ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာနိုင်ငံအတွင်း သွေးလွန်တုပ်ကွေး အဖြစ်များ
မြန်မာနိုင်ငံအတွင်း သွေးလွန်တုပ်ကွေး အဖြစ်များ
ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၅၀၀၀ ကျော်လာသလို သေဆုံးသူ အရေအတွက်ကလည်း ၃၀ နီးပါးအထိ တိုးလာနေပါတယ်။ သွေးလွန်တုပ်ကွေး ကူးစက်မှုအများဆုံးက ရန်ကုန်တိုင်းမှာဖြစ်ပြီး ကလေးငယ်တွေမှာ ရောဂါဖြစ်ပွားတာ ပိုများနေတယ်လို့ ကျန်းမာရေး အသိုင်းအဝိုင်းက ပြောပါတယ်။ ဒီသတင်းကို ကိုသန့်ဇင်က ပြောပြမှာပါ။