အီရန်က အီရတ်နဲ့ ဆီးရီးယားကို ဒုံးကျည်တွေနဲ့ပစ်ခတ်မှု ဘယ်လိုသဘောဆောင်လဲ

အီရတ်နိုင်ငံ ကာ့မြို့က အယ်ဘီးလ်မှာနေထိုင်သူတွေကတော့ အီရန်ရဲ့ ဒုံးကျည်ပစ်ခတ်မှုတွေကြုံရပြီးတဲ့နောက်မှာ မတည်ငြိမ်မှုတွေ ပိုတိုးလာမှာစိုးရွံ့နေကြပါတယ်

ဓာတ်ပုံ ရင်းမြစ်, EPA-EFE

ဓာတ်ပုံ ပုံစာ, အီရတ်နိုင်ငံ ကာ့ဒ်မြို့က အယ်ဘီးလ်မှာနေထိုင်သူတွေကတော့ အီရန်ရဲ့ ဒုံးကျည်ပစ်ခတ်မှုတွေကြုံရပြီးတဲ့နောက်မှာ မတည်ငြိမ်မှုတွေ ပိုတိုးလာမှာစိုးရွံ့နေကြပါတယ်
    • ရေးသားသူ, ဂျီယာဂိုးလ်
    • ရာထူးတာဝန်, ဘီဘီစီ ပါရှားဘာသာစကားဌာန

အီရန်ရဲ့ တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC)ဟာ ဒေသတွင်းမှာ အင်အားရှိတဲ့အဖွဲ့တစ်ဖွဲ့အဖြစ် သူ့ရဲ့ရပ်တည်မှုကို ပြီးခဲ့တဲ့နှစ်တွေအတွင်း တည်ဆောက်လာပါတယ်။

အရှေ့အလယ်ပိုင်းက အမေရိကန်တပ်စခန်းတွေ၊ တဲလ်အဗီနဲ့ ဟာဖီယာမှာရှိတဲ့ အစ္စရေးအခြေစိုက်စခန်းတွေဟာ သူ့ရဲ့ ပဲ့ထိန်းဒုံးကျည်ပစ်ခတ်နိုင်တဲ့အကွာအဝေးအတွင်းမှာရှိတယ်လို့လည်း အဲဒီအဖွဲ့က ပွင့်ပွင့်လင်းလင်းပြောဆိုထားပါတယ်။

တနင်္လာနေ့ညပိုင်းတုန်းကတော့ အီရတ်မှာရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်စိတ်တစ်ဒေသရထားတဲ့ ကာဒစ်စတန်ဒေသမြို့တော် အယ်ဘီးလ်ကို ပစ်မှတ်ထားတဲ့ ပဲ့ထိန်းဒုံးကျည် ၁၁ စင်းကို အီရန်တပ်ဖွဲ့က ပစ်ခတ်ခဲ့ပြီးတဲ့နောက်မှာ တဟီရန်ဟာ သူ့ရဲ့ရည်ရွယ်ချက်ကို ထင်ထင်ပေါ်ပေါ် ပြသခဲ့ပါတယ်။

အရပ်သား ၄ ဦးထက်မနည်းသေဆုံးပြီး နောက်ထပ် ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသန္တရအစိုးရအဖွဲ့က ပြောပါတယ်။ ဝန်ကြီးချုပ် မန်ဇော ဘာဇနီကတော့ ‘‘ကာဒစ်လူမျိုးတွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု’’ အဖြစ် ပြောပါတယ်။

IRCG နဲ့ နီးကပ်တဲ့ ဖားစ်သတင်းဌာနကတော့ အစ္စရေးထောက်လှမ်းရေးအဖွဲ့နဲ့နီးစပ်တဲ့ မိုးဆက် အခြေစိုက်စခန်း ၃ ခုကို တိုက်ခိုက်ခဲ့တယ်လို့ အခိုင်အမာပြောပြီး တိုက်ခိုက်မှုမှာ အဲဒီစခန်းတွေလည်း ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

အီရတ်က ကာဒစ်စတန်အစိုးရဟာ သူ့မြေမှာ နိုင်ငံခြားထောက်လှမ်းရေးတွေကို တည်ရှိတာကို ငြင်းဆိုထားပြီး အစ္စရေးဘက်ကလည်း နှုတ်ဆိတ်နေဆဲဖြစ်ပါတယ်။

ဒါပေမဲ့ IRGC ဟာ ကာဒစ် စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်၊ ဒေါ်လာသန်းချီသူဋ္ဌေးလည်းဖြစ်တဲ့ ပါရှော ဒီဇာယီနေအိမ်ကို ပစ်မှတ်ထားတဲ့ တိကျတဲ့ပစ်မှတ်တွေကို လုပ်ဆောင်ခဲ့တယ်လို့ ပြောထားပါတယ်။

၂၀၀၃ ခုနှစ်မှာ အမေရိကန်က အီရတ်ကို ကျူးကျော်ခဲ့ပြီးတဲ့နောက်မှာတော့ သူဟာ Falcon Group နဲ့ Empire World ဆိုတဲ့ကုမ္ပဏီ ၂ ခုကို ထူထောင်တဲ့ပိုင်ရှင်ဖြစ်ပါတယ်။ ရိုက်တာသတင်းဌာနကတော့ သူဟာ ဘာဇာနီမိသားစုနဲ့နီးစပ်သူလို့ ပြောပါတယ်။

သူ့အိမ်ကို ဒုံးကျည်လေးစင်းထိမှန်ခဲ့ပြီး တိုက်ခိုက်မှုမှာ ၁၁ လသားအရွယ် သူ့သမီးငယ်လေးလည်းသေဆုံးခဲ့တယ် လို့ ဒေသတွင်းသတင်းတွေမှာဖော်ပြပါတယ်။

ပါရှော ဒီဇာယီဟာ အီရတ်မှာရှီတဲ့ ကာဒစ်စတန်ပြည်နယ်မှာ လူသိများပြီး ကြွယ်ဝတဲ့ စီးပွားရေးသမားတွေထဲက တစ်ဦးဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Empire World

ဓာတ်ပုံ ပုံစာ, ပါရှော ဒီဇာယီဟာ အီရတ်မှာရှီတဲ့ ကာဒစ်စတန်ပြည်နယ်မှာ လူသိများပြီး ကြွယ်ဝတဲ့ စီးပွားရေးသမားတွေထဲက တစ်ဦးဖြစ်ပါတယ်

Falcon Group ဟာ လုံခြုံရေး၊ ဆောက်လုပ်ရေး၊ ရေနံနဲ့သဘာဝဓာတ်ငွေ့ စတဲ့ ကဏ္ဍအသီးအသီးမှာ လုပ်လုပ်ကိုင်နေတာဖြစ်ပါတယ်။ ကုမ္ပဏီရဲ့လုံခြုံရေးဌာနခွဲဟာ အမေရိကန်၊ အနောက်က ကိုယ်စားလှယ်အမျိုးစုံနဲ့ အီရတ်က ကုမ္ပဏီတွေကို အထောက်အကူပြုနေတာဖြစ်ပါတယ်။

ပစ်မှတ်ကို တိတိကျကျပစ်ခတ်မှုဟာ IRCG ဟာ အရပ်ဘက်အဆောက်အအုံတွေကိုသာမက အမေရိကန်ဦးဆောင်တဲ့ညွန့်ပေါင်းအခြေစိုက်စခန်းကနေ မိုင်အနည်းငယ်အကွာအဝေးမှာရှိတဲ့ အယ်ဘီးလ်နိုင်ငံတကာလေဆိပ်နားက စစ်ဘက်ဆိုင်ရာအဆောက်အအုံတွေအားလုံးကိုလည်း တိုက်ခိုက်နိုင်တယ်ဆိုတဲ့သတင်းစကားကို ပြသနေပါတယ်။

အမေရိကန်ဟာ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့(IS)ကို နှိမ်နင်းရေးအတွက် အယ်ဘီးလ်မြို့အပါအဝင် အီရတ်နိုင်ငံထဲမှာ တပ်ဖွဲ့ဝင် ၂,၅၀၀ ကို ဖြန့်ကြက်ထားပါတယ်။

အမေရိကန်ဘက်ကတော့ သူ့တပ်ဖွဲ့တွေ အခုလို ရောက်နေတာဟာ ဒေသန္တရတပ်ဖွဲ့တွေကို ထောက်ပံ့ဖို့နဲ့ အီရတ်နဲ့ ဆီးရီးယားနိုင်ငံတို့မှာ တစ်ချိန်တုန်းက နယ်မြေတွေ တပြန့်ကြီး ထိန်းချုပ်ခဲ့တဲ့ အိုင်အက်စ်အဖွဲ့ ခေါင်းပြန်မထောင်လာအောင် လုပ်နိုင်ရေး အထောက်အကူပြုဖို့လို့ပြောပါတယ်။

အီရန်ရဲ့တိုက်ခိုက်မှုပြီးတဲ့နောက် ပါရှော ဒီဇာယီရဲ့ နေအိမ် အပျက်အစီးတွေကို မြင်တွေ့ရတာဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Bilind T. Abdullah

ဓာတ်ပုံ ပုံစာ, အီရန်ရဲ့တိုက်ခိုက်မှုပြီးတဲ့နောက် ပါရှော ဒီဇာယီရဲ့ နေအိမ် အပျက်အစီးတွေကို မြင်တွေ့ရတာဖြစ်ပါတယ်
အီရန်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါပေမဲ့ အီရန်နဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာ ဆီးရီးယားမှာ အစ္စရေးက မကြာသေးခင်တုန်းက လုပ်ဆောင်ခဲ့တဲ့လုပ်ရပ်တွေကိုကြည့်ရင် အီရန်အတွက် ပြည်တွင်းရေးရည်ရွယ်ချက်တွေပါဝင်နေပါတယ်။

ဒီဇင်ဘာလ ၂၅ ရက်တုန်းက ဆီးရီးယားနိုင်ငံ၊ ဒမားစကတ်စ်မြို့ဆင်ခြေဖုံးရပ်ကွက်အပေါ် အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုမှာ အီရန်တော်လှန်ရေးတပ်ဖွဲ့အကြီးတန်းတပ်မှူးတစ်ယောက် သေဆုံးခဲ့ပါတယ်။

နောက် ဇန်နဝါရီလ ၁၅ ရက် တိုက်ခိုက်မှုမှာလည်း အီရန်တပ်ဖွဲ့ (IRGC) ဟာ ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းက အစ်ဒလစ်ခရိုင်ထဲကို ပဲ့ထိန်းဒုံးကျည်တွေ တိုက်ခိုက်ခဲ့ပါတယ်။ IRGC တပ်ဖွဲ့ကတော့ အိုင်အက်စ်အဖွဲ့နဲ့ အဲဒီမှာရှိတဲ့တခြား ‘‘အကြမ်းဖက်အုပ်စုတွေ’’ကို ပစ်မှတ်ထားတာလို့ ပြောပါတယ်။

၂၀၁၁ ခုနှစ်မှာ သမ္မတ ဘာရှာ အယ်လ် အာဆတ်ကို ဆန်ကျင်တဲ့တော်လှန်ရေးကို ထောက်ခံတဲ့ နေရပ်ရွှေ့ပြောင်းနေထိုင်ရတဲ့ဆီးရီးယားနိုင်ငံသား ၂.၉ သန်းရှိတဲ့ အစ်ဒလစ်ဟာ အတိုက်အခံတွေအတွက် အခိုင်အမာခြေကုတ်ယူထားနိုင်တဲ့နောက်ဆုံးနေရာဖြစ်ပါတယ်။

သမ္မတအာဆတ်ကတော့ ရုရှားနဲ့ အီရန်ရဲ့ စစ်ရေးကျောထောက်နောက်ခံပေးမှုနဲ့ အာဏာ ဆက်ပြီးတည်မြဲနေဆဲဖြစ်ပါတယ်။

အစ်ဒလစ်မြို့မှာ အိုင်အက်စ်နဲ့ အယ်လ် ကေးဒါး အဖွဲ့တွေ ရှိနေပေမဲ့ အစ္စလာမ္မစ်အဖွဲ့ ဟေယက် တာဟီယာ အယ်လ် ရှမ်(HTS)အဖွဲ့ကလည်း အခရာကျတဲ့အဖွဲ့တစ်ခုဖြစ်ပါတယ်။

အီရန် IRGC ကတော့ လေတိုင်းတိုက်ခိုက်မှုဟာ အီရန်နိုင်ငံတောင်ပိုင်းက ခါမန်မှာ ဇန်နဝါရီလ ၃ ရက်တုန်းက ပြုလုပ်ခဲ့တဲ့ အိုင်အက်စ်ရဲ့ အသေခံ တိုက်ခိုက်မှုတွေအတွက် လက်တုံ့ပြန်တာလို့ ပြောပါတယ်။

အီရန်တော်လှန်ရေးတပ်ဖွဲ့ တပ်မှူး ကာဆမ် ဆိုလီမန်နီအသတ်ခံရမှု နှစ်ပတ်လည်အခမ်းအနားအတွက် သူ့အုတ်ဂူအနီးမှာ လူအုပ်စုဝေးနေချိန် အသေခံဗုံးခွဲသမား ၂ ဦးက ဗုံးဗောက်ခွဲခဲ့တာဖြစ်ပါတယ်။

အီရန် IRGC တပ်ဖွဲ့ကတော့ အစ်ဒလစ်ကို ပစ်မှတ်ထားတိုက်ခိုက်တဲ့နေရာမှာ ကီလိုမီတာ ၁၄၅၀ အထိ သွားနိုင်တဲ့ ခီဘာ ရှီခန် ဒုံးကျည်ကို အသုံးပြုခဲ့တာလို့ ဆိုပါတယ်။

တောင်ပိုင်းက ခူဇီစတန်ပြည်နယ်ထဲကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။

ဒါပေမဲ့ IRGC ဟာ ပိုပြီးနီးကပ်တဲ့ အနောက်ပိုင်း အဇာဘိုင်ဂျန်ပြည်နယ်ထဲကနေ အစ်ဒလစ်ကို ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တာဖြစ်နိုင်ပါတယ်။

ပစ်မှတ်တည်နေရာတွေနဲ့ ခီဘာ ရှီခန် ဒုံးကျည်စနစ်ကို ရွေးချယ်ပုံကိုကြည့်ရင် အီရန်ဟာ ဆီးရီးယားနိုင်ငံနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ အစ္စရေးနိုင်ငံထဲက နေရာစုံအထိရောက်နိုင်တယ်ဆိုတာကို ကမ္ဘာကို ပြသလိုပေါ်နေပါတယ်။