ကင်မရွန်းမှာ ပြည်တွင်းစစ် ဖြစ်လာတော့မလား
အာဖရိက တိုက်က ကင်မရွန်းမှာ ပြည်တွင်း စစ်ပွဲတခုဖြစ်လာမှာကို မြင်လာရတော့မလား။ ဘာသာ စကား ၂ မျိုးပြောတဲ့ ကင်မရွန်းမှာ ပြင်သစ် စကားပြောတဲ့ အစိုးရတပ်တွေနဲ့ ခွဲခြား ဆက်ဆံ ခံရတယ်လို့ ပြောနေကြတဲ့ အင်္ဂလိပ်စကား ပြောတဲ့ လူနည်းစု လက်နက်ကိုင်တွေအကြား တိုက်ခိုက်လာခဲ့တာ တနှစ်ခွဲ လောက် ရှိပြီဖြစ်ပါတယ်။
အဲဒီ တိုက်ခိုက်မှုတွေအပြင် နှစ်ဘက်စလုံးက နှိပ်စက် ညှင်းပန်းမှုတွေ လုပ်တယ်ဆိုတဲ့ အထောက်အထားတွေကို ဘီဘီစီက တွေ့ရှိခဲ့ပါတယ်။ ကင်မရွန်း ဒုက္ခသည်တွေ ခိုလှုံနေကြတဲ့ အိမ်နီးချင်း နိုင်ဂျီးရီးယားကနေ မေယန်နီ ဂျုံးစ် က ပေးပို့ထားတဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြမှာပါ။