ပဲရစ်လမ်းတွေပေါ်က လေဒီဂါဂါရဲ့ သံစဉ်သစ်များ

ဓာတ်ပုံ ရင်းမြစ်, Getty Images
လေဒီဂါဂါ ဟာ မကြာခင် ထွက်မယ့် သူ့ရဲ့ ၇ ကြိမ်မြောက် သီချင်း အယ်လ်ဘမ်ကို ပရိသတ်နဲ့ မိတ်ဆက်ပေးဖို့ ရည်ရွယ်ချက်နဲ့ ပဲရစ်မြို့က လမ်းတွေပေါ် ထွက်ပေါ်လာပါတယ်။
သူဟာ ၂၀၂၄ ပဲရစ် အိုလံပစ်ပွဲတော် ဖွင့်ပွဲမှာ "My Feather Thing" လို့ အဓိပ္ပါယ်ရတဲ့ ၁၉၆၀ တုန်းက ကျော်ကြားခဲ့တဲ့ ပြင်သစ် သီချင်း Mon Truc en Plumes နဲ့ ဖျော်ဖြေခဲ့ပါတယ်။
ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေမှာ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲနဲ့ ရေကူးပြိုင်ပွဲတွေ အားပေးခဲ့ပြီးနောက် သူ့ရဲ့ သီချင်းသစ်တွေ ချပြဖို့ ဆုံးဖြတ်လိုက်ပါတယ်။
လုပ်ငန်းရှင် သူဌေး တစ်ဦးဖြစ်တဲ့ Michael Polansky နဲ့ စေ့စပ်ထားတဲ့ လေဒီဂါဂါဟာ သူ့ဟော်တယ် အပြင်ဘက်မှာ အခု သီတင်းပတ်အတွင်း လာစောင့်နေကြတဲ့ ပြင်သစ်က ချစ်ပရိသတ်ကို LG7 အခွေထဲက သီချင်းလေးတွေနဲ့ စက္ကန့်ပိုင်းလောက် မိတ်ဆက်ပေးရင်း အခန်းပြင်ထွက် နှုတ်ဆက်ကာ ကောင်းသောညပါလို့ သွားပြောမယ်လို့ သူ့ရဲ့ အင်စတာဂရမ်ပေါ်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရေးသားထားပါတယ်။
အဲဒီနောက် မကြာခင်မှာ သူအပြင်ဘက် ထွက်လာပြီး သူ့ လက်ပ်တော့ပ် ကနေ ဂီတသံစဉ်ထွက်ပေါ် လာခဲ့ပါတယ်။
ပထမ သံစဉ်တွေက စက္ကန့် ၂၀လောက် ကြာမြင့်ခဲ့ပြီး သူ့ရဲ့ အမိုးဖွင့်ကား ထဲကနေထွက်ကာ လေထဲ လက်သီးဆုပ် ဝှေ့ယမ်း ပြသခဲ့ပါတယ်။
နောက်တော့ သူ့ ရယ်မော အနမ်းပေးသံတွေ ကြားရကာ သူ့လက်ပ်တော့ပ်ကိုလည်းပိတ်၊ ကားထဲကို ပြန်ဝင် ပျောက်ကွယ်သွားခဲ့ပါတယ်။
သူ့ပရိသတ်တွေကတော့ သူ့နာမည်နဲ့ သူ့သီချင်း စာသားတွေ ဆိုညည်း ကျန်ရစ်ခဲ့ကြပါတယ်။
အဲဒီနောက် တစ်မိနစ်အကြာမှာ လေဒီဂါဂါ ပြန်လည် ထွက်ပေါ်လာပြီး စိတ်မကောင်းပါဘူး၊ ကျွန်မ နောက်တစ်ကြိမ် ထပ်လုပ်ပြပါဦးမယ်လို့ ဆိုပါတယ်။
သူ့ရဲ့ Artpop အခွေထဲက သီချင်းတစ်ပုဒ်ကို ဖွင့်ပြခဲ့ပြီး သီချင်းစာသား တချို့ကို ရွတ်ပြခဲ့ပါတယ်။
နောက်တော့ လေဒီဂါဂါဟာ ဓါတ်ပုံအရိုက်ခံခဲ့ပြီး ကျန်တဲ့အပိုင်းတွေကိုတော့ စောင့်မျှော်ခံစားကြပါလို့ ပြောကာ သူ့ဟော်တယ်ထဲ ပြန်ဝင်သွားပါတယ်။
နောက်ထွက်မယ့် အခွေဟာ ၂၀၂၀ တုန်းက ထုတ်ခဲ့တဲ့ Chromatica နောက်ပိုင်း ပထမဆုံး သူတစ်ဦးတည်း ဖျော်ဖြေမှုပါ။ အဲဒီ Chromatica အခွေထဲက Stupid Love နဲ့ Rain On Me သီချင်းတွေဟာ လူကြိုက်များလှပါတယ်။
၂၀၂၁ ခုနှစ်တုန်းကတော့ လေဒီဂါဂါဟာ တိုနီဘန်နက်ထ် နဲ့ပေါင်းပြီး ဆိုတဲ့ သီချင်းခွေကို ပူးတွဲထုတ်ခဲ့ရာမှာ အဲဒီနောက်နှစ် ဂရမ်မီ ဆုပေးပွဲမှာ အကောင်းဆုံး ရိုးရာပေါ့ပ် သီချင်းခွေဆု ဆွတ်ခူးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကမ္ဘာတလွှား ထင်ရှားတဲ့ ပေါ့ပ်အဆိုကျော် လေဒီဂါဂါအတွက် ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေဟာ အလုပ်များလှတဲ့ ရက်တွေ ဖြစ်ပြီး ကြိုတင်စီစဉ်ထားခြင်းမရှိတဲ့အရာတွေနဲ့ အဆုံးသတ်ခဲ့ပါတယ်။
၂၀၂၄ ပဲရစ် အိုလံပစ် ပွဲတော် ဖွင့်ပွဲမှာ ပန်းရောင် ပန်းဖွားတွေနဲ့ Mon Truc en Plumes (My Thing with Feathers) သီချင်း သီဆိုရင်း ကပြခဲ့တဲ့ သူ့ရဲ့ဖျော်ဖြေမှုဟာ အကောင်းဆုံးတွေထဲက တစ်ခု ဖြစ်ပါတယ်။
ပန်းရောင် ပန်းဖွားလုံးတွေကိုင်ထားတဲ့ အက သမားတွေ ကြားက စန္ဒယားတီး ပြင်သစ်သီချင်း သီဆိုရင်း စိန်းမြစ်နံဘေးက ရွှေရောင်လှေကားမှာ ခုန်ပေါက်ပြသ သွားခဲ့တဲ့ လေဒီဂါဂါရဲ့ ဖျော်ဖြေမှု ဟာ လူထုပရိသတ်ကြား စွဲထင်ကျန်ရစ်ခဲ့ပါတယ်။
ဒီဖျော်ဖြေမှုကို ကြိုတင်သွင်းယူထားခဲ့တာ ဖြစ်ပြီး အဲဒီနောက် ပဲရစ်မြို့မှာ မိုးအကြီးအကျယ်ရွာခဲ့တဲ့အတွက် ဖျော်ဖြေရေး စင်မြင့်ဟာလည်း ချော်လဲလွယ်လောက်အောင် အန္တရာယ်များလှပါတယ်။
အကသမားတယောက်ဆိုရင် သတိပေးထားတဲ့ကြားက ကခုန်ရင်း မြစ်ထဲကျသွားလုမတတ် ဖြစ်ခဲ့ပါတယ်။
စေ့စပ်မှု အတည်ဖြစ်ပြီလား

ဓာတ်ပုံ ရင်းမြစ်, EPA
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပဲရစ် အိုလံပစ် ဖွင့်ပွဲပြီးနောက် စနေ၊ တနင်္ဂနွေ တလျှောက် အားကစားပွဲ အတော်များများကို လေဒီဂါဂါ တက်ရောက်ခဲ့ပါတယ်။ တနင်္ဂနွေနေ့က ရေကူးဗိုလ်လုပွဲတွေမှာ ပြင်သစ်ဝန်ကြီးချုပ် ဂဘရီရဲလ် အက်တဲလ်နဲ့ မိတ်ဆက်ပေးခံခဲ့ရပါတယ်။
ဝန်ကြီးချုပ်အက်တဲလ်က တစ်ခ်တော့ခ်ပေါ်မှာ ဗီဒီယို Post တစ်ခု လွှင့်တင်ပြသခဲ့ပြီး "အိုလံပစ်ဖွင့်ပွဲမှာ ထူးခြားတဲ့ဖျော်ဖြေမှု တင်ဆက်ပေးခဲ့တဲ့အတွက် ကျေးဇူးပါ လေဒီဂါဂါ၊ ရင်သပ်ရှုမော ဖြစ်ခဲ့ရပါတယ်" လို့ ရေးသားထားပါတယ်။
ဒါပေမယ့် သူ့ပရိသတ်တွေကတော့ ဝန်ကြီးချုပ်ကို သူ့နဲ့ စေ့စပ်ထားသူလို့ ပြောပြီး လေဒီဂါဂါက မိတ်ဆက်ပေးခဲ့တဲ့ မိုက်ကယ် ပိုလန်စကီးကို အကြီးအကျယ် စိတ်ဝင်စားနေကြပါတယ်။
လေဒီဂါဂါနဲ့ မိုက်ကယ် ပိုလန်စကီးတို့ဟာ လေးနှစ်ကြာ တွဲခဲ့ကြတဲ့ ချစ်သူတွေ ဖြစ်ပါတယ်။
ဘီဘီစီအနေနဲ့ လေဒီဂါဂါကိုရော သူ့ရဲ့ မန်နေဂျာကိုပါ ဒီကိစ္စနဲ့ ပတ်သက်လို့ မှတ်ချက်ပေး အတည်ပြုပေးဖို့ ဆက်သွယ်ခဲ့ပါတယ်။
လက်ရှိ အချိန်မှာတော့ လေဒီဂါဂါ ဟာ ပဲရစ်မြို့နဲ့ အဝေး တနေရာမှာ သူပါဝင် သရုပ်ဆောင်ထားတဲ့ Joker: Folie A Deux ရုပ်ရှင်အတွက် ဒုတိယမြောက် နမူနာ ရုပ်ရှင် ရိုက်ကူးလျက် ရှိပါတယ်။
ဒီကားမှာ လေဒီဂါဂါက စိတ်ပညာရှင်ကနေ ရာဇဝတ်သား Harley Quinn အဖြစ် ပြောင်းသွားသူ အနေနဲ့ ပါဝင်ထားကာ The Joker နေရာမှာ ရိုက်ကူးထားသူရဲ့ လက်ထောက် ၊ အရံအနေနဲ့ အချစ်၊ အလွမ်း၊ အကြမ်း သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။
Joaquin Phoenix ဟာ ၂၀၁၉မှာ အော်စကာ တစ်ပေးခံရတဲ့ ခံရတဲ့ The Joker ကားပြီးနောက် အဓိက ဇာတ်ကောင်နေရာမှာ ပါဝင် သရုပ်ဆောင်ထားပါတယ်။
အတွဲလိုက်ပြတဲ့ ဒီဇာတ်ကားတွေကို ဒါရိုက်တာ ဒါရိုက်တာ တော့ဒ် ဖိလစ်စ် က လျှို့ဝှက်သည်းဖို၊ ဂီတ အမြူးအကြွတွေနဲ့ စိတ်လှုပ်ရှားဖွယ် ရိုက်ကူးထားပါတယ်။









