အရင် အစိုးရလူတွေကို HTS လွတ်ငြိမ်းခွင့်ပေးမယ်

အရင် အစိုးရလူတွေကို HTS လွတ်ငြိမ်းခွင့်ပေးမယ်

ဆီးရီးယားမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက သမ္မတအာဆတ်ရဲ့ လူမျိုးစု ဖြစ်တဲ့ အယ်လာဝိုက် တချို့ သတ်ဖြတ်ခံခဲ့ရပြီးနောက် ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါတယ်။ ဆီးရီးယားကို အုပ်ချုပ်နေတဲ့ ဟာယတ်အဲလ်ရှမ် HTS အဖွဲ့ကတော့ သူတို့ လုပ်တာ မဟုတ်ကြောင်း ငြင်းဆိုထားသလို အရင် အစိုးရထဲ ပါတဲ့ သူတွေကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ့်အကြောင်း ကတိပြုခဲ့ပါတယ်။ အရင် အစိုးရအောက်မှာ အမှုထမ်းခဲ့ကြတဲ့ လက်နက်ကိုင် ထောင်ပေါင်းများစွာဟာလည်း HTS အဖွဲ့ ဆီမှာ လာရောက် လက်နက်ချနေကြပါတယ်။ ဘီဘီစီ သတင်းထောက် ယော်ဂီတာ လင်မရဲက အဲဒီ အယ်လာဝိုက်တချို့နဲ့ တွေ့ဆုံပြီး အာဆတ်အစိုးရ ဘာလို့ အချိန်တိုအတွင်း ပြုတ်ကျသွားခဲ့ရသလဲ၊ သူတို့ကို ပေးမယ့် လွတ်ငြိမ်းခွင့်အပေါ် ဘယ်လောက် ယုံကြည်မှုရှိသလဲ ဆိုတာ မေးမြန်းထားပါတယ်။ မအေးသူစံက ပြောပြပေးမှာပါ။