ထိုင်းရောက် CI စာအုပ်နဲ့ နေထိုင်သူ မြန်မာတချို့ကို စာအုပ်သက်တမ်း တိုးမပေး

ထိုင်းရောက် CI စာအုပ်နဲ့ နေထိုင်သူ မြန်မာတချို့ကို စာအုပ်သက်တမ်း တိုးမပေး

ထိုင်းနိုင်ငံမှာရောက်ရှိပြီး CI စာအုပ်လို့ခေါ်တဲ့ စာအုပ်အစိမ်းနဲ့နေထိုင်သူ မြန်မာနိုင်ငံသားတချို့ ကို Black List စာရင်းအသွင်းခံထားရပြီး စာအုပ်သက်တမ်း တိုးမပေးတော့တာတွေရှိနေတယ်လို့ ထိုင်းရောက် မြန်မာနိုင်ငံသားတချို့က ပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးနဲ့ ထိုင်းနိုင်ငံကို ရောက်ရှိနေပြီး CI စာအုပ်နဲ့ နေထိုင်သူ သိန်းချီရှိတယ်လို့ အလုပ်သမားအရေး ကူညီသူတွေက ပြောပါတယ်။ ဘယ်လိုသူမျိုးတွေက CI စာအုပ်ကို ကိုင်ဆောင်တာပါလဲ။ စာအုပ်သက်တမ်းတိုးခွင့် မရတော့ရင် ဘာတွေဆက်ဖြစ်နိုင်ပါသလဲ။ မသူဇာလင်းက ပြောပြမှာပါ။