တနင်္သာရီကမ်းလွန်က သဘာဝဓာတ်ငွေ့လုပ်ကွက်သစ်

တနင်္သာရီကမ်းလွန်က သဘာဝဓာတ်ငွေ့လုပ်ကွက်သစ်

ကမ္ဘာ့အဆင့်မီ သဘာဝဓာတ်ငွေ့တွင်းတွေ ဖြစ်လာနိုင်တဲ့ တနင်္သာရီကမ်းလွန်က လုပ်ကွက်ကို စင်ကာပူအခြေစိုက် Canadian Foresight Group ကုမ္ပဏီက ဒီနှစ်ကုန်မှာ စတင် တူးဖော်တော့မှာ ဖြစ်ပါတယ်။ မကြာသေးမီကလည်း စစ်ကောင်စီက ကမ်းလွန် ရေနံ နဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက်အသစ် တူးဖော်ထုတ်ယူရေးအတွက် မြန်မာအခြေစိုက် ထိုင်းနိုင်ငံသားပိုင်ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုလိုက်ပါတယ်။ စစ်ကောင်စီက ဝင်ငွေရလမ်းအတွက် အဓိက ဒေါက်တိုင်တွေဖြစ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အရင်းအမြစ်တွေကို ပိုပြီး အာရုံစိုက်ရှာဖွေလာနေတာပါ။ ကိုဝေဖြိုးက ပြောပြမှာပါ။