ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရန်ကုန်လေဆိပ်မှာ လူငယ်တွေ ပြည်ပထွက်ခွင့် ကန့်သတ်လာ
ရန်ကုန်လေဆိပ်မှာ လူငယ်တွေ ပြည်ပထွက်ခွင့် ကန့်သတ်လာ
မြန်မာနိုင်ငံအတွင်းက အကြောင်း အမျိုးမျိုးနဲ့ ပြည်ပကို ထွက်ခွာဖို့ ကြိုးစားတဲ့ မြန်မာလူငယ်တွေကို ရန်ကုန် အပြည် ပြည်ဆိုင်ရာ လေဆိပ်ရဲ့ ဌာနဆိုင်ရာ အစုံပါဝင်တဲ့ အထူး စောင့်ကြည့်ရေး အဖွဲ့တစ်ခုကနေ ပြင်ပ ထွက်ခွာခွင့် ကန့်သတ်မှုတွေ စတင် လုပ်ဆောင်လာပါတယ်။ အခုလို ကန့်သတ်တာတွေ လုပ်လာတဲ့ တစ်ချိန်တည်းမှာ ပြည်တွင်းမှာ ရှိနေတဲ့ လူငယ်တွေကိုလည်း စစ်မှုထမ်းဖို့ နည်းလမ်းမျိုးစုံသုံးပြီး ခေါ်ဆောင်တာတွေ ရှိလာနေပါတယ်။ ဒီအကြောင်း အသေးစိတ်ကို ကိုမောင်က ပြောပြပါမယ်။