အသက် ၉၂ နှစ်အရွယ် ကင်မရွန်းသမ္မတ နောက် ၇ နှစ်အထိ နိုင်ငံကို ဆက်အုပ်ချုပ်မယ်

Cameroon's President Paul Biya in black suit, white shirt with maroon colour tie waves as he arrives at the Beijing Capital International Airport, to attend Summit of the Forum on China-Africa Cooperation (FOCAC) in Beijing, China, 04 September 2024. His wife, Chantal, in red dress and stands next to him.

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အသက် ၉၂ နှစ်ရှိပြီ ဖြစ်တဲ့ ပေါလ်ဘီရာ ကို လူမြင်ကွင်းမှာ တွေ့ရခဲပါတယ်

အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲတစ်ခုမှာ သူရဲ့ ရှစ်ကြိမ်မြောက် သမ္မတ သက်တမ်းအတွက် အနိုင်ရရှိပြီးနောက်၊ ကမ္ဘာ့အသက်အကြီးဆုံး ခေါင်းဆောင်၊ ၉၂ နှစ်အရွယ် ပေါလ် ဘီရာ ဟာ ကင်မရွန်းနိုင်ငံရဲ့ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီဖြစ်ပါတယ်။

ဗဟိုအာဖရိကနိုင်ငံငယ်လေးကို ခြုံငုံလျက်ရှိတဲ့ ဆိုးဆိုးရွားရွား ပြင်းထန်လှတဲ့ ပဋိပက္ခတွေကို သူ ခံနိုင်ရည်ရှိမယ်ဆိုရင်တော့ သူဟာ အသက် ၁၀၀ နီးပါးအထိ နိုင်ငံကို ဆက်လက် အုပ်ချုပ်နိုင်တော့မှာ ဖြစ်ပါတယ်။

၁၉၈၂ ခုနှစ်ကတည်းက အာဏာရလာခဲ့တဲ့ သမ္မတ ဘီရာ ဟာ ပြီးခဲ့တဲ့လက ပြန်လည်ရွေးကောက်ခံရပြီးနောက် ဒီနေ့ထိ ကင်မရွန်းနိုင်ငံသားတွေကို လူသိရှင်ကြား ဘယ်လိုမှ ပြောကြားတာ မရှိသေးပါဘူး။ ဒါပေမယ့် အာဏာရပါတီကတော့ အွန်လိုင်းပို့စ်တွေမှာ သူရဲ့ အောင်ပွဲကို "ကြီးကျယ်မြင့်မြတ်မှု နဲ့ မျှော်လင့်ချက်တွေရဲ့ အထိမ်းအမှတ်အဖြစ်" ဂုဏ်ပြုခဲ့ကြပါတယ်။

အဓိကပြိုင်ဘက် အရင် အစိုးရဝန်ကြီး အီစာ ချီရိုမာ ဘာကာရီ အနိုင်ရတယ် ဆိုတဲ့ကြေညာချက်တွေနဲ့ အတူ မဲရလဒ် မတိမ်းမယိမ်း ရှိလှတယ်ဆိုတဲ့ အငြင်းပွားချက်တွေကြားမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စိတ်လှုပ်ရှားမှုနဲ့ တင်းမာမှုတွေ တိုးပွားလာခဲ့ပါတယ်။

အဲဒီနောက် ထုတ်ပြန်လာတဲ့ တရားဝင်ရလဒ်မှာ ဘီရာ ၅၄%၊ ချီရိုမာ ၃၅% ဖော်ပြထားတဲ့အတွက် အာဏာရအဖွဲ့အစည်းနဲ့ အတိုက်အခံ နှစ်ဘက်စလုံးအတွက် အံ့အားသင့်စရာဖြစ်ခဲ့ပြီး၊ အချို့အတွက်မူ စိတ်ပျက်စရာ ရလဒ်တစ်ခုပင် ဖြစ်ခဲ့ပါတယ်။

ဒူအာလာ မြို့မှာ ရွေးကောက်ပွဲဝင် ကင်မရွန်း သမ္မတလောင်း အစ်စာ ချီရိုမာကို ထောက်ခံ ဆန္ဒပြနေကြသူများ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဒူအာလာ မြို့မှာ ရွေးကောက်ပွဲဝင် ကင်မရွန်း သမ္မတလောင်း အစ်စာ ချီရိုမာကို ထောက်ခံ ဆန္ဒပြနေကြသူများ

အပြည်ပြည်ဆိုင်ရာ အကျပ်အတည်းလေ့လာရေး အဖွဲ့ (International Crisis Group) ICG ရဲ့ အာဖရိကအစီအစဉ် ညွှန်ကြားရေးမှူး မူရီသီ မူတီဂါက "ဘီရာရဲ့ နိုင်ငံသားတွေ ကိုယ်တိုင်ကိုက ရွေးကောက်ပွဲမှာ သူအနိုင်ရတယ်ဆိုတာကို မယုံကြည်ကြတဲ့အတွက် အခုအခါ ဘီရာ့ အပေါ်မှာသိသိသာသာ ခိုင်မာမှု မရှိတဲ့ အာဏာသာ ရှိပါတော့တယ်" လို့ ပြောကြားခဲ့ပါတယ်။

"နောက်ထပ် အခြေအနေ မဆိုးရွားလာစေဖို့ ဘီရာဟာ အမျိုးသားရေး ရင်ကြားစေ့ရေးကို အရေးတကြီး စတင်ဆောင်ရွက်ဖို့ " ICG က ပန်ကြားထားပါတယ်။

ဒီအတောအတွင်း Oxford Economics ရဲ့ အကြီးတန်း နိုင်ငံရေးစီးပွားပညာရှင် ဖရန်ဆွာ ကွန်ရာဒီကလည်း ကင်မရွန်းမှာ ရွေးကောက်ပွဲ ရလဒ်ကြေညာပြီးနောက်မှာ "ကင်မရွန်းနိုင်ငံသားတွေက တရားဝင်ရလဒ်ကို ကျယ်ကျယ်ပြန့်ပြန့် ငြင်းပယ်ကြတဲ့အတွက် အရေးအခင်းတွေ ပိုမိုဆိုးရွားလာလိမ့်မယ်၊ တချိန်တည်းမှာ ဘီရာ အစိုးရဟာလည်း ဒီထက်ပိုပြီး ကြာကြာခံလိမ့်မယ်လို့ ကျွန်တော်တို့ မမြင်မိပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

Black and white picture of younger looking Cameroon President Paul Biya in suit, gestures during a news conference.

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကင်မရွန်းသမ္မတ ဘီရာ ဟာ ၁၉၈၂ ကတည်းက အာဏာကို စွဲကိုင်ထားသူ ဖြစ်ပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဆွစ်ဇာလန် နိုင်ငံက ဟိုတယ်တွေမှာသာ အနေများတယ်လို့ လူတွေကြား သိကြတဲ့ သမ္မတ ဘီရာကို လူအများရှေ့တွင် မြင်ရခဲပြီး ဒီနှစ်အတွင်း ရက်သတ္တပတ် ခြောက်ပတ်ကျော်ကြာ ပျောက်ဆုံးနေခဲ့တုန်းက သူသေဆုံးသွားပြီ ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမယ့် "ခြင်္သေ့လူသား" လို့ လူသိများတဲ့ နိုင်ငံရေးသမား ဘီရာ ဟာ အသက်ငယ်စဉ်ကတည်းက ခြင်္သေ့ရဲ့ နည်းဗျူဟာတွေကို အသုံးချလေ့ရှိသူ ဖြစ်ပြီး အခုအခါမှာလည်း သမ္မတရာထူးက နုတ်ထွက်လိုတဲ့ လက္ခဏာ မပြပေ။ သူတို့ ခြင်္သေ့လူသား ခေါ်ရခြင်း အကြောင်းရင်း နောက်တခုက ကင်မရွန်းဘောလုံးအသင်း "Indomitable Lions" ၁၉၉၀ ကမ္ဘာ့ဖလား ဘောလုံးပွဲမှာ အကြိုဗိိုလ်လုပွဲအဆင့် ရောက်ရှိခဲ့တာကို အစွဲပြုပြီး သူ့ကို အဲဒီနာမည် ချက်ချင်းပေးခဲ့ကြတာပါ။

ကင်မရွန်း နိုင်ငံ တောင်ပိုင်းမှာ ရှိတဲ့ အီကွေတာတောအုပ်ကြီးရဲ့ ခေါင်ဖျားလှတဲ့ ကျေးရွာလေးတစ်ခုမှာ မွေးဖွားခဲ့တဲ့ ဘီရာကို ကျေးလက်ကျောင်းတစ်ခုမှာ ပညာသင်ကြားပေးခဲ့တဲ့ကက်သလစ်သာသနာပြုတွေက သူဟာ ဘုန်းတော်ကြီးဖြစ်လာမယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။

ဒါပေမယ့် လူငယ်ဘ၀မှာ ဘီရာ ဟာ ပါရီတက္ကသိုလ်မှာ ဥပဒေနဲ့ နိုင်ငံရေးသိပ္ပံဘာသာရပ်တွေကိုလေ့လာရန် ရွေးချယ်ခဲ့ပြီး အဲဒီနောက် ဝန်ထမ်းအဖွဲ့အစည်းမှာ လုပ်ကိုင်ဖို့ နေရပ် ပြန်လာခဲ့ပါတယ်။

အရပ်ပုပြီး ယဉ်ကျေးသိမ်မွေ့တဲ့ နည်းပညာရှင် ဘီရာဟာ ၁၉၆၀ ပြည့်နှစ် လွတ်လပ်ရေးရပြီးကတည်းက နိုင်ငံတော်ခေါင်းဆောင်ဖြစ်ခဲ့သူ အမ္မာဒူ အဟီဂျိုရဲ့ ယုံကြည်မှုကို ရယူကာ ရာထူးအဆင့်ဆင့်တိုးလို့ တက်လှမ်းလာခဲ့ပါတယ်။

၁၉၈၂ ခုနှစ်အထိ ၇ နှစ်ကြာ သစ္စာရှိသော ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အဲဒီနှစ်မှာပဲ အဟီဂျို ရုတ်တရက် နုတ်ထွက်ကာ ဘီရာကို သမ္မတအဖြစ် ခန့်အပ်ခဲ့ပါတယ်။

အဟီဂျို ဟာ သမ္မတရာထူးထက် အာဏာပိုရှိတယ် ထင်ပြီး အာဏာရပါတီ ဥက္ကဋ္ဌရာထူးကို ဆက်လက်ကိုင်ထားခဲ့ပါတယ်။

အဲဒီအချက်ကို ဘီရာ က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး အဟီဂျို အပေါ် သစ္စာရှိသူတွေကို ရှင်းပစ်ကာ နောက်ဆုံးမှာ လွတ်လပ်ရေးခေါင်းဆောင်ဟောင်း အဟီဂျိုကို ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ ဘီယာဟာ သူ့ကိုယ်သူ ခံနိုင်ရည်ရှိသူအဖြစ် သက်သေပြခဲ့ပြီး ၁၉၈၃ ခုနှစ် နဲ့ နောက် တစ်နှစ်အကြာမှာ ဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းရန် ကြိုးပမ်းမှု နှစ်ခုလုံးကို ချေမှုန်းနိုင်ခဲ့ပါတယ်။

Cameroon's President Biya in grey suit and white tie waves to the photographers. His wife, Chantal, in pink flowery dress and matching headgear stands next to him at the White House in Washington.

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ၂၀၁၄ တုန်းက အိမ်ဖြူတော်မှာ သမ္မတဟောင်း အိုဘာမား တည်ခင်းတဲ့ အမေရိကန် အာဖရိက ခေါင်းဆောင်များ ညီလာခံ ညစာစားပွဲကို တက်ရောက်လာတဲ့ ကင်မရွန်းသမ္မတ ဘီရာနဲ့ ဇနီးသည် ချန်တဲလ်

သူရဲ့ ရှည်လျားလှတဲ့ နိုင်ငံရေးသက်တမ်းမှာ အဓိကသော့ချက်တစ်ခုက သူရဲ့ ဒုတိယမြောက် ဇနီး ချန်တယ် ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ သူဟာ သမ္မတဘီရာ ထက် အသက် ၃၈ နှစ် ငယ်ပြီး ၁၉၉၄ ခုနှစ်မှာ သူတို့နှစ်ယောက် လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။

လိမ္မော်ရောင် ဆံပင်ထူထူကြောင့် လူသိများတဲ့ ချန်တယ်ဟာ လူချစ်လူခင်ပေါပြီး ရက်ရောစွာ လှူဒါန်းတတ်တဲ့ စရိုက်ကြောင့် မီဒီယာတွေရဲ့ အာရုံစိုက်ခံရမှု များစွာ ရထားသူ ဖြစ်ပါတယ်။

သတင်းစာတွေမှာ သူ့ကို ကင်မရွန်းနိုင်ငံရဲ့ "စိတ်နှလုံးသားတွေကို ပိုင်ဆိုင်တဲ့ ဘုရင်မ" (Queen of Hearts) လို့ မကြာခဏ ရည်ညွှန်းခံလေ့ရှိပြီး ခင်ပွန်းဖြစ်သူရဲ့ အေးစက်စက် စရိုက်ကို အကြီးအကျယ် ဖြည့်ဆည်းပေးနိုင်သူအဖြစ် အများကရှုမြင်ကြပါတယ်။

သားသမီးနှစ်ယောက်ရှိတဲ့ သူတို့ မိသားစုအတွက် မြို့တော် ယာဝန်ဒီးရှိ Mvog-Betsi တိရစ္ဆာန်ရုံမှာ ခြင်္သေ့နဲ့ ခြင်္သေ့မကို သူတို့ရဲ့ နာမည်တွေပေးကာ ဂုဏ်ပြုခံခဲ့ရတဲ့အထိ ဖြစ်ပါတယ်။

ဒါ့အပြင် ပြင်သစ်ရှမ်ပိန်အဓိကတင်သွင်းရာ အာဖရိကနိုင်ငံတွေထဲ တစ်ခုအပါအဝင်ဖြစ်တဲ့ ကင်မရွန်းနိုင်ငံမှာရော နိုင်ငံခြားမှာပါ သူဌေးသူကြွယ်လို နေခဲ့ကြတဲ့ သူတို့ရဲ့ နေပုံထိုင်ပုံတွေကြောင့်လူသိများခဲ့ပါတယ်။

Brenda Biya, in sunglasses, with long straight black hair, kissing Brazilian model Layyons Valença, who wears a gold earring and long auburn ponytail.

ဓာတ်ပုံ ရင်းမြစ်, Brenda Biya/Instagram

ဓာတ်ပုံ ပုံစာ, လိင်တူချစ်သူ ဖြစ်ကြောင်း လူသိရှင်ကြား ထုတ်ပြောတဲ့အနေနဲ့ ဘရန်ဒါ ဘီရာ ဘရာဇီး မော်ဒယ် လေးယွန် ဗလန်ရှာကို နမ်းနေပုံ အင်စတာဂရမ်မှာ ပြထား

သူတို့သမီး ၂၇နှစ်အရွယ် ဘရန်ဒါဟာ ၂၀၂၄ ခုနှစ်တုန်းက ဘရာဇီး မော်ဒယ် Layyons Valença ကို နမ်းရှုပ်နေတဲ့ ပုံတစ်ပုံကို "မင်းကိုငါ ကြိုက်နေပြီး ဒါကို ကမ္ဘာကသိစေချင်တယ်" ဆိုတဲ့ စာသားနဲ့ အင်စတာဂရမ်ပေါ် တင်ကာ လိင်တူချစ်သူ အဖြစ် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

King Nasty ဆိုတဲ့ အနုပညာနာမည်နဲ့ နိုင်ငံခြားမှာ နေထိုင်တဲ့ မစ်ဘီရာ ဟာ သူတို့နှစ်ယောက် ရှစ်လကြာ ရင်းနှီးခဲ့ကြပြီးနောက် မိသားစုကို သူတို့ စုံတွဲဖြစ်ကြောင်း မပြောပြဘဲ ကင်မရွန်းနိုင်ငံသို့ သုံးကြိမ်လာရောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ကင်မရွန်းနိုင်ငံမှာ လိင်တူချစ်သူတွေဟာ ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်ခံရနိုင်ပြီး ဘရန်ဒါ ဘီရာက ဒီဥပဒေက "မတရားပါ" လို့ ဆိုကာ "ကျွန်မရဲ့ဇာတ်လမ်းက ဒီဥပဒေကို ပြောင်းလဲနိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု ထည့်သွင်းပြောကြားခဲ့ပါတယ်။

သူဟာ ပြင်သစ်သတင်းစာ Le Parisien အား "လူမှုအသိုင်းအဝိုင်းထဲ ထွက်ပေါ်လာခြင်းဟာ အားကောင်းတဲ့မက်ဆေ့ဂျ်တစ်ခုကို ပို့နိုင်တဲ့ အခွင့်အရေးတစ်ခုပါ" လို့ ပြောကြားခဲ့ပြီး "သူတို့ရဲ့ပင်ကိုယ်စရိုက်ကြောင့်" ခံစားနေရသူများအား မျှော်လင့်ချက်ပေးကာ "ချစ်ခြင်းမေတ္တာပို့သပြီး" " တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ ခံစားရအောင် ကူညီချင်တယ်" လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

A supporter of the Cameroon opposition candidate Issa Tchiroma reacts during clashes with security forces after the Constitutional Council declared President Paul Biya as the winner of the October 12 presidential election, in Douala, Cameroon, October 27, 2025.

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အောက်တိုဘာ ၁၂ ရက်နေ့ ကျင်းပတဲ့ သမ္မတ ရွေးကောက်ပွဲမှာ ဘီရာကို အနိုင်ရသူအဖြစ် ဖွဲ့စည်းပုံကောင်စီက ကြေညာလိုက်ပြီးနောက် ကင်မရွန်း အတိုက်အခံ သမ္မတလောင်း အစ်စာ ချီရိုမာ ဘခရီ ကိုထောက်ခံသူတယောက်က လုံခြုံရေးအဖွဲ့ကို တုန့်ပြန်နေပုံ

၁၉၉၂ ခုနှစ်မှာ ပွတ်ကာသီကာ မဲအနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲကနေ စတင်ကာ သမ္မတ ဘီရာ ဟာ မဲမသမာလုပ်ပြီး လှည့်စားတာနဲ့ အတိုက်အခံတွေကြား ဂိုဏ်းကွဲတွေဖြစ်ပေါ်အောင် သွေးခွဲပေးခဲ့တာတွေက နောက်ပိုင်းမှာ နိုင်ငံရေးစိန်ခေါ်မှုတွေကို လျစ်လျူရှုထားနိုင်တဲ့အထိ သူ့ကို အားပေးခဲ့ဟန် တူပါတယ်။

ဘီရာရဲ့ အုပ်ချုပ်မှုကာလအတွင်း ကျောင်းတွေနဲ့ အများပြည်သူဆိုင်ရာ တက္ကသိုလ်တွေ တိုးချဲ့တည်ထောင်နိုင်ခြင်း၊ ရေနံကြွယ်ဝသော ဘာကက်ဆီကျွန်းဆွယ် ပိုင်ဆိုင်မှုအရေးကို နိုင်ဂျီးရီးယားထက် ကင်မရွန်းက ရရှိစေရန် ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ခြင်းတို့မှာ သူ့ကို ချီးကျူးထိုက်တဲ့အချက်တွေ ဖြစ်ပါတယ်။

ဒါပေမယ့် သူရဲ့ အုပ်ချုပ်မှုအောက်မှာ အင်္ဂလိပ်စကားပြော အာဖရိက အနောက်ပိုင်းဒေသမှာ ကင်မရွန်းနိုင်ငံဟာ ရက်စက် ကြမ်းကြုတ်တဲ့ ခွဲထွက်ရေး လှုပ်ရှားမှုတွေနဲ့ ၁၀ နှစ် နီးပါး ရင်ဆိုင်နေရဆဲဖြစ်ပြီး၊ မြောက်ပိုင်းမှာ အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့ ဘိုကိုဟာရမ်ရဲ့ ခြိမ်းခြောက်မှုတွေလည်း ရှိနေဆဲဖြစ်ပါတယ်။

အသက် ၃၅ နှစ်အောက်လူငယ် အလုပ်လက်မဲ့နှုန်း ၄၀% ရှိပြီး၊ လမ်းတွေနဲ့ ဆေးရုံတွေ ပျက်စီးယိုယွင်းလျက်ရှိတဲ့အပြင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုတာဟာ လက်တွေ့ထက် အယူအဆ သက်သက်သာလုနီးပါး ဖြစ်နေပါတော့တယ်။