလင်ကန်က ရှုတ်ချထားပြီး စစ်ကောင်စီကို ထပ်မံဖိအားပေးဖို့ ပြီးခဲ့တဲ့ရက်ကပဲ တိုက်တွန်းထားတာပါ။

နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် စစ်ကောင်စီက ရွေးကောက်ပွဲမသမာမှုနဲ့ တရားစွဲပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တဲ့အပေါ် အာရှနိုင်ငံတွေရဲ့ ရွေးကောက်ပွဲတွေကို စောင့်ကြည့်လေ့လာနေတဲ့ လွတ်လပ်သောရွေးကောက်ပွဲများအတွက် အာရှကွန်ရက် (ANFREL)အဖွဲ့က အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်းကိုလည်းစက်တင်ဘာ ၂ ရက်က ကြေညာထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲ စစ်လေယာဥ် ဝင်ရောက်ပျံသန်းမှု မြန်မာသံအမတ် ဆင့်ခေါ်ခံရပြန်

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက မြန်မာသံအမတ်က သူ့ရဲ့သံတမန်ခန့်အပ်လွှာကို ဘင်္ဂလားဒေ့ရှ်သမ္မတထံ ပေးအပ်ခဲ့ချိန်က ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PID

ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက မြန်မာသံအမတ်က သူ့ရဲ့သံတမန်ခန့်အပ်လွှာကို ဘင်္ဂလားဒေ့ရှ်သမ္မတထံ ပေးအပ်ခဲ့ချိန်က ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်ထဲကို မြန်မာစစ်တပ်လေယာဥ်တွေ ဝင်ရောက်ပျံသန်းခဲ့မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မြန်မာသံအမတ်ဟာ မနေ့ ၄ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ဆင့်ခေါ်တာ ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့တုန်းက မြန်မာစစ်တပ် လေယာဥ်တွေ ဘင်္ဂလား‌ဒေ့ရှ်လေပိုင်နက်ထဲ ကျူးကျော်ပျံသန်းခဲ့တာ၊ အဲဒီလေယာဥ်တွေကနေ ပစ်ခတ်တဲ့ ကျည်တွေဟာ ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲ မီတာ ၁၅၀ ဝန်းကျင်အထိ ကျရောက်ခဲ့တာတွေအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပြသဖို့ မြန်မာသံအမတ် ဦးအောင်ကျော်မိုး အခုလို ဆင့်ခေါ် ခံရတာဖြစ်ပါတယ်။

အဲဒီလိုဆင့်ခေါ်ခံရချိန်မှာ အခုဖြစ်ရပ်တွေဟာ ဘင်္ဂလားဒေ့ရှ်အတွက် လုံခြုံရေးနဲ့ဘေးကင်းရေးကို ခြိမ်းခြောက်မှုဖြစ်သလို နှစ်နိုင်ငံ နယ်စပ်သဘောတူညီချက်ကို ချိုးဖောက်ရာလည်းရောက်ပြီး အိမ်နီးချင်းကောင်းဆိုတဲ့အခြေအနေနဲ့လည်း ဆန့်ကျင်ဘက်ဖြစ်တယ်ဆိုတာကို မြန်မာသံအမတ်ကို မြန်မာ့အရေးဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးကပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီလိုပစ်ခတ်မှုတွေကြောင့် ရခိုင်ပြည်နယ်အတွင်းမှာနေထိုင်တဲ့ ပြည်တွင်းစစ်ရှောင်တွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဘက်ကို မဝင်ရောက်လာအောင် လုပ်ဖို့လည်း သံအမတ်ကို တိုက်တွန်းခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲ လက်နက်ကျည်ကျရောက်တာနဲ့ပတ်သက်ပြီး မြန်မာသံအမတ်ဟာ ၁၅ ရက်အတွင်း ၃ ကြိမ်တိုင်တိုင်ဆင့်ခေါ် ခံရတာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်မှာ ရခိုင်ပြည်နယ်ထဲက စစ်တပ်ရဲ့ နယ်စပ်လုံခြုံရေးစခန်း အမှတ် ၄၀ကို ရက္ခိုင့်တပ်တော်(အေအေ)က သိမ်းယူမှုဖြစ်ပြီးတဲ့နောက် နယ်စပ်မှာ အေအေနဲ့ စစ်တပ်တို့အကြားတိုက်ပွဲဖြစ်ပွားမှုဟာ စက်တင်ဘာလ ၃ ရက်မှာ အပြင်းထန်ဆုံးဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောထားပါတယ်။

အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေကို သိမ်းဆည်းမိခဲ့တယ်လို့ အေအေဘက်က အစောပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ် နေပေမဲ့ အေအေဟာ အင်အားနည်းတဲ့နယ်စပ်လုံခြုံရေးစခန်းကို သာလွန်အင်အားသုံး တိုက်ခိုက်ခဲ့တယ်ဆိုပြီး ပြောဆိုထားပါတယ်။