ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖယောင်းတောင် ရွှေတွင်းကို စစ်တပ် ပြန်ထိန်းချုပ်ထားတယ်လို့ ဆို
ဖယောင်းတောင် ရွှေတွင်းကို စစ်တပ် ပြန်ထိန်းချုပ်ထားတယ်လို့ ဆို
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ထဲက ဖယောင်းတောင် ရွှေတွင်းကို စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ ဒေသခံနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဘီဘီစီကို အတည်ပြုပါတယ်။ အဲဒီ ရွှေတွင်းပြန်ရဖို့ စစ်တပ်က သာလွန်အင်အား အသုံးပြုခဲ့တယ်လို့လည်းဆိုပါတယ်။ ဖယောင်းတောင် အနားက မန္တလေး PDF သိမ်းထားတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ဖြစ်တဲ့ အယ်လ်ဖာ ဘိလပ်မြေစက်ရုံနား အထိ စစ်တပ်က ပြန်လည်ချဥ်းကပ်လာနေတယ်လို့ သိရပါတယ်။ ကိုဘိုဘိုက ဆက်ပြီး ပြောပြပေးမှာပါ။